Tuesday, July 14, 2009

ကျွန်တော်တို့တွေ ဘာကို ရင်းနှီးကြမလဲ

ကျွန်တော်တို့ နေစဉ်လူနေမှူ ပတ်ဝန်းကျင်မှာရော ၊ ကိုယ်ကိုယ်တိုင်ရော ပြောခဲ့ဖူးကြတဲ့ ၊ ပြောနေကြတဲ့ စကားလေး တစ်ခွန်း ရှိပါတယ် ။ ကျွန်တော် ပြန်သတိဖော်ပေးလိုက်ရင်.. သြော် .. ဒါလား .. ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားဦးမှာပါ။ ဒါပေမယ့် ကျွန်တော် တို့ ပြောခဲ့ကြဖူးပါတယ်။ ဒါဘာလဲဆိုတော့ . . .

ငါ့မှာ အရင်းအနှီး သာရှိလို့ကတော့ ကွာ

ဆိုတာပါ။ ကျွန်တော်တို့ ဆိုလိုတဲ့ အရင်းအနှီးဆိုတာ ဘာကို ဆိုလိုတာလဲ ဆိုတာ ကိုယ်တိုင် တွေးဖူးပါသား ။ ယေဘုယျ ပြောမယ်ဆိုရင် လိုအပ်တဲ့ အရင်း အနှီးဆိုတာ ငွေ ကိုပြောတာပါ။ ရွှေရောမပါဘူးလား လို့တော့ မကပ်ပါနဲ့ (ပိုက်ဆံကိုပြောတာပါ) ကျွန်တော် ကိုယ်တိုင်လည်းပြောခဲ့ဖူးပါတယ်။. ငါ့မှာသာ အရင်း အနှီး ရှိလို့က တော့ ဆိုတဲ့စကားလေးကိုပေါ့ဗျာ..မိတ်ဆွေတို့လည်း ပြောခဲ့ဖူးမယ်ထင်ပါတယ်။

ပိုက်ဆံဆိုတဲ့ အရာ မရှိရင် ခင်ဗျားမှာ ရင်းနှီးစရာမကျန်တော့ဘူးလား။ ခင်ဗျား ဟာ ပိုက်ဆံရှိမှ အလုပ်လုပ်တတ်တဲ့ လူစားမျိုးလား။ ပိုက်ဆံမရှိဘဲ ဘာအလုပ်လုပ်မှာလဲ လို့မေးချင်မေးလို့ရပါတယ်။ ပိုက်ဆံရှိတဲ့ သူမှ အလုပ်လုပ်နိုင်တော့မှာလား ။ တစ်နည်းအားဖြင့် ပိုက်ဆံရှိမှ အရင်းအနှီးဆိုတာ ဖြစ်လာတော့မှာလား။

ပိုက်ဆံကိုရင်းနှီးနိုင်ရင်ပိုကောင်းတာပေါ့ဗျာ ကဲ .. ပိုက်ဆံကိုလူတိုင်း ထုတ်ရင်းနိုင်တာမှမဟုတ်တာ ကိုယ် က ပိုက်ဆံထုတ်မရင်းနိုင်လို့ဆိုပြီးလက်လျှော့လိုက်တော့မှာလား မလုပ်လိုက်ပါနဲ့ဗျာ..

ခင်ဗျားမှာပိုက်ဆံမရှိဘဲ ပညာ ရှိနေလျှင် ပညာ ကို ရင်းပါ

ပညာလည်း မရှိဘူး ပိုက်ဆံလည်း မရှိဘူးဆိုရင်တောင် ခင်ဗျားမှာ ခြေလက် အစုံ နဲ့ ခင်ဗျား အင်အား ကို ရင်းနှီးပါ

ဘာမှကိုယ်မရှိဘူးဆိုရင်တောင် ခင်ဗျား ရဲ့ ကိုယ်ကျင့်တရားနဲ့ ရိုးသားမှူ ကို ရင်းပါ။

( ဒီနေရာမှာ အတွေးမှားနိုင်ပါတယ် ကိုယ်ကျင့်တရားနဲ့ ရိုးသားမှူ ကိုရင်းပါ လို့ ဆိုလိုတာ ဟာ .. ရောင်းခိုင်းတာ မဟုတ်ပါ။ ရင်းတာနဲ့ ရောင်းတာ ကို မရောနှောစေချင်ပါ .. ဆန့်ကျင်ဖက်အဓိပါယ် ဖြစ်နေပါတယ်။ )

ဒီပို့စ်မှာ ကျွန်တော် အဓိက ထားပြီး ပြောချင်တဲ့ အကြောင်းကတော့ ရင်းနှီးလို့ရတဲ့ အထဲမှာ ခင်ဗျား ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ ရိုးသားမှူ ဆိုတာပါတယ်ဆိုတာကိုပါ။

