Friday, May 1, 2009

ဒူဘိုင်းက ဇာတ်လမ်းလေး တစ်ပုဒ်

မြန်မာပြည် ကနေ ရေခြား ၊ မြေခြား နိုင်ငံ တစ်ခု ကို ရောက်လာတော့ အားလုံးက အစိမ်းသက်သက် ။ မိန်းမသား လည်းဖြစ်ပြန်ဆိုတော့ အားငယ်မှူ တွေ အပြည့်နဲ့ပေါ့။ အတူလာတဲ့သူငယ်ချင်း တွေက လည်း အားလုံး သူ့ကိုယ် မကယ်နိုင် ၊ ကိုယ့်ကို သူမကယ်နိုင် ဆိုတော့ နီးစပ်ရာ လုပ်ဖော်ကိုင်ဖက် နိုင်ငံခြား က သူငယ်ချင်းတွေ ကိုပဲ သူငယ်ချင်းလုပ် ပေါင်းရ တော့တာပေါ့။ သူမ လာတဲ့ ကုမ္ပဏီ ကလည်း နေစရာ စီစဉ်ပေးမထားတော့ နီးစပ်ရာ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး အခန်းငှားရ တော့တာပေါ့။

မြန်မာလူမျိုး အချင်းချင်း ဆူကြ ၊ ငေါ့ကြ ၊ ပြိုင်ကြ ၊ ဆိုင်ကြ ဆိုတော့ သူမ စိတ်ပျက်တယ် ။ ဒါကြောင့် တခြားနိုင်ငံ က သူငယ်ချင်းတွေနဲ့ ပဲ စုပေါင်း ပြီး အခန်းငှားနေလိုက်တယ်။ သူမ အတူနေတဲ့ အခန်းဖော်တွေ က ဖား လို့ခေါ်တဲ့ ဖိလစ်ပိုင် နိုင်ငံသူတွေပါ။ သူတို့တွေတွေက ကောင်းတယ် ။ မြန်မာတွေလို မဟုတ်ဘူး ။ လွတ်လွတ် လပ်လပ် ပွင့်ပွင့် လင်းလင်း နေတယ်။ သူမလည်း ဒီဘ၀ လေး မှာအဆင်ပြေလှပြီ ဆိုပြီး ကျေနပ်နေတာပေါ့။

အဲ .. သူမ သတိမထားမိလိုက်တာ က ဒီဖားမတွေ က သူ့အပေါ်မှာတင် သဘောကောင်းတာ မဟုတ်ဘူး ယောက်ျားလေးတွေ အပေါ်မှာလည်း သဘောကောင်းတယ် ဆိုတာ ကို သူမ နောက်ကျမှ သဘောပေါက်လာတယ်။ ဒါပေမဲ့ သူ့တို့ သဘာဝ ၊ သူတို့ စရိုက်ဖြစ်တာက တကြောင်း ၊ နောက် အခန်းက အားလုံး စုငှားထားတာ က တကြောင်း ၊ မြန်မာ လူမျိုးတို့ ရဲ့ အားနာတတ်ခြင်း ဆိုတဲ့ စိတ် က တကြောင်း စတဲ့ အမျိုးမျိုးသော အကြောင်း တို့ကြောင့် မိန်းခလေး များ နေထိုင်ရာ အခန်းတွင်းသို့ ယောက်ျားသားများ ဥဒဟို ၀င် ထွက် သွား လာ နေတာကို သူမ ဘယ်လိုမှ စိတ်မချမ်းသာနိုင်ပါဘူး။ သူမနဲ့ အိပ်ခန်း အတူ တူ နေတဲ့ ကောင်မလေး က အိန္ဒိယ ကုလား နဲ့ ကြိုက်နေတာဆိုတော့ ကုလား က ချောင်းပေါက်မတတ်ပါဘဲ ။ ၀င်ထွက်နေတာလေ။ အခန်းကျဉ်းလေးထဲမှာ အချစ်စခန်းထ နေကြတဲ့ အခါများဆို သူမ မအိပ်ပျော်သော်လည်း အိပ်ချင်ယောင်ဆောင် နေလိုက်ရတဲ့ နေ့တွေ ၊ညတွေ ဆိုတာ လည်း မနည်းမနော ပါပဲ။ ဒါပေမယ့် သူမ သီးခံခဲ့ ပါတယ်။ ဒီကုလား က သူမကိုလည်း မျက်လုံးရိုင်းတွေနဲ့ ကြည့်ကြည့်နေတာ ကို သူမ လုံးဝ မကြိုက် ဘူး စိတ်ပျက်တယ်။

