Tuesday, February 24, 2009

သံဝေဂ

ဒူဘိုင်းမှာ သေဆုံးသွားခဲတဲ့ အမျိုးသမီးလေးနဲ့ ပတ်သတ်ပြီးတော့ စိတ်ဝင်စားတဲ့ လူတွေ များလာတယ်လို့ ခံစားလာတဲ့ အတွက် ဒီအမျိုးသမီးလေးနဲ့ ပတ်သက်ပြီး ကျန်ခဲ့တဲ့ သူငယ်ချင်း တွေ ဘယ်လို ခံစား ပြီး ဘာတွေ လုပ်နေ ကြတယ် ဆိုတာကိုပါ ဆက်ရေး ပေးသင့်တယ်လို့ထင်ပါတယ်။

ကျွန်တော် ရှေးဦးစွာ ပန်ကြားလိုတာ ကတော့ ကျွန်တော် ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက် ပါ ။ ကိုးကွယ်ရာဘာသာ အပေါ်မှာ တော်တော် နက်နက် ရှိုင်းရှိုင်း ယုံကြည်တဲ့ သူ လို့ ယုံကြည်နေပါတယ်။ ကျွန်တော် ရေးသော စာများ မှာ ဘာသာ မတူသူ အချင်း ချင်း သွေးကွဲစေလိုသော ဆန္ဒ ကျွန်တော့်မှာ လုံးဝ မရှိပါ။

ဗုဒ္ဓဘာသာဝင် တစ်ယောက် ဟာ ဘယ်လို သေ မလဲဆိုတာ ကို အရမ်း အလေးထားတယ် လို့ထင်ပါတယ် ။ နေတတ်ဖို့ထက် သေတတ်ဖို့ အရေးကြီး တယ် ဆိုတဲ့ စကား ကို ကျွန်တော် မကြာခဏ ကြား ရတတ်ပါတယ်။ မိသားစု ၊ ဆွေမျိုး ၊ သူငယ် ချင်း တစ်ယောက် ယောက် သေဆုံး သွားတယ်ဆိုလျှင် သေသူကို ရည်စူး ၍ အလှူ အတန်း ပြု ခြင်း ၊ သေသူအား အမျှပေးဝေခြင်း ဆိုသော ကောင်းမှူ မျိုး ကို မိသားစုတိုင်း ပြုလုပ်လေ့ရှိပါသည်။

သေသူအား သရဏဂုံ ပေးခြင်း ကို ပြုလုပ်လေ့ရှိပါသည်။ ( သို့သော် ထေရ၀ါဒ ဗုဒ္ဓ ဘာသာ တွင် သေသောသူသည် သရဏဂုံ ပျက် နေပြီး ဖြစ်ပါသည် ) ။ သေသူအား အမျှဝေ၍ သာဓု ခေါ်ဆိုနိုင် သော ဘုံဘ၀ မှာ ရောက် ရှိနေပါက သာဓုခေါ်၍ ကျွတ်တန်း ၀င်နိုင် တယ် လို့ ဗုဒ္ဓ ဘာသာဝင် တို့က ယုံကြည်ကြပါတယ်။

ဒီလို သေသူကို သရဏဂုံ ပေးလို့ ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ ၊ အမျှဝေလိုက်လို့ ကျွတ်တန်းဝင် နိုင်သည်ဖြစ်စေ ။ သာဓု မခေါ်နိုင်၍ ကျွတ်တန်း မ၀င်နိုင်သည် ဖြစ်စေ ။ ကျန်ရစ် သော မိသား စု အသိုင်း အ၀န်းမှာ လုပ်ပေးနိုင် သော စိတ်ဖြေစရာ အကြောင်း တခု ဖြစ် သည်ဟု ဆိုလျှင် မှား မည်မထင်ပါ။ အကျိုးတရား အားဖြင့် ကျန်ရစ်သော ၊ ပူဆွေးသောက ဖြစ်နေသော အသိုင်း အ၀န်း အတွက် စိတ်ဖြေနိုင် ပါတယ်။

ယခု ကံဆိုးစွာ သေးဆုံးသွားခဲ့သော မြန်မာ အမျိုးသမီး ရဲ့ အသုဘ အတွက် ၊ သပိတ်သွတ် အမျှပေးဝေချင်ကြတယ် ( အမှန်တိုင်းပြောရရင် အတူနေ မိန်း ခလေးတွေ က အရမ်း ကြောက်နေကြတယ် ။ မဟုတ်ပါဘူး လို့ စွတ်ငြင်းလို့ မရတဲ့ အခြေအနေတွေလည်း ရှိနေတယ် ) ဒါကြောင့် အမျှဝေပေးဖို့ စီစဉ် ကြတယ် ။

