ဝန်ခံအသိပေးခြင်း
(ဒီအကြောင်းတွေကို ဆက်လက်မဆွေးနွေးခင် ကျွန်တော် ကြိုတင် ဝန်ခံအသိပေးစရာရှိပါတယ်။ ကျွန်တော်ဟာ အတွေးအခေါ် ပညာရှင် တစ်ယောက် မဟုတ်သလို စိတ်ပညာရှင် တစ်ယောက်လည်း မဟုတ်ပါဘူး။ သိပ်မတော်တဲ့ သာမန် အင်ဂျင်နီယာ တစ်ယောက်သာ ဖြစ်ပါတယ်။ ဒီ SHAPER နဲ့ SHAPEE subject ဟာ ကျွန်တော်တီထွင်လိုက်တဲ့ ခုမှပေါ်ပေါက်လာတဲ့ ဘာသာရပ် တစ်ခုလည်းမဟုတ်ပါဘူး။ လောကမှာ ရှိနှင့်ပြီးသား သဘောသဘာဝတစ်ခုကို ကျွန်တော် ဥာဏ်မီသလောက် လေ့လာခံစားရမိ သလောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့  ကြိုးစားတင်ပြကြည့်ရုံ သက်သက်သာ ဖြစ်ပါတယ်။ ကျွန်တော့် ရဲ့ ဒီစေတနာကတော့ ကျွန်တော် ရေးခဲ့ဖူးတဲ့ ‘ တာဝန် ‘ ဆိုတဲ့ ကဗျာလေးကနေ တစ်ဆင့်ပေါက်ဖွါး လာတယ်လို့  ပြောလို့ ရပါတယ်။ ကျွန်တော်တို့ လူမျိုးတွေ ရင့်ကျက် တိုးတက်ခေတ်မီ ပြီး ကမ္ဘာနဲ့ သိက္ခာရှိရှိ ရင်ဘောင် တန်းလာနိုင်ဖို့  ကျွန်တော်တို့ အချင်းချင်း Shape လုပ်ပေးကြဖို့  တကယ် လိုအပ်နေပြီလို့ လည်း ခံစားယုံကြည်မိတဲ့အလျောက် ‘ ငွေတစ်မတ်နဲ့  ငါးချင်းခေါင်းကိုင် ‘ ဆိုသလို ဒီ Subject ကိုဝင်ကိုင်မိ ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ဒီ Subject ကို ကိုယ်စားမပြုသလို ကျွန်တော်ရေးလိုက်တဲ့ စာမှာပါဝင်သွားနိုင်တဲ့ မှားယွင်းချွတ်ချော် တိမ်းစောင်းမှု တွေဟာ ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုကြောင့်သာဖြစ်ပြီး ဒီ Subject မှာ တစ်စုံတစ်ရာ တာဝန် ခံစရာ လုံးဝမရှိပါကြောင်း ပြောချင်ပါတယ်။ အပြုသဘော ဆောင်တဲ့ ဝေဘန်ဆွေးနွေး အကြံပေး ဖြည့်စွက်မှု များကိုလည်း နွေးထွေးလှိုက်လှဲစွာ ကြိုဆို လျက်ရှိကြောင်းပါ ခင်ဗျား။)
SHAPER ရဲ့ သဘောသဘာဝများ
SELF-ESTEEM
SELF-ESTEEM (SE) ကို မြန်မာလိုဘာသာပြန်ရင် မိမိကိုယ်ကို မိမိ လေးစားမြတ်နိုး ဂုဏ်ယူအထင်ကြီး တန်ဘိုးထားမှု လို့  ပြန်ရမယ်ထင်ပါတယ်။ ထက်မြက်တဲ့ SHAPER ( Good OR Bad) တစ်ယောက်ရဲ့ SE ဟာ မြင့်မားပြီး ကျမ်းမာသန်စွမ်းရပါတယ်။ ဒါဟာလည်း ထင်သာမြင်သာတဲ့ အချက်ပါ။ နိမ့်ပါးချူချာတဲ့ SE နဲ့ လူတစ်ယောက်ဟာ ဘယ်သူ့ ပေါ်မှာမှ လွှမ်းမိုးနိုင်ဖို့  မလွယ်သလို လွှမ်းမိုးချင်စိတ်လည်း ရှိနိုင်ဖို့  မလွယ်ပါဘူး။ အဲဒီလို လူမျိုးတွေကတော့ ကောင်းကောင်း ဆိုးဆိုး ထာဝရ လွှမ်းမိုးခြင်းသာ တစ်ဘဝလုံး ခံစား သွားရရှာတဲ့ လူမျိုးတွေပါပဲ။ ဒါကြောင့် SHAPER တစ်ယောက်ဖြစ်လိုသူဟာ အရင်ဆုံး ကိုယ့်ရဲ့ SE ကို ပြန်လည် စစ်ဆေး မြှင့်တင်ကုသဖို့  လိုပါတယ်။ ကိုယ့်မှာ ကိုယ့်ကိုကိုယ် အထင်မကြီးနိုင်လောက်တဲ့ အကျင့်စရိုက်ဆိုး တွေနဲ့  သီလပျက်ပြားမှုတွေရှိနေရင် ပြင်ရပါတယ်။ ကိုယ့်မှာ ဗဟုသုတတွေ နည်းနေရင် ဖြည့်ဆည်းရပါတယ်။ စိတ်ဓါတ်ခိုင်မာ ရင့်ကျက်မှု အားကောင်းလာအောင် လေ့ကျင့်ရပါတယ်။ အတွေးအခေါ်ပိုင်း စူးရှထက်မြက် လာအောင်လည်း ကြိုးစားအားထုတ်ရပါတယ်။
MATURITY
ရင့်ကျက်မှု (MATURITY) ပိုင်းမှာလည်း SHAPER တစ်ယောက်ဟာ သာမန်ထက် ပိုမိုလိုအပ်ပါတယ်။ MATURITY ကို နဲနဲ ချဲ့ ပြောရရင် ဝေဘန်မှုအပါအဝင် လောကဓံတရားအမျိုးမျိုးကို ခံနိုင်ရည်ရှိခြင်း၊ စိတ်ရှည်သီးခံတတ်ခြင်း၊ လိုအပ်ရင် ဥပေက္ခာစိတ်မွေးနိုင်ခြင်း၊ သူတစ်ပါး စိတ်ခံစားမှုကို အလေးထား စာနာနားလည် တတ်ခြင်း၊ စတဲ့ စိတ်ရဲ့ အရည်အသွေးတွေ ပါဝင်ပါလိမ့်မယ်။ စိတ်ထဲတွေးမိတဲ့ ဥပမာလေးတစ်ခုကို ပေးပါ့မယ်။ ကြောင်ကလေးတွေဟာ ငယ်စဉ်အခါမှာ သူတို့ ကို ပင်ပေါင်၊ အဝတ်စ၊ စတာလေးတွေနဲ့  ကလူကျီစယ် တဲ့အခါ မြူးတူးပျော်ပါး ဆော့ကစားတတ် ကြပေမယ့် သူတို့ တစ်ဖြည်းဖြည်း အရွယ် ရလာတာနဲ့  အမျှ အဲဒီစရိုက်ကလေးတွေ လျော့ပါး သွားတတ်ကြပါတယ်။ ဒါဟာ မြင်သာတဲ့ ရင့်ကျက်မှုရဲ့ သဘောတစ်ခုပါပဲ။ စိတ်ဓါတ်ရင့်ကျက်တဲ့ လူတစ်ယောက်ဟာလည်း သူ့ အပေါ်ကျရောက်လာတဲ့ အပြင်က ပယောဂ တွေနဲ့  လောကဓံရဲ့ ကလူကျီစယ်ပြု မှုတွေ အပေါ် မရင့်ကျက်တဲ့ လူတစ်ယောက်လို အခါခတ်သိမ်း ဆတ်ဆတ်ထိမခံ မတုန့် ပြန်တတ်တော့ပါဘူး။ ဥာဏ်ရည်မီတဲ့ သူတိုင်းဟာ သူ့ အသက်အရွယ် နဲ့ အတွေ့ အကြုံ အရ တစ်ဖြည်းဖြည်း ရင့်ကျက် လာတတ်ကြတာ ဓမ္မတာပေမယ့် SHAPER တစ်ယောက်အဖို့ တော့ အဲဒီထက် ပိုရပါလိမ့်မယ်။ ဒါကြောင့် ပိုရင့်ကျက်အောင် အားထုတ်ဖို့  လိုပါတယ်။
အခြေအနေကို နားလည် လက်ခံခြင်း
လူအများကို Shape လုပ်မယ့် SHAPER တစ်ယောက်ကို သစ်သီးခြံကြီးတစ်ခုထဲမှာ သစ်သီးတွေလိုက်ခူးနေတဲ့ သစ်သီးခူးသမားတစ်ယောက်လို မြင်ယောင်ကြည့်ပါ။ သစ်သီးခူးသူဟာ သစ်သီးပင်တွေ တစ်ပင်ကနေ တစ်ပင် ကူးလို့  သစ်သီးတွေခူးတဲ့အခါ ရင့်မှည့်ပြီး ခူးသင့်တဲ့ သစ်သီးတွေကိုသာ ရွေးခူးပါတယ်။ မခူးသင့်သေးတဲ့ အသီးတွေကို တွေ့ တဲ့အခါ အဲဒီအပင်အောက်မှာ အချိန်ကုန်ခံပြီး ခူးလို့ ရတဲ့အချိန်ထိ စောင့်ဆိုင်းမနေပါဘူး။ နောက်ပြီး သုံး လို့ မရတော့တဲ့ သစ်သီးပုပ်တွေ တွေ့ တဲ့ အခါလည်း ငေးမှိုင်ကြေကွဲရင်းနဲ့  သူ့ အချိန် တွေကို မဖြုန်းတီး ပစ်ပါဘူး။ ကျန်နေတဲ့ ခူးသင့်တဲ့ အသီးများကိုသာ ဆက်လက်ရှာဖွေ ခူးဆွတ်ပါတယ်။ ဒါဟာ သူ့ လုပ်ငန်းအပေါ် သူနားလည် လက်ခံထားရမယ့် ရိုးစင်းတဲ့ အခြေခံ အချက်တွေထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။ SHAPER တစ်ယောက်အနေနဲ့ လည်း အလားတူ အခြေခံ သဘောတရားတွေကို ကြိုတင် စဉ်းစား တွေးခေါ်ပြီး လက်ခံကျင့်သုံးတတ်ဖို့ လိုပါတယ်။ SHAPER တစ်ယောက်ဟာ သူရည်ရွယ်ရာ SHAPEE တစ်ယောက်ကို အတိုင်းအတာတစ်ခုအထိ Shape လုပ်နိုင်နေသမျှ ဒါဟာ သူ့ ရဲ့ Achievement လို့ မှတ်ယူပီတိ ဖြစ်ချင်ဖြစ်မှာ ဖြစ်ပေမယ့် Shape မလုပ်နိုင်ခဲ့ရင်လည်း အားငယ်စိတ်ပျက် မသွားပါဘူး။ ဒါဟာ လည်း အထက်က ပြောခဲ့တဲ့ အတိုင်း အခြေအနေကို နားလည်လက်ခံနိုင်စွမ်း ရှိလို့ ပါ။ ဒီလိုသာ မဟုတ်ဘူးဆိုရင်တော့ သူကိုယ်တိုင်ဟာ Shape လုပ်ခံရတဲ့ SHAPEE တစ်ယောက် ပြန်ဖြစ်မှန်းမသိ ဖြစ်လို့ နေပါလိမ့်မယ်။
လေးစားစွာဖြင့်
လွင်မင်းခန့် (1/7/09)
4 comments:
တွေးတတ်ရေးတတ်လွန်းပါတယ်အကို
မှတ်သားထားပါ့မယ်
လေးစားစွာဖြင့်
စေတနာ
ကိုလွင်မင်းခန့် ရေ
ဖတ်၊မှတ် လို့ ကောင်းသလို တွေးလို့ ကလည်း ကောင်းပါ့ဗျာ။
တိုက်တိုက်ဆိုင်ဆိုင် ဟိုတနေ့ က သူငယ်ချင်း ၂ ယောက်နဲ့  အဲဒီလို ခင်ဆင်ဆင် ခေါင်းစဉ်မျိုး ပြောဖြစ်ကြသေးတယ်။ Bottom Line ကတော့ ကျွှန်တော်တို့  နေထိုင်တဲ့ ပတ်ဝန်းကျင် မှာရော ၊ နေရာတိုင်းမှာပါ Shaper တွေ များများရှိလာ စေချင်တာ။ Shaper တွေရဲ့  Charateristic ကိုဖတ်ရတာ အားဆေးသောက်ရ သလိုပါပဲ ။
ရာခိုင်နှုန်းတွေ များတဲ့ Shapee တွေကရော သူတို့ ရဲ့  ခံယူကျင့်သုံးမှုတွေကို Shaper တွေနဲ့  မတွေ့ မိ သေးခင် မိမိကိုယ်ကို ဘယ်လိုစပြီး ပြင်ဆင်ကြမှာလဲ ?ပတ်ဝန်းကျင်၊ အပေါင်းအသင်း တွေကနေ လိုအပ်တဲ့ Support တွေကို ဘယ်လိုရယူမှာလဲ ? (Shaper က ကိုယ့်ပတ်ဝန်းကျင်မှာ မရှိသေးဘူးဆိုပါဆို့  ) ။ တော်တော် တွေးခိုင်းတာပဲ နော် ။ အင်း .....အဲဒီလောက် စ တွေးမိရင်ကိုပဲ အဖြေက အနှေး နဲ့  အမြန် နောက်ကလိုက် လာမှာပါ ။ ပထမ ခြေလှမ်းက ကိုယ့်ရဲ့  Confort Zone Life Style ထဲကနေ ထွက်ဖြစလိုက်ဖို့ ပါ ။ (နောက်အချိန်ရ မှပဲ ကျွန်တော့ရဲ့  Favourite Confort Zone ကို Share ပါအုံးမယ်)