ဒီလို ဖြစ်ပျက်နေတဲ့ အကြောင်းကို အခြား မြန်မာ အသိုင်း အ၀ိုင်း ကို ပြောပြတော့ အားလုံး က ဒီကောင်မလေး ကို ၀ိုင်းသနား ကြတာပေါ့ ။ ဒူဘိုင်းမှာ က လည်း အခန်းလိုချင်ရင် ဒီနေ့လိုချင် မနက်ဖြန်ရတဲ့ ရန်ကုန်က လှည်းတန်းလို နေရာမျိုးမဟုတ်ဘူးလေ။ ဒီတခါ အခန်းပြောင်းရင်တော့ ကိုယ့်နိုင်ငံ က လူတွေနဲ့ပဲ နေဖို့ သူမ ကြံရတော့တာပေါ့။

ဒီလိုပဲ နေ့တွေ ၊ ညတွေ ဖြတ်သန်း လာရင်း နဲ့ အမှတ်မထင်ဘဲ သူမ သူငယ်ချင်း ဖား မ(ဖိလစ်ပိုင်) ကိုကုမ္ပဏီ က အလုပ်ထုတ် ပါတယ်။ ဖားမ လည်းဌာနေပြန်ရတော့တာပေါ့။

ဒီသတင်း ကို ဘေးက မြန်မာ အသိုင်းအ၀ိုင်း သိတော့ " တော်ပါသေးရဲ့ ပေါ့ . ဒီဖားမ ပြန်သွားပြီဆိုတော့ ဒီကုလား နဲ့ ဇာတ်လမ်း ပြီးသွားတာ ပေါ့ " အားလုံး စိတ်သက်သာရာ ရမယ် ကြံတုန်း.... . . .

နောက်သတင်းက ၀င်လာတယ် ဒီကုလား က အ၀င်အထွက် ရှိနေတုန်းပဲ တဲ့ ။

ဟင် .. ဟာ ... ဗုဒ္ဓေါ .. Jesus .. အလာရ် .. အာမေရိတ်ပေါင်းကို စုံသွားတာပဲ ။ ကြားရတဲ့သတင်းက အဲဒီမြန်မာမလေး ဒီကုလားနဲ့ ကြိုက်သွားပြီတဲ့။ ကဲဗျာ .. အဖေ တ ရမလား .. အမေ တ ရမလား .. ဘုရား ပဲ တ ရမလား .. ကျုပ်တော့ ဘာ ကို တ ရမှန်း ကို မသိတော့တာ။

အင်း နောက်ဆုံးတော့ အသိတရားလေး ၀င်လာတယ် ။ဘာလဲဆိုတော့ .. ပတ်ဝန်းကျင် ။

စာလုံးကလေး သုံးလုံးထဲရယ်နော် ... ပတ်ဝန်းကျင် .. တဲ့ ဒါပေမယ့် သူ့ ရဲ့ ဒဏ်ကို ကြံ့ကြံ့ ခံနိုင်တဲ့ လူ ဆိုတာ တော်တော်လေးရှားမယ်နော်

နောက်သတိရမိတာလေး က ကျွန်တော်တို့ ငယ်တုန်း က ဖတ်ရတဲ့ ပုံပြင်လေးလေ သရက်ပင် နား ကို ခွေးတောက် ပင်စိုက်လိုက်တော့ ဘာဖြစ်တယ်ဆိုလား ...

မှန်ကန်တဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်နိုင်ကြပါစေ . . .

လေးစားစွာဖြင့်
နေစိုးနိုင်
( Dubai မှ ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ်ပေါ့ .. နောက်ဟာတွေ လည်း လာဦးမှာပါ )


8 comments:

Unknown said...

ကိုနေစိုးနိုင်ရေ ...
ခံစားရတယ်ဗျာ။
နောက်လည်း ရေးပါဦး။
ဘာသတင်းပဲဖြစ်ဖြစ် ဖတ်လိုက်ပြီးလို့ အသိတရားတစ်ခု ရသွားရင် ခင်ဗျားပင်ပန်းရကျိုး နပ်မှာပါ။
အောင်စည်ဟိန်း

ဟန်လင်းထွန်း said...

ဘာကြောင့်လဲ ဆိုတာ ကာယကံရှင် ကိုယ်တိုင်က လွဲပြီး ဘယ်သူများ ဘာပိုသိနိုင်မလဲနော်။

Anonymous said...

ရင်နာရပြန်ပြီကော နေစိုးနိုင်ရေ....ဘာပြောရမှန်းတောင်မသိတော့ပါဘူး..ဒီကိစ္စအတွက်အားလုံးမှာ တာဝန်မကင်းဘူး လို့ ပြောချင်တယ်...သူ့ မှာရော...သူ့ နားကမြန်မာအသိုင်းအဝိုင်းမှာရော...ဒီလိုအဖြစ်မျိုးတွေမဖြစ်ရအောင် တတ်နိုင်သလောက်တွန်းလှန်ကြိုးစားနေတဲ့ မင်းတို့  ငါတို့  မှာရော....တာဝန်မကင်းဘူးလို့  ခံစားလိုက်ရပါတယ်...ငါတို့ ဒီ့ထက် ပိုကြိုးစားရမယ်...ကြိုးစားကြစို့ ....

လွင်မင်းခန့် 

နေစိုးနိုင် said...

ဒီစာတွေဖတ်ပြီး တစ်ယောက်တလေ အသိ တရားလေးတွေ ၊ သတိတရားလေးတွေ ၀င်လာတယ်ဆိုရင်ပဲ ကျေနပ်ပြီ
ကျွန်တော် တို့တွေ ကို ငပေါတွေ လို့ပြောခံ ရတာလဲ မမှူတော့ဘူး

ဒီလိုပြောနေကြတာက လည်း ဒီစကားသုံးလုံး ပဲလေ .. ပတ်ဝန်းကျင် ဆိုတာကြီး ပေါ့ ..

အင်း .. ကြံ့ ကြံ့ .. ခံ . .ထား မှ

♥ Acacia ♥ said...

ဒူဘိုင်းက ဇာတ်လမ်းလေး တစ်ပုဒ်ကို စိတ်ဝင်စားတယ် နိုင်ငံခြားမှာ ပတ်ဝန်းကျင်ပေါ်မှာ မူတည်စရာမလိုပါဘူး ကိုယ်စာရိတ္တပေါ်မူတည်လိမ့်မယ် နိုင်ငံခြားသွားတိုင်း ပျက်စီးရမယ်ဆိုတာလည်း မဖြစ်သင့်ဘူး နိုင်ငံခြားသွားတိုင်း ပတ်ဝန်းကျင်ကြောင့် ပျက်စီးမယ်ဆိုရင် ဒူဘိုင်းရောက်တာ ဘယ်နှစ်လလဲ ဘယ်နှစ်နှစ်လဲ မြန်မာလူမျိုးအဖြစ် နေခဲ့တာ ဘယ်နှစ်နှစ်လဲ... နိုင်ငံခြားမှာ အလုပ်လုပ်တယ်ဆိုကတည်းက ၁၈ နှစ်ထက်တော့ ကျော်မှာပါ စဉ်းစားတတ်တဲ့အတွေးအခေါ် ရှိပြီးသားဖြစ်မှာပါ သူ့ဟာသူ ဖျက်စီးလို့ ပျက်စီးတာပါ မြန်မာလူမျိုးအနေနဲ့ အင်မတန်စိတ်ပျက်စရာပဲ ခုလို ရေးပြလို့ သိရတဲ့အတွက် ကိုနေစိုးနိုင်ရေ ကျေးဇူးပါ နောက်လည်း ရေးပေးပါအုံး...