သို့သော် သံဃာမရှိပါ ( ဘုန်းကြီး မရှိပါ ) ။ အားလုံး အတွက် အကောင်း ဆုံး ဖြစ် အောင် စီစဉ်နိုင်မယ်လို့တော့ ကျွန်တော် ယုံကြည်နေပါတယ်။ သေလို့တောင်မှ ဘုန်းကြီး နဲ့ တရားနာ အမျှဝေခွင့် မရတဲ့ ဗုဒ္ဓဘာသာဝင် ရဲ့ အဖြစ်ကတော့ ဆိုးရွားစွာ သေဆုံးရခြင်း ထက် ဆိုးရွား နေတယ်လို့ ခံစားရတယ်ဗျာ။ (သေသူ၏ ကျန်ရစ်သော မိသားစု ၏ ခံစားချက်ကို မျှဝေခံစားခြင်း )

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကိုယ်ချင်းစာနိုင်ပါတယ် ။ ကျွန်တော် စဉ်းစားမိတယ်။ သူသေသွားတာ
ဘုရားမရှိသော အရပ်လား
တရားမရှိသော အရပ်လား
သံဃာ မရှိသော အရပ်လား
ပေါ့

နောက်တော့ ပြန်သုံးသပ်မိတယ်
ဘုရားကို ဘုရားမှန်းသိသော သူ ရှိသောအရပ်ဟာ ဘုရားရှိသောအရပ်ဖြစ်တယ်
တရား ကို တရားမှန်း သိသော သူ ရှိသော အရပ်ဟာ တရားရှိသောအရပ်ဖြစ်တယ်
သံဃာကို သံဃာ မှန်း သိသော သူ ရှိသော အရပ်ဟာ သံဃာ ရှိသောအရပ်ဖြစ်တယ်

ထို့ကြောင့် သူသေဆုံးသွားသော မြေ ၊ ကျွန်တော် တို့နေထိုင်နေသော မြေ သည်
ဘုရား ၊တရား ၊သံဃာ မရှိသော အရပ်မဟုတ်ဘဲ
ဘုရား ၊တရား ၊ သံဃာ နှင့် ဗုဒ္ဓသာသနာထွန်းပခွင့် မရသော ဒေသသာဖြစ်သောကြောင့်

ဗုဒ္ဓဘာသာဝင် အပေါင်း၏ ကိုယ်စား ရှိသမျှအား ဖြင့် ယခု အသုဘ အား တတ်နိုင်သ၍ ဗုဒ္ဓဘာသာ ထုံးတမ်းမပျက်အောင် ကြိုးစား ဆောင်ရွက်သွားပါမည်။ ( ကျွန်တော် အပါအ၀င် စိတ်တူတဲ့ လူတစုပေါ့ )

ယခုစာများသည် ဗုဒ္ဓဘာသာဝင် တစ်ယောက် ၏ အမြင်များသာ ဖြစ်သောကြောင့် ဘာသာခြား သူငယ်ချင်း စာဖတ်သူများ ၏ အမြင်နှင့် ဆန့်ကျင်နေလျှင် နားလည်ပေးစေလိုပါသည်။

လေးစားစွာဖြင့်
နေစိုးနိုင်

5 comments:

Anonymous said...

လေးစား၊ချီးကျူး ပါတယ်၊ ဘယ်လိုဆက်လုပ်မယ်၊ ဆက်လုပ်တယ် ဆိုတာပါရေးပေးစေချင်ပါတယ်

mysterysnow said...

ကိုနေစိုးနိုင်ရေ

စာလေးတွေလာဖတ်ပါတယ်။
ဒုဘိုင်းရောက် မြန်မာ ဘလောဂါ အချင်းချင်းမို့ အားပေးပါတယ်။

Anonymous said...

ကောင်းပါတယ်.ကိုနေစိုးနိုင်

မြန်မာအမျိုးသမီးတွေ ပိုပီးသတိထားဖို့လိုအပ်လာပါပီ။
မြန်မာအချင်းချင်းလည်းပို၍ စည်းလုံးညီညွတ် ရိုင်းပင်း ကူညီနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။

ကျေးဇူးတင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ သေတဲ့သူကသေသွားပီပဲ။ အကောင်းဆုံးဖြစ်အောင်ပဲ လုပ်ပေးရမှာပေါ့


မြတ်နိုး

Unknown said...

very good your idea & your attitude.
I will be support to you.just going on my brother.That is we call our is myanmar.

နေစိုးနိုင် said...

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား
ကျွန်တော်တို့ ကြိုးစားကြမယ်
တတ်နိုင်သလောက်ပေါ့