Monday, May 4, 2009

ဆင်သွားရင်လမ်းဖြစ်


မြင်လား......
ဆင်သွားရင် လမ်းဖြစ်တယ်....

သင်.....
ဆင်တစ်ကောင်လို အင်အားနဲ့ 
အများအတွက် ဆန်းစစ်
လမ်းသစ်မယ့် သူတစ်ယောက်လား...

ဒါမှမဟုတ်.....
မှန်မှန် မှားမှား...
ရှိပြီးသားလမ်းတွေ တစ်စိုက်စိုက်...
အသာအယာ လိုက်မယ့် သူတစ်ယောက်လား.....
စိတ်မဝင်စားဘူး....

အများတွက် ဆန်းစစ်
လမ်းကောင်းတွေ မသစ်ချင်နေ....
လမ်းဟောင်းတွေ မက်မဆုံးလို့ ....
တစ်သက်လုံးပဲ လိုက်ချင်လိုက်ပေါ့....

ဒါပေမယ့်
အားရှိခဲ့ရင် သတိထား....
လမ်းမှားတွေ ဖေါက်ထွင်ရစ်မယ့်...
ဆင်မိုက်တွေလည်း ဖြစ်တတ်တယ်......


လွင်မင်းခန့် (05/05/09)

5 comments:

Anonymous said...

မှန်လိုက်လေ အကိုရယ်လို့ပဲ
ပြောပါရစေတော့ အကိုရေ

စေတနာ

♥ Acacia ♥ said...

ကဗျာက မိုက်တယ်

နေစိုးနိုင် said...

ကိုလွင်မင်းခန့် ကဗျာတစ်ပုဒ် ကိုဖတ်ပြီးရင် ကျွန်တော့် ဆီမှာ ထင်မထားတဲ့
တွေးမထားဖူးတဲ့ အတွေးတွေ ရောက်ရောက်လာတတ်တယ်

ကျေးဇူးပါဗျာ

အများလည်းကျွန်တော်လို ခံစားမိကြမှာပါ

khinmarlaraung said...

ကောင်းလိုက်တဲ့အတွေးနဲ့ ရေးချက်။
ကြိုက်တယ်ဗျာ။။။။။:)
မြင်တယ်....ဆင်သွားရင်လမ်းဖြစ်တယ်။
ဆင်တကောင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။
ကျွန်ုပ်........ဆင်တကောင်လိုအင်အားမျိုးနဲ့ 
အများအတွက်ဆန်းစစ် လမ်းသစ်မယ့်သူ
တယောက်ဖြစ်နိုင်ဖို့ .....ကြိုးစားနေပါတယ်။။။။
ကြိုးစားနေဆဲ။။။။:)

Anonymous said...

hello!This was a really fabulous Topics!
I come from roma, I was fortunate to discover your subject in bing
Also I learn much in your blog really thank your very much i will come again