မျက်လုံးတွေလေ….
မှိတ်ထားမိနေတာ ကြာတော့…
အလင်းရောင်တောင် ကောင်းကောင်းမကြည့် ရဲ
ဒါပေမယ့် …
ဟန်ဆောင်ကောင်းတဲ့ သမာဓိတွေတော့ ရလာခဲ့…..
နှလုံးသားတွေပေါ့…
ရှိသမျှ တံခါးတွေအကုန်ပိတ်ပစ်ပြီး..
ကိုယ့်ကိုကိုယ်ပဲ ကြိတ်ချစ်လာခဲ့ကြတာ…..
ဦးနှောက်တွေများ…
ကျက်စားချင်တိုင်း ကျက်စားခွင့်မရတော့….
ကိုယ့်ကိုကိုယ် လှည့် စားတဲ့အတတ်တွေပဲ တတ်တော့တယ်……
ဒီလိုနဲ့ ......ဟိုတုန်းက…
သေမလောက် မုန်းခဲ့ကြတဲ့…..
ကျွန်စိတ်နဲ့  အကြောက်တရားတွေတောင်….
ခုများ……….
ယောနိသောမနသိကာရ ယောင် ဆောင်လို့ …………..
1 comment:
အမှန်တွေ အရမ်းရေးလှပါလားဆရာ......:)
Post a Comment