Wednesday, October 1, 2008

IDCS Batch 7


ကျွန်တော် IDCS တက်တော့ ကျွန်တော့်အတန်းထဲမှာ ကျွန်တော့်ထက်ငယ်တဲ့ ကောင်လေးတွေကောင်မလေးတွေနဲ့တက်ရတယ်။ ကျွန်တော် ကအတန်းခေါင်းဆောင်ပါ...
ကျွန်တော်တို့ကတော့ ကျနော်တို့အတန်းကို LUCKY 7 လို့ပေးထားပါတယ်
ကျွန်တော် နဲနဲမိတ်ဆက်ပေးပါမယ်...
ဘယ်ဘက်အစွန်ဆုံးကနေစပြီးအစဉ်လိုက် ပြောပြပါမယ်..
၁။ ဝေလင်း
၂။ စန်းစန်း
၃။နေစိုးနိုင်
၎။ခင်သန္တာလွင်
၅။ဝင်းအောင်
၆။ခိုင်သဉ္ဖာ
၇။မောင်မောင်လေး
၈။အိသူဇာမြင့်
၉။ဟိန်းသီဟအောင် တို့ပါ သင်တန်းတက်ခါစမှာတော့လူတော်တော်များပါတယ် နောက်ပိုင်းရောက်တို့ ဒီလူတွေပဲကျန်ပါတော့တယ်...
ဒီကျန်ခဲ့တဲ့လူတွေကတော့ တော်တော်ကိုခင်ကြပါတယ် .. အစပိုင်းမှာတော့သာမန်ကျောင်းနေဖက်သူငယ်ချင်း လောက်ပါ.. နောက်တော့ ကျွန်တော်တို့တွေရဲ့စိတ်ဓာတ်က ကိုယ်မသိတဲ့ တနေရာမှာသွားတူနေကြတယ်ဗျ..
အဲ...သင်တန်းကာလအတွင်းမှာ ကျွန်တော်တို့ဆရာမတစ်ယောက်ရဲ့အမေဆုံးသွားတယ်ဗျ....
ကျနော်တို့လည်းသွားတာပေါ့ ဆရာမအိမ်ကို... စိတ်မကောင်းကြောင်းပြော....နောက်ပြန်လာကြ...
ဒီလိုနဲ့တစ်လကြာတော့ ဆရာမက ကျွန်တော်တို့အတန်းကို သူ့မိခင် တလပြည့်အလှူလုပ်မှာမို့ ဖိတ်ပါတယ်....
အလှူက မန္တလေး လမ်း၃၀ မှာရှိတဲ့မိဘမဲ့ကလေးကျောင်းမှာပါ...ကျွန်တော်တို့လည်းသွားကြတာပေါ့..ဒီမှာမိဘမဲ့
ကလေးတွေနဲ့ပထမဆုံးအနီးကပ်နေဖူးခြင်းပါ။ ကလေးတွေက သူငယ်တန်းကနေ ၈ တန်းအထိအရွယ်တွေပါ... သူတို့လေးတွေကိုကြည့်ပြီး သူတို့ဘ၀တွေကိုစာနာပေးလို့ရတယ်... သနားတယ်ဆိုတာထက် ကရုဏာဖြစ်မိတယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်...
ဆရာမရဲ့ မိခင်အတွက်လုပ်ပေးတဲ့ စိတ်ကူးလေးကိုလည်းသဘောကျပါတယ်..
ဒါနဲ့ကျွန်တော်အတန်းသားအားလုံးကိုတိုင်ပင်ပြီး တနေ့ကို အတန်းရန်ပုံငွေ တယောက် ၅၀ ကောက်ပါတယ် ငွေထိန်းကတော့ စန်းစန်း ပါ။
ဒီလိုတက်ညီလက်ညီနဲ့ငွေစုလာတာ ကျ နော်တို့လမ်း၃၀ မိဘမဲ့ကလေးကျောင်းမှာ မနက်စာ ညစာ ထမင်း
၃ခါကျွေးဖြစ်ခဲ့ပါတယ်
မနက်စာထမင်းစားပြီးချိန်မှာ ကလေးတွေကို ဗလာမပါကံစမ်းမဲဖောက်ပေးပါတယ် စာအုပ် ခဲတံ ..စတဲ့ စာရေးကရိယာတွေ၊ ကလေးကစားစရာလေးတွေ ... ပေါ့
ဒီပစ္စည်းလေးတွေရဲ့တန်ဖိုးထက် သူတို့ကိုပေးနိုင်လိုက်တဲ့နွေးထွေးမှူလေးက တော်တော်ကိုကြည်နူးဖို့ကောင်း ပါတယ်...
နောက်တော့ လမ်း ၃၀ ပေါ်ကမိဘမဲ့ကလေးကျောင်း မှာ ၂ ကြိမ် ... ဒီကျောင်းကတော့ မွေးစမှ ၄ နှစ်အထိက လေးလေးတွေပါ... မွေးစကလေးလေးတွေဆို ဖြူဖြူဖွေးဖွေးလေး တွေပါ ချစ်စရာကလေးတွေပါ... ကျွန်တော်တို့သွားတုန်းက အမွှာညီအမ လေးတောင်တွေ့ခဲ့ပါသေးတယ်...
နောက်တော့ လမ်း ၈၀ ပေါ်မှာခရစ်ယန်မိဘမဲ့ကလေးကျောင်း ကို တကြိမ် သွားပြီးထမင်းကျွေးခဲ့ ကြဖူးပါတယ်..

