Monday, March 9, 2009

နတ်သမီး အပေါ် ဖြည့်စွက် ခံစားခြင်း

Justify Full


The Jones Gang ရဲ့ Angel ဆိုတဲ့ သီချင်းလေးပါ။ ကြိုက်လို့ လိုက်ရှာပြီးတင်ပေးလိုက်တာပါ။ စာသားလေးတွေကိုလည်းကြိုက်တယ်။ နားထောင်ပြီး ဖြည့်စွက် ခံစားမိတာလေးပါ။

နတ်သမီးလေး ကိုယုံထားခဲ့တာ အလွဲကြီးလွဲသွားတာပေါ့။ နတ်သမီးဆိုတော့ မလိမ်ဘူး ပဲထင်ထားကြတာပေါ့။

ကိုယ် ချစ်တဲ့သူကို နတ်သမီးလေးတွေနှင့် တင်စားပြီး ပြောဆို လေ့ရှိပါတယ်။ အလှနတ်သမီးလေး ဘာညာ ဆိုပြီး မြှောက်ပြောတတ်ကြတာပေါ့။

မောင့် ကို အရမ်း ချစ်တာပဲ ။ ကိုကို ကို အရမ်း ချစ်တာပဲ ဆိုတဲ့ စကားတွေ ကို ယုံစားဖူးခဲ့တဲ့ သူတွေ လမ်းခွဲချိန်ရောက်တော့မှာ ရှေ့ကပြောထားခဲ့တဲ့စကားမှ အားမနာ ရန်သူတွေဖြစ်လို့ဖြစ် ၊ လမ်းတွေ့လို့တောင် စကားမပြောနိုင်တဲ့လူတွေဖြစ်ကုန်ကြတော့တာပဲ ။

အရမ်းချစ်တာပဲ ဆိုတဲ့စကား က ပြောရတာလွယ်ပါတယ် ။ တကယ် ကိုယ့်ရဲ့ခံစားချက် ဟုတ်မဟုတ် သေချာတော့မှ ပြောသင့်တဲ့စကားပါ။ ဒီလို လက်လွတ်စပါယ် ပြောတတ်ကြလို့လဲ ဒီလို နတ်သမီး လိမ်တယ် ညာတယ် ဆိုတဲ့ သီချင်း တွေ စာတွေပေါ်လာတာပေါ့။



ကိုယ် ယုံကြည်ထားတဲ့ နတ်သမီးလေးတွေ လိမ် တဲ့ ဘေး

ကိုယ် ယုံကြည်ထားတဲ့ နတ်သား လေးတွေ လိမ်တဲ့ ဘေး

မှ ကင်းဝေးပြိး အချစ်စစ် အချစ်မှန်နဲ့ ဆုံစည်းနိုင်ကြပါစေ ။

နေစိုးနိုင်

2 comments:

Anonymous said...

့ဖြည့်စွှက်ခံစားသွားပါတယ်

Anonymous said...

မှန်လိုက်တာ အစ်ကိုရေ ။ ညီမရဲ့ အမြင်ကလည်း အချစ်ကိုကိုးကွယ်ဖို့ မဟုတ်ပေမဲ့ တန်ဖိုးထားရမယ်
လို့ လက်ခံတယ် ။ :)....