


ဒူဘိုင်းမြို့ရှိ ကမ္ဘာကျော် လေဆိပ်အတွင်း ရှိ Duty Free အရောင်းဆိုင် မှာ Sales girl / boy အဖြစ် မြန်မာ နိုင်ငံမှ လူငယ်များစွာ လာရောက်လုပ်ကိုင် ကြပါတယ်။ လူငယ် သဘာဝ ရင်ခုန်သံတူသူချင်း ချစ်သူရည်းစား ဘ၀ ကို ရောက်သွား ကြတဲ့ အတွဲတွေလည်း အများ ကြီးပါပဲ ။
ပြီးခဲ့တဲ့ လ က မြန်မာ စုံတွဲ တစ်တွဲ ကမ်းခြေမှာ မတော်တရော် လုပ်နေတာ တွေ့လို့ ရဲကဖမ်းသွားတယ်လို့ ကြားလိုက်တယ် ။
အနေထိုင်မတတ်တဲ့ ဟာတွေ ပါသွား ကောင်းတယ် ကွာ လို့ တောင်ပြောမိပါသေးတယ်။
မနေ့က သတင်းစာထဲမှာတွေ့ လိုက်တော့မှ ကောင်ကလေး က အရက်သောက်ထားတယ် ကောင်မလေး အသက် က ၂၀ ပဲ ရှိသေးတာ ဆိုတာကို သိလိုက်ရတာပါ။ သူတို့တွေ ဒီကမ်းခြေ ကို ဒီလိုလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ သွားတာတော့ မဟုတ်တန် ကောင်းပါဘူး ။ ကမ်းခြေဆိုတော့ သိတဲ့အတိုင်း အဖြူ အမည်း လူမျိုးပေါင်းစုံ ရဲ့ အရွယ်စုံ အသွေးအရောင်စုံ အလှတွေကြားထဲမှာ ပုရိသ တို့ စိတ်ကို ထကြွစေမှာ အမှန်ပါပဲ။ ( သူများတော့မသိဘူး ကျွန်တော်ကတော့ ဖြစ်မှာပဲ .. ဟဲ ..ဟဲ ) ငယ်ရွယ်သူကလည်း ဖြစ်ပြန် ၊ အရက်က လည်း သောက်ထားပြန် ထို့အပြင် မြင်နေရ တွေ့နေရသမျှ အရာတွေက သွားရည်ယိုစရာတွေ ဖြစ်နေတော့တာကိုး။
ဒီကြားထဲမှာ အခြေအနေကလည်း ပေးလာမယ်ဆိုရင်တော့ သတိတရား ဟာ ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒူဘိုင်းမြို့ မှာ ကလည်း မြန်မာပြည်မှာ လို တည်းခိုခန်း ခ သက်သာ တဲ့ တည်းခိုခန်း မရှိလေတော့ အသေးစား ဟိုတယ် လေးတွေ ကို အတွဲတွေသွား လေ့ရှိတယ်ဗျ။ ဈေးကတော့ မသေးဘူးဗျို့ မေးကြည့်တာ တစ်ရက်ကို ဗမာငွေ တစ်သိန်း ၀န်းကျင် လောက်ပေးရတယ်ဆိုပဲ ။ ဘယ်သူက အမြဲသွားနိုင်မှာလည်းဗျာ ။ ဒီတော့ ဒီလိုမျိုးတွေ ဖြစ်ကုန်ရော ။
လူလစ်မယ် ထင်ပြီး ကြံစည်ကာမှ ရဲနဲ့တိုးတော့တာကိုး ။ ရတဲ့လစာနဲ့ ဟိုတယ် ကို သွားဖို့ဆိုတာလည်း ဘယ်လွယ်ပါ့မလဲ ။ နှမြောမှာပေါ့ ။ ခက်တာက နှမြောရင် မကဲနဲ့ပေါ့ ။ ကဲရင်တော့ မနှမြောနဲ့ တော့ ကုန်မှာပဲ ပိုက်ဆံက ။ ကောင်မလေးတွေ က ချူစားလို့ ၊ ဘာလို့ မဟုတ်ဘူးနော် ။ ဟိုတယ် ကိစ္စ အသာထား ခရီးစရိတ် ကား ခ ကို က မနည်းဘူး ဗျ ။ ပြီးတော့ ဒူဘိုင်း မှာ က ကားက ရှားမှရှား ။ ပိုက်ဆံပေးပြီး