ခေတ်ကိုပဲ အပြစ်ဆိုရမှာလား ။
ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလား ။
သြော် နားမရှိရင် ၊ မျက်စိမရှိရင်တောင် အကောင်းသားပါကလားဗျာ ။
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တယ်ဆိုတဲ့ စကားပုံနဲ့တောင် လုံလောက်နိုင်ပါ့မလားဗျာ ။
ဘဝတွေဗျ ဘဝတွေ …
နှမတွေဗျ နှမတွေ…
ရပ်ထဲ ရွာထဲမှာ …
သူသူငါငါ မေးကြ ဖြေကြ ။ပျော်နေကြ ကျေနပ်နေလိုက်ကြတာ ။
အဖေတွေ အမေတွေပေါ့ ။ ရွာရိုးကိုးပေါက် လျှောက်ကြွားနေလိုက်ကြတာ ။ ခင်ဗျားသမီးလေး မတွေ့မိပါလားလို့ ။ ဘာလုပ်နေလဲလို့ ယောင်လို့တောင် မမေးမိစေနဲ့ ။
ဟုတ်ကဲ့ …
ကျွန်မတို့ ကျွန်တော်တို့ သမီးလေး နိုင်ငံခြားမှာ အလုပ်လုပ်နေပါတယ်လို့ အားရပါးရ ဖြေကြ မှာပါ ။ သားသမီးတွေအပေါ် ထားရှိတဲ့ မိဘမေတ္တာကိုလည်း ခံစားမိပါတယ် ။ ဒါပေမယ့်……
-ကိုယ့်သမီးရဲ့  မိမိကိုယ်ကို ထိမ်းသိမ်းနိုင်စွမ်း
-ကိုယ့်သမီးရဲ့ ပညာအရည်အချင်းကို ဘယ်သူများနှိုက်နှိုက်ချွတ်ချွ
-ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေအပေါ် ယုံကြည်စိတ်ချရမှု
-သွားမယ့်နိုင်ငံရဲ့ အခြေအနေတွေ ကို ဘယ်လောက်ထိ ဆန်းစစ်ကြပါသလဲ .
ဟုတ်ကဲ့ ..
အများအားဖြင့်ကတော့ စမ်းတဝါးဝါးနဲ့လမ်းလျှောက်နြေ
ဟောခုဆို ဆိတ်ကွယ်ရာ မဟုတ်ပါပဲ စိတ်ကို ကွယ်ရာ ရပြီထင်ပြီး မိုက်လိုက်ကြတဲ့ ညီမတွေ
များများလို့ လာနေပါပေါ့လား ။
နောက်တစ်မျိုးကျတော့ အခြေခံကျတဲ့ အင်္ဂလိပ်စကားပြော မတတ်တော့ ဟို အိမ်မှာရှိတဲ့ အပူတွေကိုလည်း မြင်တတ်ကြတော့ ဟော မရင်းချင်ပဲ ရင်းနေကြတဲ့ ညီမတွေ ..
တစ်ချို့ကတော့လည်း အရှက်တော့ မရင်းကြရပါဘူး ။ဒါပေမယ့် ခက်ခက်ခဲခဲ ရုန်းကန်နေ ကြရတာဗျာ ။
သြော်…မမြင်ချင် မကြားချင်ပေမယ့် မြင်နေကြားနေရတာဟာ ရှေးဘဝက ကျွန်တော်ဘာ အမှားများလုပ်မိပါသလဲ ။
ဟုတ်ကဲ့ …
ရှားပါးကျပ်တည်း လှတဲ့ လောကကြီးမှာ “မလာကြပါနဲ့ ”ဆိုတာဟာလည်း ကျေနပ်စရာ အဖြေ တစ်ခု မဟုတ်ပြန်ဘူး ။ ရေကြည်ရာ မြက်နုရာ ဆိုကြ မဟုတ်လား ။
တစ်ဦးတစ်ယောက်ကို အပြစ်ပြောလို့ ဒီပြဿနာက ကင်းလွတ်သွားမယ် ဆိုရင်တော့ နှစ်ဆယ့်လေးနာရီ လုံး ထမင်းမစားရေမသောက်ပဲ ပြောလိုက်ချင်ပါရဲ့ ။
ကျွန်တော်ပြောခဲ့ ဖူးပါတယ် ။ Resposibility ဆိုတာ လူတိုင်းမှာ ရှိတယ်ဆိုတာလေ ။ ကျွန်တော်လည်း မြန်မာနိုင်ငံသားဆိုတော့ ကျွန်တော့်မှာလည်း တာဝန်ရှိတယ်လေ ။
ဒါကြောင့် ခု အားလုံးကို အသိပေးပြီး ဘယ်လိုလုပ်သင့်တယ် ဆိုတာ ဆွေးနွေးကြည့်ပါရစေ ။ မှန်တယ်မှားတယ်ဆိုတာ စာဖတ်သူသဘောပါပဲ ။