ကျွန်တော်တို့တွေလုပ်ခဲ့တဲ့အလုပ်တခုကို ဂုဏ်ဖော်ပြီးပြောနေတာမဟုတ်ပါ .. တစုံတယောက်က ဒီစာဖတ်ပြီးလှူချင်တဲ့စိတ်ကလေးဖြစ်လာခဲ့ရင် ဒီကလေးတွေအတွက် ကောင်းပါတယ်
ကျွန်တော်လည်းအရင်တုန်းကမသိခဲ့ပါဘူး
ကျွန်တော်တို့ပိုက်ဆံဆုပြီးအလှူလုပ်ကြမယ်ဆိုတော့ နေရာရွေးရတာမလွယ်ဘူးဗျ ။ ကျနော်တို့ထဲမှာ က လူမျိုးကမတူ ဘာသာကတခြား စီဖြစ်နေကြတာ..
ဘုန်ကြီးကျောင်းလှူမယ်ဆိုရင်လည်း .. ခရစ်ယာန်တွေကရှိနေပြန်ရော
နောက်ဆုံးတော့ ..အဖြေက ...
ဘိုးဘွားရိပ်သာ. ..... ဒါမမဟုတ် မိဘမဲ့ကလေးကျောင်း
ကျွန်တော်တို့မိဘမဲ့ကလေးကျောင်းမှာပဲလှူဖို့ဆုံးဖြတ်လိုက်ပါတယ် ။။ ဘာလို့လဲ......
ဘိုးဘွားရိပ်သာမှာရှိတဲ့အဖိုးအဖွားတွေက အနည်းဆုံးလူ့လောကမှာအနှစ် ၆၀ နှင့်အထက်နေခဲ့ပြီးသားပါ
ယှဉ်လိုက်ရင် အခုမှလူလောကထဲကိုရောက်လာကြသူလေးတွေကပိုအရေးကြီးပါတယ်... မတူတဲ့အတွေးတွေ ရှိမှာပါ .... ဒါကကျွန်တော့်အမြင်ကိုပြောတာ...

နောက်သင်တန်းပြီးသွားကြတော့ လည်းအတူသွား အတူစားလုပ်နေကြတုန်းပါပဲ ... အရင်လိုတော့မဟုတ်တော့ ဘူးပေါ့ဗျာ... နောက်တော့ Annku (ခင်သန္တာလွင်) က ဂျပန်ကိုထွက်သွားပါတယ်
ဝေလင်းက စင်္ကံပူမှာနေပါတယ်
ဖိုးချိုကမလေးရှားမှာနေပါတယ်
ကျွန်တော်က UAE မှာနေပါတယ်
တယောက် တနေရာဆီမှာနေကြပါတယ်....
ဒါပေမယ့်ယခုအချိန်ထိ ... အဆက်အသွယ်မပြတ်ကြသေးပါ...
စည်းလုံးမှူမပျက်ကြသေးပါ....
ကျွန်တော်တို့တွေကို ဘယ်အရာတွေနဲ့ထိမ်းကွပ်ထားလို့ဒီလောက်တောင်ခိုင်မြဲနေတာလဲ?

ကျွန်တော်တို့မှာ လူမျိုးမတူ ကြပါဘူး
ဘာသာမတူ ပါဘူး
ဘ၀ရည်မှန်းချက်ချင်းမတူကြပါဘူး
နေထိုင်ရာနေရာချင်းမတူကြပါဘူး
ဒါပေမယ်.....
ကျွန်တော်တို့ရင်ထဲမှာ နှလုံးသားတခုဆီရှိကြတယ်..
အဲဒီနှလုံးသားထဲမှာ....
ပေးဆပ်ချင်ကြတဲ့ ဆန္ဒလေး စီးဆင်းနေတယ်
ဒါကြောင့် ကျွန်တော်တို့ ရပ်တည်နေပါတယ်
ဒါကြောင့်ပဲ ကျွန်တော်တို့ ရပ်တည်နေလိမ့်မယ်.....

2 comments:

ရေတမာ said...

sar lone paung nal nal ga yu site say chin bar the.

Anonymous said...

ko naing photo tin yin thu tot yei kwint pyu chat taung thint htal htin dal.i tot ka kate sa ma shi pae mae main ka lay tway ka bal lo shi mal ma thi buu layyy.