စီးတာတောင် ငှားချင်တိုင်း ငှားလို့ မရဘူးဗျ။ လိုင်းကားဆိုတာ ကတော့ ပြောမနေနဲ့ လာချင်တဲ့အခါလာတာပဲ။ စီးပွားရှာဖို့လာပါတယ် ဆိုတဲ့ ညီ၊ အစ်ကိုတွေ အတွက် ကြားဖူးတဲ့ စကားလေးကို လက်ဆောင်ပေးလိုက်တယ်ဗျာ ဒူဘိုင်းကို လာပြီး ပိုက်ဆံစု နိုင်ချင်ရင် ဖားမရိုက်နဲ့ ရွှေမကျင်နဲ့တဲ့ ။ ဘယ်သူစပြောလဲတော့မသိဘူး ။ တော်တော်သဘောကျတယ် ။ ( ဖား ဆိုတာ ဖိလစ်ပိုင် တွေကို ခေါ်တာပေါ့ ရွှေ.. ဆိုတာကတော့..... )
ကျွန်တော်တို့ အပါအ၀င်လူငယ်တွေ က နိုင်ငံခြား ထွက်ပြီး စီးပွား ရှာ ကြတယ်။ အရှင်းဆုံးပြောရရင် အလုပ်သမား ထွက်လုပ်ကြတာပါပဲ ။ ပညာနဲ့လုပ်စား တဲ့ အလုပ်သမား ၊ ကာယ နဲ့လုပ်စားတဲ့ အလုပ်သမား ။ အားလုံးဟာ အလုပ်သမားတွေကြီးပါပဲ။
စဉ်းစားကြည့်လိုက်တာ မြန်မာပြည်မှာ အလုပ်သမား လူတန်းစား တစ်ရပ်ထပ်ပေါ်လာတယ်ထင်ပါတယ်။ လူငယ်အလုပ်သမား လူတန်းစားပါ။ အားလုံးက တက္ကသိုလ်တခုခု မှာ ပညာသင် နေကြရမယ့် အရွယ်တွေပါ။ ဒါပေမယ့်လည်း အခြေအနေ အကြောင်းကြောင်းကြောင့် အလုပ်သမား တွေဖြစ်နေကြတယ်။
ဒီမှာ ကြုံရတဲ့ ရယ်စရာ တစ်ခုရှိသေးတယ်ဗျ။ စားပွဲထိုးလာလုပ်တဲ့ လူက ပြောတယ် ။ မင်းတို့က အလုပ်သမား တဲ့ ငါက စားပွဲထိုးတဲ့ ( အင်္ဂလိပ် ဂုဏ်ယူ ပြီိးု ပြောတာပါ ) ။ အင်္ဂလိပ်လို တော့ နားဝင်မဆိုးပေမယ့် မြန်မာလို ဘာသာပြန်ကြည့်ကွာ လို့ ပြောလိုက်ချင်တယ် ။ မပြောဖြစ်ပါဘူး ။ တွေးမိတိုင်းတော့ ပြုံးနေမိတယ်။
ဒူဘိုင်း က အရက် မသောက်ရ မရောင်းရ တားမြစ်ထားတာပါ ။ ဒါပေမယ့်ဗျာ အရက်သောက်ချင်ရင် ဖုန်းဆက်လိုက် နေတဲ့ အခန်းကို လာပို့ပေးတယ်။ မိန်းမ ကိစ္စ လည်းတားမြစ်ထားတာပါပဲ ။ မြို့ထဲသွား ရင် ဖာခေါင်း ဆိုတဲ့ကောင်တွေများ ပေါလွန်းလို့ မြန်မာပြည်က ခွေးဝဲစားထက်တောင်ပေါ ဦးမယ်။
ရောက်ခါစ ကမသိဘူး ဗျ လာနုတ်ဆက်ရင် ပြန်နုတ်ဆက်တာ ( ကျွန်တော် ) နောက်မှ သိတော့ ပြန်မပြောတော့တာ။
သူတို့ပြောတာ အပျော်အပါးလိုက်စားချင်ရင် ရနိုင်တဲ့ နိုင်ငံပေါင်းကို စုံနေတာပဲ ဗျာ ။ ဒီပုံတိုင်းဆိုရင်တော့ မကြာခင်မှာပဲ ဒီကောင်တွေ ပါးစပ်ထဲ ကျွန်တော်တို့နိုင်ငံ နာမည် ရောက်လာတော့မယ်ထင်တယ် ။ ဂုဏ်ယူစရာကြီးဗျာ ။
ဗိုလ်ချုပ်ပြောတဲ့ ...ာ နိုင်ငံ တကယ်ကို ဖြစ်တော့မှာပါလား။
ဗိုလ်ချုပ်ရယ် ... ခင်ဗျား မိန့်ခွန်းပြောတာ မဟုတ်ဘဲ ကျုပ်တို့ကို ကျိန်စာ များတိုက်ခဲ့ လေရော့သလားဗျာ။
အသက်အရွယ်ငယ်ငယ် နဲ့ လောကဓံ ကိုရင်ဆိုင်ရင်း ရှူံးနိမ့်သွားကြတဲ့ လူငယ်လေးတွေရဲ့ ဘ၀ ကို ဘယ်သူ အရေးလုပ်မှာလဲ။
နောက်ဆုံးတော့ ဗိုလ်ချုပ်ကိုပဲ ပြောလိုက်ချင်တယ် ။
ပညာရှိတဲ့လူ က ပညာနဲ့ ကျွန်ခံ နေကြရတယ်
ခွန်အားရှိတဲ့ လူက ခွန်အားနဲ့ ကျွန်ခံ နေကြရတယ်
ပညာရော ခွန်အားပါ မရှိတဲ့ မိန်းခလေး အချို့မှာတော့ ....ာ ခံနေကြရတယ်
ဗိုလ်ချုပ်ပြောတဲ့ ...ာ နိုင်ငံ ဆိုတာ ကျိန်စာကြီး များလားဗျာ။
သူ့များလူမျိုးလည်း မယုံရ ကိုယ့်လူမျိုးချင်းလည်း မယုံရတဲ့ ဘ၀တွေပါတကား
(Dubai ကိုမရောက်ဖူးသူတွေ အတွက် သတင်းစာက ပါတဲ့ Jumeirah Beach ဓာတ်ပုံကို Google ကရှာထည့်ပေးလိုက်ပါတယ် ... ပုံထဲက လူတွေက သူတို့ဟုတ်ဘူးနော် တော်ကြာ သူတို့ထင်လို့ ပြူးပြဲ ကြည့်နေမှာစိုးလို့ )
ကျွန်တော်က ဒီလိုပဲ စာရေးရင် ဟိုရောက်ဒီရောက်ရေးတတ်တယ် ။ ဒါကြောင့်လည်း ဗရုတ်သုက္ခ အတွေးထဲမှာပဲ ထည့်လိုက်တယ်ဗျာ
နေစိုးနိုင်
6 comments:
စာတွေအကုန်ဖတ်သွားတယ် နိုင်ငံခြားမျာ အလုပ်လုပ်ရတဲ့ မြန်မာတွေရဲ့ ဒုက္ခကိုလည်း ကိုယ်ချင်းစာပါတယ်...
CBox မှာရေးမရလို့ဒီမှာ ပဲရေးသွားတယ်နော် .. လာလည်တာကျေးဇူးပါ အားတိုင်းအိမ်လည်လာပါ
အဘိုးအရွယ် ဗိုလ်ချုပ်ကို " ခင်ဗျား"လို့ မရေးသင့်ပါ။ပြင်ေ၇းလိုက်ပါ...ko nay soe naing.
အဘိုးအရွယ် ဗိုလ်ချုပ်ကို " ခင်ဗျား"လို့ မရေးသင့်ပါ။ပြင်ေ၇းလိုက်ပါ...ko nay soe naing.
ရေးချက်က ပြင်းတယ် အစ်ကိုရေ ။ :) ...နောက်ပြီး
ကျွန်တော်သာဆိုလဲ.................ဘာဖြစ်တယ်ဆိုလား ။
ပြောသွားလိုက်တာများ ရိုက်စစ်နေသလားမှတ်တယ် ။
အဟဲ ။ .....
အရှေ့ အာရှရဲ့  အရမ်းနာမည်ကြီးတဲ့၊ ဗမာတွေတအားသွားချင်ကြတဲ့ တိုင်းပြည်ကို ရောက်နေတဲ့ ရွှေဗမာတွေအတွက်တော့ ဒီအောက်က စာကြောင်းတွေမှာ နောက်ထပ်တစ်ကြောင်းထပ်ဖြည့်ချင်ပါတယ်။
ပညာရှိတဲ့လူ က ပညာနဲ့ ကျွန်ခံ နေကြရတယ်
ခွန်အားရှိတဲ့ လူက ခွန်အားနဲ့ ကျွန်ခံ နေကြရတယ်
ပညာရော ခွန်အားပါ မရှိတဲ့ မိန်းခလေး အချို့မှာတော့ ....ာ ခံနေကြရတယ်
”ပညာရှိပေမဲ့လို့ အခြေအနေအရ ရူးချင်ယောင်ဆောင်ပြီး ခွန်အားနဲ့ ပဲ ကျွန်ခံနေကြရတယ်”
Post a Comment