ကျွန်တော်တို့  မြန်မာလူမျိုး အများစုက အလုပ်တစ်ခုခု လုပ်ရင် တစ်ခါတစ်လေ ရော၊ များသောအားဖြင့်ပါ ရှေးလူကြီးတွေ ပြောသလိုပဲ ရေတက်တုန်း ငါးစင်ရိုင်း ဖြစ်တတ်ကြတယ် (အဆိုတော် ရဲလေးပြောသလို ပြောရရင် .... ထိပ်ဆုံးမှာ ကျွန်တော်ပဲ)။ Shaper တွေရဲ့  Support က ဘက်ပေါင်းဆုံက ရှိနေတာတောင် Self Commitment က အားနည်းတတ်ကြပါတယ်။ `သက်ဝင်မှု၊ ယုံကြည်မှု၊ သိမြင်မှု ` ဆိုတဲ့ ဝေါဟာရ တွေက ကျွန်တော်တို့  ငယ်ငယ်ကတည်းက ကြဖူးခဲ့ကြတာပါ။ အဲတာကို နဲနဲထက်တွေး ကြည့်လိုက် တော့ သက်ဝင်မှု (သို့ ) ယုံကြည်မှု ဆိုတာ သိမြင်မှု (အပြည့်အစုံ သိရှိနားလည်မှု) မရှိမှ ဖြစ်ပေါ်မှာပါ ။ သိမြင်နားလည် သည် နှင့် တပြိုင်နက် ယုံကြည်မှု ဆိုတဲ့ ပြဿနာ မရှိနိုင်တော့ပါ။
သိမြင်မှုကိုတော့ ရှေးက ဘုရားဟော ကျမ်းစာများတွင် `ကျောက်မျက်ရွှဲ (သို့ ) ဖန်ခါးသီး ကို လက်ဝါးပေါ်တွင် မြင်ရသကဲ့ သို့  သိမြင်သဘောပေါက် နားလည်သည်`ိုဆိုတဲ့ အသုန်းအနှန်းများ ဖော်ပြလေ့ ရှိတယ်လို့  မှတ်သားဖူး ပါသည်။ လက်ထဲတွင် `ကျောက်မျက်ရွှဲ (သို့ ) ဖန်ခါးသီး ကို ဆုပ်ထားတယ်လို့  သူများကပြောပါက ကိုယ်တိုင်မျက်စိဖြင့် မမြင်ရသော ကြာင့် ယုံကြည်ရသော အဆင့်မျှသာ။ လက်ဝါးကို ဖြန့်  ကာ ထုတ်ပြပါမူ မျက်စိဖြင့် ကိုယ်တိုင် မြင်ရပြီ
ဖြစ်သောကြောင့် ယုံကြည်ရုံမကတော့ ပေ။ အကြောင်း အရာတစ်ခုကို အဟုတ်အမှန် ရှိသည် ဖြစ်သည်ဟု ပြည့်စုံခိုင်ခံ့စွာ သိရှိခြင်း ဖြစ်သည်။
ကိုလွင်မင်းခန့် ရေ - အကယ်လို့ သာ ၈၀% လောက်ရှိတဲ့ Shapee တွေ ဘာပဲလုပ်လုပ် ကိုယ့်ကိုကိုယ် များများတွေး ၊ များများမေးကာ သာမန် သက်ဝင် ယုံကြည်မှုပေါ်တွင် အခြေမပြုပဲ မြင်မှု၊ သိမှု၊ ကိုယ်တိုင် ကျေကျေ နပ်နပ် သိရှိ နားလည်မှုပေါ် အခြေခံပါက ရှေးလူကြီးတွေ ပြောတဲ့ ရေတက်တုန်း ငါးစင်ရိုင်း ဆိုတာကို အခု/ နောင် ခေတ်လူငယ်တွေ ပုံပြင်တွေ ပါလို့  ပြောမယ်နဲ့  တူပါတယ် ။ အဲဒါအပြင် Shaper တွေရဲ့  Guidance တွေကိုပါ လက်ခံကျင့်သုံး လိုက်လို့ ကတော့ ...အိုး...ဘာပြောကောင်း....အခုလက်ရှိ ကိုယ့်ပတ်ဝန်းကျင် အတွက်ရော ၊ အမိ မြန်မာပြည်ကြီးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ မျိုးဆက်သစ် မြန်မာလူငယ်တွေ အတွေးထဲမှာ တန်းစီနေပါ ရောလားဗျာ.....။
အမရပူရသား
SHAPER & SHAPEE 2 ကို လာရောက် သင်ယူနာခံသွားပါတယ်။ ကျေးဇူးလည်းတင်တယ် အကို...
ဖတ်သွားပါတယ်
Post a Comment