ကျူးကျော်စော်ကား
လေရမ်းကားတွေကိုလည်း မုန်းတယ်…..
မတိုက်ခင် ကြွေချင်နေကြတဲ့ 
အညှာလွယ် သစ်ရွက်မတွေကိုလည်း မုန်းတယ်….
နေသာသလိုဖြေသိမ့် လို့ 
နေစိမ့် သူများကိုလည်း မုန်းတယ်……
အပင်ကြီးကို ချစ်စိတ်နဲ့ 
အံကြိတ်ပြီး တစ်ရွက်တစ်လေများ
ပြန်ဆက်ငြား ကြိုးစားတဲ့  ငါ့ ကိုတော့ 
သူတို့ က မုန်းကြလိမ့် မယ်……
3 comments:
ကောင်းတယ်ဗျာ
အတွေးကောင်းတယ်။အားပေးနေပါတယ်။
Woooo......အစ်ကိုရေ ......
ကောင်းလိုက်တဲ့ ရေးချက် ။ ညီမလဲ ဒီနေရာကနေ ကပ်ပြီး ဝင်အော်သွားမယ်နော် ။ ကျွန်မလဲ မုန်းပါ၏ လို့ ။
ဒါပေမဲ့ အပင်ကြီးကို ချစ်စိတ်နဲ့ အံကြိတ်ပြီး တစ်ရွက်တစ်လေများ ပြန်ဆက်ငြား ကြိုးစားတဲ့
သူကိုတော့ လေးစားပါ၏ လို့  ။ :) ..
Post a Comment