Tuesday, March 10, 2009

မြန်မာမသိတဲ့ အာရပ်တွေ

အခု တင်ထားတဲ့ စာတွေကတော့ ဒူဘိုင်းမှာ ကျွန်တော့် ဘလော့ကို အပိတ်ခံရတုန်းက ရေးထားခဲ့တဲ့စာတွေပါ။ ခုတော့ အခြေအနေတွေ့ အေးဆေးဖြစ်သွားပြီမို့ ကျွန်တော့် ဘ၀ရဲ့ ကွေ့တစ်ကွေ့ အတွေ့အကြုံ အဖြစ် မှတ်တမ်းတင်ထားလိုက်ပါတယ် ။

ဒီ Why I am Thinking to leave My job ဆိုတဲ့ ပို့စ် ကို သူတို့ ကြောက်တာပါ။ ကုမ္ပဏီမှာ တော့ နာမည်ကြီးသွားသေးတယ်။ ကျွန်တော့်ကို လည်း အလုပ်သမား အချင်းချင်း လာမေးကြတယ်။ မင်း Blog လိပ်စာ ပြောပြစမ်းပါတဲ့ ။ ဖတ်ချင်လို့တဲ့။ ဖတ်ပြီးတဲ့လူက လည်း ကောင်းတယ် လို့ ချီးကျူးကြပါတယ်။ သိပ်မကြာပါဘူး Access Denied ဖြစ်တော့တာပဲ။

ကုမ္ပဏီကနေ ISP ကို request လုပ်ပြီး ပိတ်ခိုင်းတာလေ။ ဒါနဲ့ကျွန်တော်လည်း Draft ထဲမှာ သိမ်းထားပြီး ISP ကို မေးတာပေါ့ ဘာလို့ ပိတ်တာလဲ ။ အကြောင်းပြချက်ပေးပါ ။ ဘာညာ ပေါ့ ။ မကြာပါဘူး ပြန်ဖွင့်ပေးတယ်။ နောက်ပိုင်းတော့ ကျွန်တော် လည်း နုတ်ထွက်စာကို ရုတ်သိမ်းလိုက်တယ်။ ဒါကြောင့်မတင်တော့တာ ။ ဒါပေမယ့် အမှတ်တရ တစ်ခုအနေနဲ့ တင်ထားတဲ့သဘောပါ။

ဒီနေ့ ၁၀ ၊ ၀၃ ၊ ၂၀၀၉ မှာ နိုင်ငံတစ်နိုင်ငံရဲ့ ဗီဇာ လျှောက်ဖို့ အတွက် ဒူဘိုင်း CID ( Criminal Investigation Department ) ကို သွားပြီး ရာဇ၀တ်မှူ ကင်းရှင်းကြောင်းထောက်ခံစာ သွားလုပ်တယ်။ ပထမဆုံး အကြိမ်ရောက်ဖူးခြင်း ပါ။ ဒီမှာ အာရပ်တွေက မြန်မာ လို့ ပြောရင် မသိကြဘူး ။ ဘားမား လို့ပြောလဲ မသိဘူး ။ သူတို့ ခေါ်တာ က မနားမား တဲ့ မြန်မာ ကို ခေါ်တာပါ။ ကျွန်တော် ကြုံတာ ၂ ခါရှိပြီ ။ ပထမ တစ်ခါက ကျွန်တော်တို့ အင်တာနက်လျှောက်တုန်းက ။ ဒုတိယ အကြိမ်ကတော့ ရဲ ။

အင်တာနက်လျှောက်တုန်းက ဆို မြန်မာလို့ ပြောတယ် ။ မသိဘူး ။ ဘားမား လို့ပြောတယ် မသိဘူး ။ ဘားရမား (အိန္ဒိယ အခေါ်) လို့ပြောတယ် မသိဘူး ။ ဘယ်နားမှာလဲတဲ့ ။ အိန္ဒိယ နှင့် တရုတ်ပြည်ကြားထဲမှာ ဆိုတော့ ဘူတန်လားတဲ့ မဟုတ်ဘူးလို့ ထိုင်း ကို သိလားဆိုတော့ ထိုင်း ကို တော့သိတယ်ဗျာ ။ ခံပျင်းလိုက်ပုံများ ဒါနဲ့ ရွဲ့တော့တာပေါ့ ။ အေး လို့ မြန်မာဆိုတာ တရုတ်ပြည်ရဲ့ ပြည်နယ်တစ်ခု ပဲ လို့ ပြောလိုက်ရော ။ ဇာတ်သိမ်းပဲ။

ဒီနေ့တော့ ဖောင် ဖြည့်တော့ အင်္ဂလိပ်လို အပြင် အာရဗစ် လို လဲ ဖြည့်ရမယ်။ ဘာမှမှ မတတ်တာ အာရဗစ်လို အငှား ဖြည့်ရမှာ အဲဒီ အငှား ဖောင်ဖြည့်ပေးတဲ့ ဆိုင်က လည်း ဘယ်နားမှန်းမသိ ။ ရဲ တစ်ယောက် ကို မေးလိုက်တယ် ငါတို့ ဘယ်လို လုပ်ရမှာလဲ ဆိုတော့ အငှားဖြည့်တဲ့ ဆိုင် က လမ်း ကူး ပြီး သွား ရမှာတဲ့ မင်းတို့ အင်္ဂလိပ်လိုပဲ ဖြည့်ပါတဲ့ ။ အာရဗစ် လို သူဖြည့်ပေးမယ်တဲ့။ ဒါနဲ့နောက်ဆုံး အဆင်ပြေသွားတယ်။

ယူလိုက်တဲ့ လက်ဗွေတွေဗျာ ။ ဘယ်ညာ ကို စုံနေတာပဲ ။ လက်တစ်ချောင်း ချင်းဆီ (အဖျား)၊ လက် အထက် တစ်ဝက် ၊ လက်ဖ၀ါး ၊ လက်ဝါးဇောင်း ၊ နောက် ပြီး လက် တချောင်း ချင်း လှိမ့် ၊ မျက်စိ အားလုံး ကို စစ်တော့တာပဲ ။ ခုတော့ အဆင်ပြေသွားပြီ ။ ဒီနေရာမှာ လည်း ကွန်ပျူတာ ထဲမှာ မြန်မာ ရှာမရလို့ ကူရှာပေးခဲ့ရသေးတယ်ဗျာ။

အော် ဖြစ်ရပုံများ မနားမား တဲ့ဗျနော် မှတ်ထားလိုက်။

လေးစားစွာဖြင့်
နေစိုးနိုင်




Now They Blocked My Blog . (16.02.2009)
I don't know what is the reason.
Shame on you !!! who blocked my blog.

Nay Soe Naing

3 comments:

Anonymous said...

မှတ်သားလောက်ပါတယ်။ အာရပ်ပြည်ရယ်။

Anonymous said...

မနားမား တဲ့လား အစ်ကို ။ :)
ဘယ်လိုကနေ ဘယ်လိုများဖြစ်သွားပါလိမ့် ။ :)
မနားမား အပြင် ဒီPost လေးကနေ ဗဟုသုတ တွေ
အများကြီး ရလိုက်ပါတယ် ။

Anonymous said...

how are you!This was a really superb topic!
I come from itlay, I was luck to come cross your theme in bing
Also I learn much in your Topics really thank your very much i will come again