သင့်မှာသာ ပျင်းပြတဲ့ ဆန္ဒတစ်ခု ဖြစ်နေပါစေ.. သင်ပြောတဲ့ စကား .. သင်ပြုတဲ့ အမူအရာတွေ မှာ ဒီဆန္ဒကလေး ရဲ့ သက်ရောက်မှူ ကအများကြီးပါ။ ဒါကို တဖက်သား တွေ့တဲ့ အခါ ကိုယ့်ရဲ့ ဆန္ဒပြင်းပျမှူ ပမာဏကို ကျွန်တော် လှိုင်း ကလေး နဲ့ တင်စားပါရစေ ။ ရေလှိုင်း လိုမျိုး မဟုတ်ပါဘူး .. မမြင်ရတဲ့ လေလှိုင်း လိုမျိုးပါ ။ ကိုယ်နဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်က လူတွေ စကားပြောတဲ့ အခါ ၊ ပြုမူ လှုပ်ရှားတာကို လေ့လာ ကြည့်စမ်းပါ။ သူတို့ ဆီက လှိုင်း တစ်မျိုး ကိုယ့်ဆီကိုလာရိုက်ပါတယ်။ ဒီလှိုင်းအပေါ်မှာ အခြေခံပြီး ဒီလူကို ကျွန်တော်တို့ က comment လုပ်ကြတာလေ။ ဘာဖြစ်တယ် .. ညာဖြစ်တယ်ပေါ့ဗျာ။ ဒီလောက်ဆို ပေါက်ပါတယ်.. ဟုတ်တယ်မို့လား..

ဒီတော့ ကိုယ့် ဖြစ်ချင်တာ .. လုပ်ချင်တာ တစ်ခု အတွက် စိတ်ဓာတ်ခွန်အား ကို အဆုံး စွန် ထိ တင်ထားပါ ( Tempo မြှင့်ထားပေါ့ဗျာ) ကိုယ်ကျင့်တရားဆိုတာ တစ်ချိန်မှာ ကိုယ့်ကိုယ်ကယ်မယ့် ကယ်တင်ရှင်လို့ စိတ်ထဲမှာ အသေမှတ်ထားပါ။ မှန်ပါတယ် ။ ဒီနေရာရောက်မှ ပေါ်လာတဲ့ စိတ်ကူးလေးပါ။ သဘောကျလို့ နည်းနည်း ကွန့်မယ်နော်။ ကိုယ်ကျင့်တရား ဟာ တချိန်မှာ ကိုယ့်ကို ကယ်တင်မယ့် ကယ်တင်ရှင်တဲ့ လား ။ စဉ်းစား ကြည့်လိုက်ပါဦး

ဒုက္ခမရောက်တဲ့ သူဆိုတာ ရှိပါသလား

လူတစ်ယောက်ကို ကူညီဖို့ စဉ်းစားရင်ဘာကို မိတ်ဆွေ ဘာကို အရင်စဉ်းစားမလဲ

သူတပါး အကူအညီကို ကျွန်တော်တို့ တောင်းယူဖို့ လိုရင် ကျွန်တော်တို့ ဖက် က ဘာကို ပြပြီး တောင်းရမှာလဲ

ကိုယ်ကျင့်တရား ပါခင်ဗျား. . .

အသက်အရွယ်ကြီးတာငယ်တာ

မျိုးရိုး

လူမျိုး

ဘာသာ .. စတဲ့ အရာတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဒီပိုစ့်ထဲက အကြောင်း အရာ ကို အဆုံးအဖြတ်ပေးနိုင် သူဟာ အခု ဒီစာကို ဖတ်နေတဲ့ သူကိုယ်တိုင်သာဖြစ်ပါတယ်ခင်ဗျာ။ ဒါလဲ ဖတ်နေတဲ့ သူကိုယ်တိုင် အတွက် သီးသန့်ပါ။ ဟုတ်တယ်နော်

ကဲ ငါ့မှာ အရင်းအနှီးသာရှိလို့ ကတော့ ကွာ . ဆိုတဲ့ ကိုကို ၊ မ .. မ .. ညီ .. နှမလေး တို့ရေ ..

အရင်းအနှီးမရှိတာလား

အရင်းအနှီးကို မသိတာလား ..

ဒါမှမဟုတ် မသုံးတတ်တာလား

သုံးရကောင်းမှန်းကို မသိတာ လား ကဲ .. အများ ကြီးနော် မေးခွန်းတွေ

အရင်းအနှီး ဟာ လူတိုင်းမှာ ရှိပါတယ်။ အသုံးတည့်အောင် သုံးနိုင်ဖို့ ကြိုးစားရင်း .. ဘ၀ လှေခါးတွေမှာ အဆင့်ဆင့် မြင့်တက်နိုင်အောင် ကြိုးစားနိုင်တဲ့သူတွေ ဖြစ်ကြပါစေဗျာ..

