Tuesday, May 12, 2009

မွေးနေ့


ညီမလေး မီဇူး မွေးနေ့မှာပျော်ရွှင်ပါစေ။ ချစ်သော မိသားစု မိတ်ဆွေသူငယ်ချင်းများနှင့် မွေးနေ့ပေါင်းမြောက်များစွာကို ကျင်းပနိုင်ပါစေ။

မွေးနေ့တစ်ခုကျင်းပတယ်ဆိုတာ လူ့လောက ထဲကို ရောက်လာတဲ့ နှစ်ပတ်လည် နေ့ပေါ့ ။ ဒီလို လူ့ဘ၀ထဲကို ခေါ်ခဲ့ပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘတွေရဲ့ ကျေးဇူးကို အထူးသတိရသင့်တဲ့နေ့ပါ။ မိဘ ကျေးဇူးနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်စိတ်ကူးတွေ ကို ဒီနေ့မှာ တိုးပွားမွေးမြူပါ။

နှစ်ဟောင်းမှာအောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ စိတ်ကူးတွေ ကို ယခုနှစ်ထဲမှာ အောင်မြင်အောင်လုပ်မယ်လို့ စိတ်ကူးပါ။

မိမိကိုယ်ကိုယ် တစ်နှစ်ပိုရင့်ကျက်လာတယ် ဆိုတဲ့ စိတ်ထားမျိုး မွေးမြူပါ။ ပတ်ဝန်းကျင်ကို တနှစ်ပိုကြီးလာတဲ့ စိတ်ဓာတ်နဲ့ ဆက်ဆံပါ။

ထိုကဲ့သို့ မပြု နိုင်လျှင် မွေးနေ့ဆိုသည်မှာ သေဖို့ တစ်နှစ်နီး လာသည်မှ လွဲ၍ ဘာမှ အကျိုးမရှိနိုင်။

ဒီမွေးနေ့မှသည် နောက်မွေးနေ့အထိ ပျော်ရွှင်ပါစေ

နေစိုးနိုင်

ယခု အောက်က ဆုတောင်းလေးတွေ ကတော့ မီဇူး ရဲ့သူငယ်ချင်းတွေ အီးမေးလ် နဲ့ ဆုတောင်းပေးလာတာတွေပါ။


To .... Lay Ohh
"တွေ့ရင်အော်
မြင်ရင်ခေါ်
ဆောင်ရင်ဖိတ်ပေါ့နော်
အခုတော့ HAPPY BIRTHDAY ပါနော် "

" Wish you to get all the bests and to be healthy, wealthy and happy forever."

From
Pay Thee (ttk1477@gmail.com)

အသက်သာ ၂၂ ပြည့် ပြီ သို့သော်
ရာမ မရင့်ကျက်သေးပါ။
အရပ်သာ ပု၏ သို့သော်
လိုချင်တာကို လှမ်းမမှီသေးပါ။
သီချင်းသာ ဆိုတတ်၏ သို့သော်
ရာမ နုတ်မချိုပါ။
ထိုသို့ ဘာမှ မဟုတ်ဘဲ
ဘာမှ မတတ်သော သူမှာ
ရာမ ဖြစ်သည်။
နင်ရင့်ကျက်ပြီး အရာရာ ကို တည်ငြိမ်စွာ ကျော်ဖြတ်နိုင်ပါစေ
ချစ်သူငယ်ချင်း

ဟဲ ဟဲ
HAPPY BIRTHDAY from greenfreshfruit@gmail.com

Dear Sis,
" Happy Birthday To You "
Birthday Wish For Sister " San Aye Nyein "

It’s your birthday time again;
It’s true; there’s no denying,
Another year has come and gone;
You know that I’m not lying.

So for you, the birthday person,
Here’s what I want to say:
I hope this birthday’s the best one yet,
In every delightful way.

So happy birthday to you.
Have lots of birthday fun!
May your birthday wishes all come true,
Even if you have a ton.
I will be always your dear sister .... @_@
Sincerely,
Hla Nwe Soe (Ms.)
Documentation Dept

3 comments:

Anonymous said...

“ မီဇူးမွေးနေ့  အမှတ်တရ “

မွေးနေ့ ဆိုတာ
ဝေဒနာ ကြီးစွာခံစား
ကိုယ်လူသား ဖြစ်လာဖို့ 
မွေဖွားပေးခဲ့တဲ့
မိခင်တစ်ယောက်ရဲ့  နေ့ လား...
ဒါမှမဟုတ်
ကိုယ်လုပ်ချင်ရာလုပ်ဖို့ 
တစ်ခုပ်တစ်ရ
နှစ်တိုင်းကျနေတဲ့
အမွေးခံရသူရဲ့ နေ့ လား......
မီဇူး စဉ်းစား နော်......

လွင်မင်းခန့် 

Anonymous said...

မွေးနေ့မှာ
တစ်နှစ်တာ ခြေရာလေးတွေကို ပြန်ကြည့်ပါ
မှားတာတွေ့ရင် ဘယ်လိုအမှန်ပြင်မလဲစဉ်းစားဖို့
မှန်တာလေးတွေကို ဆက်ထိမ်းသိမ်းဖို့ဆိုတဲ့အသိရဖို့
အရမ်းကောင်းတဲ့နေ့လေးပေါ့
မွေးနေ့မှာ
အနန္တောအနန္တငါးပါးကို
မွန်မွန်မြတ်မြတ် ရိုသေတတ်ပါစေ ။

စေတနာ

လင်းဦး(စိတ်ပညာ) said...

မွေးနေ့မှသည် အများအကျိုးအတွက်သယ်ပိုးရင်း အောင်မြင်မှုတွေ ရရှိနိုင်ပါစေခင်ဗျာ...


လင်းဦး(စိတ်ပညာ)