Tuesday, February 3, 2009

စကားလေးတစ်ခွန်း


စကားလေး တခွန်းကြောင့် သင့် ကို ချစ်သူ ခင်သူ တစ်ယောက် တိုးပွားနိုင်ပါ၏ ..
စကားလေး တခွန်းကြောင့် သင့် ကို မုန်းသူ တစ်ယောက် တိုးပွားနိုင်ပါ၏
စကားလေး တခွန်းကြောင့် သင် ၏ ရန်သူတစ်ယောက် လည်း တိုးပွား နိုင်ပါ၏ ။

ထိုစကားလေး တခွန်းသည် ..
ချစ်သူကို ဖန်တီး၏ .....ဖျက်ဆီး၏
မုန်းသူကို ဖန်တီး၏ .... ဖျက်ဆီး၏
ရန်သူကို ဖန်တီး၏ .... ဖျက်ဆီး၏
မိတ်ဆွေကို ဖန်တီး၏ ... ဖျက်ဆီး၏

ကျွန်တော် တို့ ၏ နေ့စဉ်ဘ၀ တွင် စကားများကို မပြောမဖြစ် ပြောနေကြရပါသည် ။ ( စကားပြောတတ်သူများ ) ဘာသာစကားပေါင်းများစွာကို မဖြစ်မနေ ပြောနေကြပါသည်။

မိမိတို့ ပြောလိုက်သော စကားတခွန်းကြောင့် လူတစ်ယောက် ၏ ဘ၀ ကို ပြောင်းလဲ သွားစေနိုင်သည် ဟု ပြောလျှင် သင် ငြင်းမည် လော ။

အဖြစ်အပျက်ကလေး တစ်ခု ကို ပြန်ပြောပြ ချင်ပါသည်။

ရွှေဘိုမြို့ တွင် နာမည်ကျော် ဆရာဝန် ကြီး တစ်ယောက်ရှိပါသည် ။ တနေ့တွင် ၄င်း ဆရာဝန်ထံသို့ လာရောက် ဆေးကုသမှု ခံယူ လေ့ ရှိသော အမျိုးသမီး တစ်ဦး ဆေးခန်းလာပြပါသည်။ မကြာခဏ ဆိုသလို ၄င်းတို့ မိသားစု ( ခင်ပွန်း နှင့် သား က လေး ၂ ယောက် ) ၏ ကျန်းမာရေးအတွက် ဆေးခန်းကို လာလေ့ရှိပါသည်။ သို့သော် ယခု အခါ လာသည်မှာ ၄င်း၏ နောက်ရင် သွေး တစ်ယောက် အတွက် ကိုယ်ဝန် ဆောင်ထား သောကြောင့် လာရောက်ပြသခြင်း ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင် မိခင်၏ အခြေအနေ မှာ ခါတိုင်း ကိုယ်ဝန်ဆောင် စဉ်က ကဲ့သို့ မဟုတ်သောကြောင့် မကြာခဏ ဆရာဝန်လာ ပြရ ပါသည်။

ဆရာဝန်၏ ဆေးစစ်ချက် အရ ၄င်း အမျိုးသမီး ၏ သားအိမ်တွင် အကြိတ် တခု ရှိနေပြီး အန္တရာယ် ပေးနိုင်ကြောင်း ထို့ ကြောင့် ယခု ကိုယ်ဝန်အား မယူဖို့ ( ကလေးဖျက်ချ ဖို့ ) ပြောပါတယ် ။ ဒါမှသာ အမျိုးသမီးရဲ့ ကျန်းမာရေး အတွက် စိတ်ချရမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဒီအမျိုးသမီးဟာ သေချင်လည်းသေပါစေတော့ ရထားတဲ့ကိုယ် ၀န် ကိုတော့ ဖျက်မချတော့ဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ ကလေးကို ရအောင်မွေးခဲ့ပါတယ် ။

ကလေးရော မိခင်ပါ ဘာမှ မဖြစ်ဘဲ ကျန်းကျန်းမာမာ နဲ့ လူသားတစ်ယောက်ကို လူ့လောကထဲ အရောက် ခေါ်နိုင်ခဲ့ပါတယ် ။

ဒီကလေး သိတတ်တဲ့ အရွယ်ရောက်လာလို့ အဲဒီ အကြောင်းတွေကို ပြန်သိတဲ့ အခါမှာ ဒီကလေးဟာ ဒီဆရာဝန်ကြီးကို ရန်သူတစ်ယောက်လို့ ပဲ သဘောထားပါတယ် ။ လူ့လောက မှာ ရန်သူဆိုတာ မရှားပါဘူး ဒါပေမယ့် လူ့လောကကို မရောက်ခင် ကတည်းက မိမိအသက်ကို သတ်ဖို့ ရာကြိုးစားခဲ့တဲ့ ဆရာဝန်ကို ဒီကလေးက ဘယ်လိုစိတ်ထားနဲ့ ခွင့်လွတ်ပေးရမလဲ။

တကယ်လို့သာ ၄င်း အမျိုးသမီးဟာ ဆရာဝန်ကြီးရဲ့စကားကို နားထောင်ခဲ့မယ်ဆိုရင် ...

