ရေတိုက်စားခံ ကမ်းပါး. . .
လေတိုက်စားခံ သစ်ပင်အို. . .
အနာမကျက်ခင် ဆေးထည့်ပါ
ပုံနှိပ်ထုပ်ဝေခွင့် မရှိတဲ့
ဒီရက်စွဲတွေကို
မြည်းစမ်းဖူးပါရဲ့ . . .
အမှောင်သားပေမို့
ရှောင်ရှားမရနိုင်မှန်းလည်း သိပါရဲ့
ရာဇ၀င်ကလည်း
ခုတ်ရာထစ်ရာတွေနဲ့
ကြေမွနေလေရဲ့ . . .
ဆုတောင်းတိုင်း မပြည့်ခဲ့သူလို့ ဆိုချင်ဆို
ကံကြမ္မာကို ရိုးမယ်ဖွဲ့
တဘ၀စာအတွက်တော့
နေတတ်ခဲ့ပါပြီ . . . .
ဒီပန်းချီနဲ့ ဒီလက်ရာ
မအပ်စပ်ဘူး ဘယ်သူပြောမလဲ ....?
ခေါက်ရိုးကျိုးလူတွေနဲ့
အပေါင်းအသင်း မလုပ်ချင်ဘူး . .
ခဲရာခက်ဆစ် ဘာသာစကားတွေ
နားမထောင်ချင်ဘူး . .
အကြံကုန် ဂဠုန်ဆားချက်
ဥတုသုံးပါးကတော့
စောင်ခြုံ အိပ်နေလေရဲ့
အင်တာဗျူးတစ်ခုကပြောတယ်
"အောက်ပါအရည်အချင်းများနှင့်
ပြည့်စုံရမည် "တဲ့
အဲဒီနေရောင်အောက်မှာ
မတ်တပ်ရပ်နေသူ
နင်ဘယ်သူလဲ ... ?
သူငယ်ချင်း မျှော်တော်ယောင် ရဲ့ ခံစားချက်ကလေးပါ
လေတိုက်စားခံ သစ်ပင်အို. . .
အနာမကျက်ခင် ဆေးထည့်ပါ
ပုံနှိပ်ထုပ်ဝေခွင့် မရှိတဲ့
ဒီရက်စွဲတွေကို
မြည်းစမ်းဖူးပါရဲ့ . . .
အမှောင်သားပေမို့
ရှောင်ရှားမရနိုင်မှန်းလည်း သိပါရဲ့
ရာဇ၀င်ကလည်း
ခုတ်ရာထစ်ရာတွေနဲ့
ကြေမွနေလေရဲ့ . . .
ဆုတောင်းတိုင်း မပြည့်ခဲ့သူလို့ ဆိုချင်ဆို
ကံကြမ္မာကို ရိုးမယ်ဖွဲ့
တဘ၀စာအတွက်တော့
နေတတ်ခဲ့ပါပြီ . . . .
ဒီပန်းချီနဲ့ ဒီလက်ရာ
မအပ်စပ်ဘူး ဘယ်သူပြောမလဲ ....?
ခေါက်ရိုးကျိုးလူတွေနဲ့
အပေါင်းအသင်း မလုပ်ချင်ဘူး . .
ခဲရာခက်ဆစ် ဘာသာစကားတွေ
နားမထောင်ချင်ဘူး . .
အကြံကုန် ဂဠုန်ဆားချက်
ဥတုသုံးပါးကတော့
စောင်ခြုံ အိပ်နေလေရဲ့
အင်တာဗျူးတစ်ခုကပြောတယ်
"အောက်ပါအရည်အချင်းများနှင့်
ပြည့်စုံရမည် "တဲ့
အဲဒီနေရောင်အောက်မှာ
မတ်တပ်ရပ်နေသူ
နင်ဘယ်သူလဲ ... ?
သူငယ်ချင်း မျှော်တော်ယောင် ရဲ့ ခံစားချက်ကလေးပါ
2 comments:
ကောင်တယ်နော်
ဖတ်လို့
သိပ်တော့နားမလည်ဘူး
ခံစားလို့ရပါတယ်
ထပ်ရေးပါဦး
Post a Comment