နောက်ဆုံးအနေနဲ့ကတော့

ကိုယ့်မှာ ရှိနေတဲ့ အရင်းအနှီးကို အရင်သိအောင်လုပ် ၊ သိရင် စိတ်ဓာတ်ခိုင်မာအောင်မွေး ၊ ရင်းနှီးရဲပါစေ

အဲ အရေးအကြီး ဆုံးနဲ့ မ မေ့ ရမှာက ..

ကျွန်တော်တို့ ဒုက္ခရောက်နေရင် ကျွန်တော်တို့ကိုကယ်တင်မယ့်သူက ကျွန်တော်တို့ ရဲ့ ကိုယ်ကျင့်တရားပဲ ။ ဒီကိုယ်ကျင့်တရား ဆို တာ ကိုယ်တိုင် တည်ဆောက်နိုင် ၊ ဖျက်ဆီးနိုင်တဲ့ ကိုယ့်လက်ထဲမှာပဲ ရှိတဲ့ အရာ ဆိုတာကိုပါ..

ဒီပိုစ့်ကလေးက တွေးစရာလေး တစ်ခုလောက် ပေးနိုင်တယ်ဆိုရင်တောင် .. နေစိုးနိုင်တယောက် လက်ညောင်းရကျိုး နပ်ပြီလို့ မှတ်ယူပါကြောင်း..

လေးစားစွာဖြင့်

နေစိုးနိုင်


5 comments:

Anonymous said...

Napoleon Hill ကပြောခဲ့တယ်....“Do not wait; the time will never be “just right.” Start where you stand, and work with whatever tools you may have at your command, and better tools will be found as you go along.“ တဲ့.....
ဘာမရှိလို့ ..ညာမရှိလို့ ..ဆိုတာတွေက ဖျင်းတဲ့သူတွေ ပျင်းလို့ ပေးတဲ့ ဆင်ခြေတွေပါပဲ...အလုပ်အကိုင် အကြံအစည်တစ်ခု အောင်မြင်ဖို့  ထိုက်သင့်တဲ့ အခြေအနေနဲ့  အချိန်အခါ လိုအပ်တာမှန်ပေမယ့် အဲဒါတွေကို ဘာမှမလုပ်ပဲ ထိုင်စောင့်နေရမှာမှ မဟုတ်ဘဲ။ တတ်နိုင်သလောက် ဖန်တီးယူကြရမှာ ပေါ့။ အဲဒီလိုဖန်တီးရင်းနဲ့ မှ ကိုယ်ထင်ထားသလောက် မခက်ခဲတာတွေ၊ ကိုသိခဲ့တာတွေထက် ပိုကောင်းတဲ့နည်းလမ်းအသစ်တွေ တွေ့ မြင်လာကြရတာ မဟုတ်လား။ ကဲ နေစိုးနိုင်..အရမ်းကောင်းတဲ့ ပို့ စ်လေး တစ်ခုပါပဲ။ မင်းလက်ညောင်းရကျိုး နပ်ရုံအပြင် အများကြီး ပိုမှာပါ။ လေးစားပါတယ်။

လွင်မင်းခန့် 

Unknown said...

ကိုနေစိုးနိုင်ရေ
အထူးပဲ သတိရနေပါတယ်။ စာတွေဖတ်သွားပါတယ်။
အရင်လိုပဲ တွေးစရာတွေ ပေးနေတာမို့ ပိုလိုသတိရ မိပါတယ်
အောင်စည်ဟိန်း

Angel Shaper said...

ကိုနိုင်ကြီးရေ..... အများကြီးပေးလိုက်တာပဲ။
လက်ညောင်းရကျိုးထက်ပိုတဲ့ရောင်ပြန်အသီးတွေ
တွေ့ ရမှာမုချပါ။
ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားနဲ့ ၊ ရရှိထားတဲ့ အရင်းအနှီးလေးကို သိပြီး အသုံးချတတ်တဲ့၊ အသုံးချရဲတဲ့၊ စိတ်ဓာတ်ကြံ့ခိုင် အောင်မြင်သူ တစ်ယောက် ဖြစ်ချင်ပါတယ်။ ဖြစ်အောင်လဲ ကြိုးစားသွားပါ့မယ်။ အကိုက သမီးစိတ်ဓာတ်လေးတွေကို ပိုမိုရင့်ကျက် ရဲရင့်လာအောင် SHAPE ပေးတဲ့ သမီးရဲ့ SHAPER ကောင်းတွေထဲက တစ်ယောက်ပါ။
ကျေးