ညောင်သီးကိုလည်းစား...
ပြောစကားတိုင်းလည်း နားမယောင်နဲ့ 
အားလည်း မလွဲစေနဲ့ 
ကျားလည်းမဆွဲစေနဲ့ 
ငါတို့ မှာ....မျိုးဆက်နဲ. ချီပြီး........
ပြုပြင်ရမယ့် စိတ်ဓါတ်တွေ ရှိတယ်....
အတုသင်ရမယ့် အမူအကျင့်တွေ ရှိတယ်......
ထမ်းရွက်ရမယ့် တာဝန်တွေ ရှိတယ်....
လှမ်းတက်ရမယ့် လှေခါးထစ်တွေ ရှိတယ်...
မွေးယူရမယ့် သတ္တိတွေ ရှိတယ်......
ဖေးကူရမယ့် လူတန်းစားတွေ ရှိတယ်...
သင်ကြားရမယ့် ပညာတွေ ရှိတယ်....
မြင်ထားရမယ့် အစဉ်အလာတွေ ရှိတယ်....
တေးထားရမယ့် အကြွေးတွေ ရှိတယ်...
သွေးထားရမယ့် အတွေးတွေ ရှိှိတယ်.....
ဘယ်နေရာမှာ ဖြစ်ဖြစ်
ကိုယ်ထားရစ်မယ့် ခြေရာတွေအတွက်
ကိုယ့်ပုခုံးထက်မှာ တာဝန်ရှိပါတယ်......
လွင်မင်းခန့် (15/03/09)
2 comments:
တာဝန်ကဗျာလေး ဖတ်သွားပါတယ်..
ဒို့ တာဝန်..ဒို့ ဝတ္တရား....ဒို့ ရင်ထဲမှာ အစဉ်ထား..
ဒို့ ပုခုံးထက်မှာ လွယ်လို့ ထား။။။။:).Ready...
Post a Comment