Saturday, April 25, 2009

အကိုတော်ချင်သတဲ့လား ညီမရယ်


လောကရဲ့ဇာတ်ဆရာ

နှက်သမျှ မလှန်ပါ

ကံကြမ္မာ ကြမ်းသမျှ

လှမ်းခဲ့ရ ဘဝလမ်း အစုံမှာ

ကိုကြုံရာ မောင်ကျဘမ်း

အဆိုးအသွမ်းတွေ များပါလည်း

ဆားမပါ ဗလာဖြစ်မှာစိုးလို့

ကျွန်တော် ဆိုးခဲ့သမျှ

ချောင်ထိုးလို့ ထားခဲ့ရပါတယ် ညီမရယ်…

အမှားတွေ ပုံနေပါသော်လည်း

(လူကြီးမိဘ ဆရာတော်များကောင်းမှုကြောင့်)

တရားတွေ အတော်စုံအောင်နာခဲ့ရလို့

တို့များလေ မှားနေပေမယ့်

အများဆွေ သွေကာမမှားရအောင်

သည်မောင်ကြံဆောင်ချက်ကိုမှ

အဟုတ်မှတ်လို့ အလိုပေါ်

အကိုတော်ချင်သတဲ့လားကွယ်…

အဆိုးတကာ့ ထိပ်ခေါင်

အမှောင်တကာ့ မြင့်ဖျား

(ကိုယ်)မှားပုံကို

အများဘုံအလယ်မှာ ပြောချင်ဘု

ခုသက်သေပြရရင်

မြန်ပြည်မှာနေနေကြ

ကျွန်တော်မွှေလို့ မဝပါတဲ့

အဖေအမေ ညီမတို့တတွေကတော့

ကိုယ့်ကိုလေ

ဆလံ,သလို့ နေကြလေရဲ့…

မေတ္တာရောင်ပြန် ရှား

သစ္စာကိုတောင် ပေါင်နှံစားကြတဲ့

အနှစ်ဗလာ (ရင်မှာ)ဗလောင်ဆူရန်များတဲ့

ဤလောကလူ့ဘောင်မှာ

မင်းရဲ့နောင်တော်က

တရားအလွန်နည်းခဲ့ပြီး

အမှားတွေလွန်ကဲခဲ့တယ်ထင်ပ

ဒီဘဝမှာ

ကံအခြေမလှ

ဝေဒနာတွေ ရင်မှာဆို့ပြီး

အရာရာ ချို့တဲ့ခဲ့ရ

မေတ္တာအဖို့ အပဲ့လေးတောင်မှ

မရခဲ့တဲ့သူပါကွယ်

အပြစ်တွေ …

တိမ်သလ္လာ ပမာဖုံးသော်လည်း

မေတ္တာစစ်အတွက် ညစ်လုံး လုံး

မုန်းချင်လည်း မုန်းကြပါစေတော့

မလျော့တဲ့ အကျင့်မျိုး

ဆိုးလို့တေ ပွေလွန်းလှ

ညီမနှစ်ယောက်နဲ့တင် မဝလို့

Online မှာလေ

အမတစ်ယောက် မွေးစားထားသေးတယ်

အဲဒီတော့ကာ…

အဖိုးတန် အမှန်လေးတွေကိုလည်း

အမျိုးနဲ့ မထိုက်မတန်

ဆိုးလိုက်မယ်ပဲ ကြံကြံနေသေးတော့

တွေးဆလို့ ဖန်ခါခါ

မလျှမ်းပါနဲ့ မပညာရယ်

အတန်တန် မှာစကား

မင်းလေ ဂရုမထားရင်တော့

ခုများပင် အမျိုးတော်ပြီး

ညီမရေ

ဆိုးမယ်ကွယ့်နော် သတိထား…

ညီမ ခင်မာလာအောင်သို့ အမှတ်တရ

စေတနာ

23.04.2009(20း16)

4 comments:

Anonymous said...

အင်း...ခင်မာလာအောင်တော့ မသိဘူး...ကိုတောင်..လန့် လာပြီ....ဟား..ဟား....အလကား စ တာပါ..စေတနာ....ကိုယ့်ကိုကိုယ်..ဆိုးပါတယ်လို့ ...ထုတ်ပြောတဲ့သူဟာ...တကယ်မဆိုးသေးပါဘူး....မင်းလိုထုတ်မပြောရဲတဲ့ ကို တို့ သာ...တကယ်ဆိုးတဲ့သူတွေ ဖြစ်ချင် ဖြစ်နေမှာ....

လွင်မင်းခန့် 

နေစိုးနိုင် said...

ကျွန်တော်လည်း ခပ်လန့်လန့်ပဲ

Anonymous said...

Wooooooooooooooooooooooooooo။။။။။။
So.....Cooll...အစ်ကိုစေတနာ။။
တော်သေးတာပေါ့ ညီမဖတ်မိလို့ ။
ဟိုအစ်ကိုနှစ်ယောက်လာပစေအုန်း။ ...
နဲနဲပါးပါး မပြောထားဘူး။ ညီမအတွက်ကဗျာရှိ
တယ်ဆိုတာကိုလေ။
ကျေးဇူးအထူးတင်ကြောင်း အရင်ပြောပါရစေ
အစ်ကိုစေတနာ။ :)
ရေးထားလိုက်တာများ လိုက်လို့ တောင်မမှီဘူးဆရာ။
နက်နဲတဲ့အတွေးတွေနဲ့ ကောင်းလွန်းလှတဲ့အရေးတွေ၊
ပြောသွားလိုက်တာကလည်းပွင့်ပွင့်လင်းလင်း၊ ပိုတိုးလို့ ခင်မင်ရပါတယ်ရှင်။ ဆိုးစေသား။:)...အေးချမ်းပါစေအစ်ကို။ :)

Unknown said...

ကဗျာ က၀ိ
မဟာ ပညာရှိပါပဲ။
လောက လူပုံလယ်
မှားတော်ပုံ ချကာပြရဲတာဖြင့်
ကွယ် ..
လေးစားပါရဲ့
သင့်
အောင်စည်ဟိန်း