ကိုယ့်သမီးရဲ့  မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း ဆိုတာနဲ့ ပါတ်သက်ရင်တော့ မိဘတွေမှာ ပဲတာဝန်ရှိတာပေါ့ ။ မိမိကိုယ်တိုင်တောင် မထိန်းနိုင်ရင် မိမိသားသမီးတွေကို ဘယ်လို လေ့လာဆုံးမ ရမှာလဲ ။ ထိန်းသိမ်းနိုင်စွမ်းရှိ ရင်တော့ မိမိသားသမီးကို လေ့လာဆန်းစစ် ဖို့ အချိန်ပေးဖို့ မမေ့ကြပါနဲ့ လို့ပဲ မိဘတွေကို ပြောချင်ပါတယ် ။ အနန္တော အနန္တ ဂိုဏ်းဝင် မိဘတွေကို ဆရာလုပ်တယ်လို့ မထင်ပဲ စေတနာတို့ အရွယ်တွေလည်း မိဘနေရာရောက် နေကြတော့ သူတို့ကို အကြံပေးတယ်လို့ပဲ သဘောထားပေးကြပါတော့ဗျာ ။
အင်္ဂလိပ်စာနဲ့ပါတ်သက်ရင်တော့ နိုင်ငံခြားထွက်မယ့် ညီအကိုမောင်နှမများ ကြိုးစားလေ့လာ စေချင်တယ် ။ ကျွန်တော်ကိုယ်တိုင်က ဒီဒဏ်ကို ခံစားနေရသူမို့ပါ ။နောက်ပြီး နိုင်ငံတော်ရဲ့ မိဘနေရာမှာ နေနေကြတဲ့ တာဝန်ရှိသူများကိုလည်း မေတ္တာရပ်ခံ ချင်ပါတယ် ။ လေဆိပ်က မထွက်ခင်ကတည်းက ဒီအင်္ဂလိပ်စာ ကို စစ်တမ်းလေးလုပ်ကြဖို့ပါ ။ လုပ်ရမယ့် အလုပ်မှာ ကျွမ်းကျင်လွန်းနေတယ် ဆိုရင်တော့ လျော့ပေါ့ စဉ်းစားလို့ရပါတယ် ။ အဖေတစ်ယောက်ကို သားတစ်ယောက်က ဖောင်တိန်မတော်တဆ ကျိုးပဲ့သွားလို့ နောက်တစ်ချောင်း ဝယ်ဖို့ ပူဆာတဲ့ သားတစ်ယောက်လိုမျိုးပါ အဖေတို့ ။
နောက် အေးဂျင့် တွေကလည်း လက်လွတ်စပါယ်လုပ်ကြလွန်းတယ် ။ အေးဂျင့်မရှိပြန်ရင် လည်း ဘယ်မှာလည်း နိုင်ငံခြားထွက်ဖို့ အခွင့် အရေး ။ လူလတ်တန်းစားတွေ အတွက် အဖေတို့ ဂရုစိုက်ပေး ကြပါဗျာ ။
နိုင်ငံခြား တစ်နိုင်ငံရဲ့ အခြေအနေ ဆိုတာကတော့ လေ့လာစူးစမ်းစရာ တစ်ခုပါပဲ ။ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ အလုပ်အကိုင် အမျိုးအစား ၊ ရပိုင်ခွင့် ၊ရာသီဥတု ၊ ဓလေ့ထုံးတမ်း ၊ လူမျိုးပေါင်းစုံ တည်ရှိမှု စသဖြင့် လေ့လာဖို့ လိုအပ်ပါတယ် ။
ဟုတ်ကဲ့ အချိန်ကလည်း ဆက်ပြောဖို့ အခွင့်အရေး မပေးတော့ဘူးဗျာ ။ နိုင်ငံခြားထွက် တယ်ဆိုတိုင်း …..
သြော်..ဒီနိုင်ငံ မှာပဲ အိနြေ္ဒရှိရှိ အဆင်ပြေပြေ တက်လမ်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ ညီမတွေ အမတွေလည်း ရှိပါသေးတယ်ဗျာ…………….
စေတနာ
saytanarpar@gmail.com
2 comments:
မှန်တယ် စေတနာ..တာဝန်ဆိုတာ သိသည်ဖြစ်စေ..မသိသည်ဖြစ်စေ..ယူတတ်သည်ဖြစ်စေ..မယူတတ်သည်ဖြစ်စေ...ရှိတာကတော့..တကယ့်ကိုရှိနေတာပါပဲ...ကိုယ့်မှာတာဝန်မရှိသလို ဘာသိဘာသာနေတတ်သူတွေ နဲလာပြီး..တာဝန်ကိုလိုလိုလားလားယူတတ်သူတွေများလာဖို့  ထိုင်ဆုတောင်းနေလို့  မဖြစ်နိုင်ဘူး...အဲဒီအတွက် ခုလို တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်က တာဝန်ယူပေးဆပ်နေတဲ့ မင်းတို့  နေစိုးနိုင်တို့  ကို လေးစားပါတယ်...ပြီတော့ ဂုဏ်ယူအားပေးနေပါတယ်...
လွင်မင်းခန့် 
ဘယ်အပင်မှ မှည့်နေ့တဲ့ အသီး ကိုတန်းမသီး ဘူး ဒီလိုပဲ အကင်း က စ ရ တာ ပဲ
အားမလျှော့နဲ့ အချိန် ရ လာရင် သူ့ ဖာသာ မှည့်သွားလိမ့်မယ်
Post a Comment