လောကရဲ့ဇာတ်ဆရာ
နှက်သမျှ မလှန်ပါ
ကံကြမ္မာ ကြမ်းသမျှ
လှမ်းခဲ့ရ ဘဝလမ်း အစုံမှာ
ကိုကြုံရာ မောင်ကျဘမ်း
အဆိုးအသွမ်းတွေ များပါလည်း
ဆားမပါ ဗလာဖြစ်မှာစိုးလို့
ကျွန်တော် ဆိုးခဲ့သမျှ
ချောင်ထိုးလို့ ထားခဲ့ရပါတယ် ညီမရယ်…
အမှားတွေ ပုံနေပါသော်လည်း
(လူကြီးမိဘ ဆရာတော်များကောင်းမှုကြောင့်)
တရားတွေ အတော်စုံအောင်နာခဲ့ရလို့
တို့များလေ မှားနေပေမယ့်
အများဆွေ သွေကာမမှားရအောင်
သည်မောင်ကြံဆောင်ချက်ကိုမှ
အဟုတ်မှတ်လို့ အလိုပေါ်
အကိုတော်ချင်သတဲ့လားကွယ်…
မေတ္တာရောင်ပြန် ရှား
သစ္စာကိုတောင် ပေါင်နှံစားကြတဲ့
အနှစ်ဗလာ (ရင်မှာ)ဗလောင်ဆူရန်များတဲ့
ဤလောကလူ့ဘောင်မှာ
မင်းရဲ့နောင်တော်က
တရားအလွန်နည်းခဲ့ပြီး
အမှားတွေလွန်ကဲခဲ့တယ်ထင်ပ
ဒီဘဝမှာ
ကံအခြေမလှ
ဝေဒနာတွေ ရင်မှာဆို့ပြီး
အရာရာ ချို့တဲ့ခဲ့ရ
မေတ္တာအဖို့ အပဲ့လေးတောင်မှ
မရခဲ့တဲ့သူပါကွယ်
အပြစ်တွေ …
တိမ်သလ္လာ ပမာဖုံးသော်လည်း
မေတ္တာစစ်အတွက် ညစ်လုံး လုံး
မုန်းချင်လည်း မုန်းကြပါစေတော့
မလျော့တဲ့ အကျင့်မျိုး
ဆိုးလို့တေ ပွေလွန်းလှ
ညီမနှစ်ယောက်နဲ့တင် မဝလို့
Online မှာလေ
အမတစ်ယောက် မွေးစားထားသေးတယ်
အဖိုးတန် အမှန်လေးတွေကိုလည်း
ဆိုးလိုက်မယ်ပဲ ကြံကြံနေသေးတော့
ညီမ ခင်မာလာအောင်သို့ အမှတ်တရ
စေတနာ
23.04.2009(20း16)
4 comments:
အင်း...ခင်မာလာအောင်တော့ မသိဘူး...ကိုတောင်..လန့် လာပြီ....ဟား..ဟား....အလကား စ တာပါ..စေတနာ....ကိုယ့်ကိုကိုယ်..ဆိုးပါတယ်လို့ ...ထုတ်ပြောတဲ့သူဟာ...တကယ်မဆိုးသေးပါဘူး....မင်းလိုထုတ်မပြောရဲတဲ့ ကို တို့ သာ...တကယ်ဆိုးတဲ့သူတွေ ဖြစ်ချင် ဖြစ်နေမှာ....
လွင်မင်းခန့် 
ကျွန်တော်လည်း ခပ်လန့်လန့်ပဲ
Wooooooooooooooooooooooooooo။။။။။။
So.....Cooll...အစ်ကိုစေတနာ။။
တော်သေးတာပေါ့ ညီမဖတ်မိလို့ ။
ဟိုအစ်ကိုနှစ်ယောက်လာပစေအုန်း။ ...
နဲနဲပါးပါး မပြောထားဘူး။ ညီမအတွက်ကဗျာရှိ
တယ်ဆိုတာကိုလေ။
ကျေးဇူးအထူးတင်ကြောင်း အရင်ပြောပါရစေ
အစ်ကိုစေတနာ။ :)
ရေးထားလိုက်တာများ လိုက်လို့ တောင်မမှီဘူးဆရာ။
နက်နဲတဲ့အတွေးတွေနဲ့ ကောင်းလွန်းလှတဲ့အရေးတွေ၊
ပြောသွားလိုက်တာကလည်းပွင့်ပွင့်လင်းလင်း၊ ပိုတိုးလို့ ခင်မင်ရပါတယ်ရှင်။ ဆိုးစေသား။:)...အေးချမ်းပါစေအစ်ကို။ :)
ကဗျာ က၀ိ
မဟာ ပညာရှိပါပဲ။
လောက လူပုံလယ်
မှားတော်ပုံ ချကာပြရဲတာဖြင့်
ကွယ် ..
လေးစားပါရဲ့
သင့်
အောင်စည်ဟိန်း
Post a Comment