Anonymous said...

လူချင်း အသက်အရွယ်ချင်း တူပေမယ့် maturity ချင်း core values ချင်း will power ချင်း မတူပါဘူးခင်ဗျာ...၁၈ နှစ်ကျော်တိုင်း အစစ အရာရာ စဉ်းစားတတ်တဲ့အတွေးအခေါ် ရှိပြီးသားလို့  ရာနှုန်းပြည့် ယူဆနိုင်ကြရင် အခုလိုကိစ္စမျိုးတွေ ဘယ်လောက်ဖြစ်ဖြစ် ကျွန်တော်တို့  ထိုင်ကြည့်နေဘို့  သာ ရှိပါတယ်...ခုလိုတောင် တင်ပြပေးနေစရာ မလိုပါဘူး...ကိုယ်ဖြစ်ကိုယ်ခံပေါ့ ဆိုပြီး မျက်နှာလွှဲ ခဲပစ် ဆိုလိုက်ဖို့  ကျပြန်တော့လည်း...အခုလို အဖြစ်အပျက်မျိုးတွေက..အမျိုးသားရေးအနေနဲ့  ရှက်တတ်ရင် ရှက်စရာပါ...နာတတ်ရင် နာစရာပါ....မြန်မာလူမျိုးတွေအနေနဲ့  အင်မတန်စိတ်ပျက်စရာပဲ လို့  တကယ်ယူဆရင် တတ်နိုင်သလောက် ကျွန်တော်တို့  ကို support ပေးဖို့  မေတ္တာရပ်ခံပါတယ်....

လေးစားစွာဖြင့် 

လွင်မင်းခန့် 

Anonymous said...

လူချင်း အသက်အရွယ်ချင်း တူပေမယ့် maturity ချင်း core values ချင်း will power ချင်း မတူပါဘူးခင်ဗျာ...၁၈ နှစ်ကျော်တိုင်း အစစ အရာရာ စဉ်းစားတတ်တဲ့အတွေးအခေါ် ရှိပြီးသားလို့  ရာနှုန်းပြည့် ယူဆနိုင်ကြရင် အခုလိုကိစ္စမျိုးတွေ ဘယ်လောက်ဖြစ်ဖြစ် ကျွန်တော်တို့  ထိုင်ကြည့်နေဘို့  သာ ရှိပါတယ်...ခုလိုတောင် တင်ပြပေးနေစရာ မလိုပါဘူး...ကိုယ်ဖြစ်ကိုယ်ခံပေါ့ ဆိုပြီး မျက်နှာလွှဲ ခဲပစ် ဆိုလိုက်ဖို့  ကျပြန်တော့လည်း...အခုလို အဖြစ်အပျက်မျိုးတွေက..အမျိုးသားရေးအနေနဲ့  ရှက်တတ်ရင် ရှက်စရာပါ...နာတတ်ရင် နာစရာပါ....မြန်မာလူမျိုးတွေအနေနဲ့  အင်မတန်စိတ်ပျက်စရာပဲ လို့  တကယ်ယူဆရင် တတ်နိုင်သလောက် ကျွန်တော်တို့  ကို support ပေးဖို့  မေတ္တာရပ်ခံပါတယ်....

လေးစားစွာဖြင့် 

လွင်မင်းခန့် 

khinmarlaraung said...

အစ်ကိုတို့ ရေ....တကယ်ပါ...ဘာပြောရမှန်းတောင်
မသိတော့ပါဘူး။။။။။
ဆွေးနွေးထားတဲ့Comment တွေတော်တော်ကောင်းတယ်။