အချစ်ဆိုတာ…
အပြစ်ဆိုစရာ မရှိအောင်
အသိခေါက်ခက် အဝင်နက်စေဖို့
အချက်ကယ်တဲ့ပိုင်ပိုင်
မြိုင်ဆိုင်စွာ ဖန်တီးထားတာကို
ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး
လူတွေလေ
တူပြိုင်ပြိုင် ခုန်ကာဆင်းတဲ့
သားရဲတွင်းလိုပ…
အချစ်ကြောင့် ဗျာပွေ
ဌာနေကတစ်မျိုး အမျိုးကတစ်သွယ်
အရွယ်ကြောင့်တစ်နည်း မီးတောက်စေတဲ့ပျိုချော
သူ့သဘော စစ်ကြောဖို့မလွယ်
အဆန်းဆန်းရယ်မှ အကြယ်ကြယ်
တကယ့်ကို စုံ၍
လုံခြုံရန် ခက်လွန်းလှပါတယ်…
အချစ်..အချစ်နဲ့
အပြစ်တွေလည်း များလှပြီ
တအားလိုချင်စိတ်တွေနဲ့
မိတ်ဆွေများလည်း ရန်သူဖြစ်ခဲ့ကြဖူးပါပြီ
အဲဒီတော့…
အတူတူ တရား တခါတလေဖက်ပြီး
ဓမ္မဆိုတဲ့ ဓါးသံလျှက်နဲ့
ပိုင်းဖြစ်ကြကြေး ဆိုလျှင်ဖြင့်
သင့် မသင့် ဝေဖန်ပါလည်း
သွေလှန်စရာ ဓမ္မမမြဲသေးသူမို့
ထားဆဲနော် တဏှာမီးကို
ခဏခဏ တ,တ ပြီး လိုချင်နေ သေးတော့
ဖျော့တော့တော့ ဓမ္မာဉာဏ်နဲ့
ဆရာထံ အာလှန်ငြင်းချင်လှ
အချစ်ဆိုတာ………လောဘတဲ့ ။ ။
စေတနာ
saytanarpar@gmail.com
3 comments:
အချစ်ကဗျာ လာဖတ်ပါ၏
ပူတယ်မှန်းသိထားတော့ ...မထိရမနေနိုင်လို့ ...ထိမိကြတဲ့ အခါ....အလန့် တစ်ကြား...ယောင်ပြီးထပ်မှားနိုင်စရာတွေ...နဲသွားနိုင်တာပေါ့ ...
ကဗျာလေးက..လက်တွေ့ ဆန်ပြီး...စူးစူးရှရှ..ရှိပါတယ်...လေးလေးစားစား နဲ့ အားပေးနေလျက်ပါ..စေတနာ...
LMK
အချစ်ကဗျာလေးကောင်းတယ်
Post a Comment