(ဆရာဝန် ကြီး ဘယ်လိုစိတ်ထားနဲ့ပဲ ပြောသည်ဖြစ်ပါစေ ကလေးငယ်က တော့ ဒီဆရာဝန် ကြီး သေသွားသည် အထိ ၄င်း အတွက် ကံဆိုးခြင်းတွေကို ယူဆောင်လာပေးသော သူတစ်ဦးအဖြစ်သာ သတ်မှတ်ထားခဲ့ပါသည် )

လက်ရှိ လူသားတစ်ယောက်ရဲ့ အသက်ကို သာ တန်ဖိုးထားတတ်တဲ့ ဆရာဝန် ကြီး မှားသလား
ဆရာဝန်စကားကို နားမထောင် ခဲ့မိတဲ့ မိခင်စိတ် အပြည့် အ၀ ရှိသော မိန်းမပျို ဟာမှားခဲ့ သလား
ဘာမှမသိရဘဲ သေဘေးမှသီသီကလေး လွတ်ခဲ့ရတဲ့ ကလေးငယ်ရဲ့ အာဃာတ ကပဲ မှား သလား

ဘယ်ဟာကမှားနေခဲ့ပါသလဲ .....

ပြန်စဉ်းစားကြည့်လိုက်ကြရအောင် ....

ပြဿနာ အားလုံးကို စလိုက်တာ စကားလေးတစ်ခွန်းတည်းနော်

ဒီကလေးကို မယူပါနဲ့
ဆိုတာလေးနဲ့ ဖြစ်သွားလိုက်ကြတာ တသီတတန်းကြီး

စကားလေးတစ်ခွန်းဟာ .....
ချစ်သူကို ဖန်တီး၏ .....ဖျက်ဆီး၏ မုန်းသူကို ဖန်တီး၏ .... ဖျက်ဆီး၏ ရန်သူကို ဖန်တီး၏ .... ဖျက်ဆီး၏ မိတ်ဆွေကို ဖန်တီး၏ ... ဖျက်ဆီး၏

သင်ရော ဘယ်လိုစကားမျိုးတွေပြောမလဲ ...
ဘယ်လိုစကားတွေအပြောခံခဲ့ ရဖူးပြီလဲ ...

အော် ... မေ့နေလို့ အဲဒီကောင်လေးကို မသိချင်ဘူးလား ဘယ်သူလဲလို့ ။
အဲဒီကောင်လေးရဲ့နာမည်က နေစိုးနိုင် လို့ခေါ်ပါတယ်ခင်ဗျာ။

ဆရာဝန်နာမည်ကို တော့ ခွင့်မလွတ်နိုင်ပေမယ့် ကွယ်လွန်သွားပြီဖြစ်သောကြောင့်တကြောင်း .. ကျန်ရစ်သူမိသားစု အားငဲ့ကွက်သော အားဖြင့် မဖော်ပြနိုင်ပါ ။

တကယ့်အဖြစ်မှန်ဖြစ်ပါသည်

နေစိုးနိုင်

3 comments:

Anonymous said...

စကားတခွန်းက တော်တော်အရေးကြီးပါ့လား

♥ Acacia ♥ said...

ကောင်းလိုက်တဲ့ စကားတစ်ခွန်းပဲ ဘယ်သူကမှားတယ် ဘယ်သူကမှန်တယ် မသိပါဘူး အနော် ငယ်တုန်းကလည်း ဒီလိုပုံပဲ ဖြစ်ခဲ့ဖူးတယ် လူငယ်လေးနေရာက ထပ်တူ ခံစားပေးလို့ရတယ်

Anonymous said...

ဆရာဝန်ကြီးရော မိန်းမပျိုလေးရော မမှားခဲ့သလို မှန်လဲမမှန်ခဲ့ဘူး။ သူတို့အဲလောက် သူတို့လုပ်ခဲ့ရုံသာ အဲကလေးလေးကတော့ မိန်းမပျိုလေးကို အမှန်ပေးမလား၊ ဆရာဝန်ကြီးကို အမှန်ပပေးမလားဆိုတာ .... အင်း...........ကလေးလေး အဲဒါကို ဆုံးဖြတ်ပေးရမယ့် တရားသူကြီးပဲ