Thursday, July 9, 2009

ပစ္စုပ္ပန်များ

လေနှင်ရာ....
တိမ်မျှင်လေးတွေ လွင့်ပါသွားသလို
ပန်းပွင့်ကြွေရာ....
ဝတ်မှုန်ဝတ်ဆံလေးတွေ ကပ်ငြိပါသွားသလို
ရေအလျဉ်စီးရာ...
ဒိုက်အမှိုက်လေးတွေ မျောပါသွားသလို
စက္ကန့်ကြွေရာ....
အချိန်လေပြင်းနှင်ရာ…
ဆယ်စု၊ရာစုနှစ်တွေရဲ့ စီးမျောရာဆီ
ပစ္စုပ္ပန်များ လွင့်…မျော…ကပ်ငြိ…ပါသွားကြလေပြီ……….။

ပစ္စုပ္ပန်တိုင်း၏…
အပြုံးများ၊ မျက်ရည်များ…
တရားမှုများ၊ မတရားမှုများ…
ပရဟိတများ၊ အတ္တဟိတများ…
ပျော်ရွှင်မှုများ၊ မပျော်ရွှင်မှုများ…
တိုက်ဆိုင်မှုများ၊ လွဲချော်မှုများ…
ကြင်နာခြင်းများ၊ နာကျင်ခြင်းများ…
ပေးဆပ်ခြင်းများ၊ ရယူလိုခြင်းများ…
ရှင်သန်ခြင်းများ၊ သေဆုံးခြင်းများ…
အသိမှတ်ပြုမှုများ၊ လစ်လျုရှုမှုများ…
ကံကောင်းခြင်းများ၊ ကံဆိုးခြင်းများ…
အောင်မြင်မှုများ၊ ရှုံးနိမ့်မှုများ…
ကြည်နူးခြင်းများ၊ နာကြည်းခြင်းများ…
လွတ်လပ်ခြင်းများ၊ မွမ်းကျပ်ခြင်းများ…
ပိုင်ဆိုင်မှုများ၊ လက်လွှတ်ဆုံးရှုံးမှုများ…
ကောင်းမြတ်ခြင်းများ၊ ယုတ်ညံ့ခြင်းများ…
ငြိမ်းချမ်းခြင်းများ၊ ပူလောင်သောကများ…
…….
…..

ထို ထိုသော အရာအားလုံးအား....
နောင်ဘယ်တော့များမှ ပြန်လိုချင်၍ ပြန်ပြင်ချင်၍ မရနိုင်တော့ပြီ…
ဒါကြောင့်…တို့တစ်တွေ၏ ပစ္စုပ္ပန်တိုင်းကို
အပြုံးများ၊ ပေးဆပ်ခြင်းများ၊ ကောင်းမြတ်ခြင်းများ…………….ဖြင့်သာ
လက်ပြလမ်းခွဲနိုင်ဖို့ ကြိုးစားကြရဦးတော့မည်…။ ။

နှင်း

1 comment:

လွင်မင်းခန့်  said...

အတိတ်သမိုင်းဆိုတာ..ပစ္စုပ္ပန်မှာ တစ်ခါချရေးပြီးရင်..ဘယ်အနာဂါတ်မှာမှ ပြန်လည် ဖျက်လို့ ပြင်လို့ မရတဲ့  စာရွက်တစ်ရွက်ပေါ့ နှင်းရေ... နုနုလှလှလေးနဲ့  တွေးတောဆင်ချင်စရာတွေ အများကြီးပေးတဲ့ ကဗျာခန့် ခန့် လေးတစ်ပုဒ်ပါပဲ...ဒီကဗျာလေးဖတ်မိပြီး..ကိုယ်ရေးလက်စ သမိုင်းစာမျက်နှာပေါ်မှာ...ကောင်းမြတ်မှန်ကန်တဲ့ စာလုံးလှလှ တစ်ချို့ တစ်လေ ဖြစ်ဖြစ် ရေးဖြစ်နိုင်ကြပါစေလို့ ...ဆန္ဒပြုလိုက်ပါတယ်...

လွင်မင်းခန့် 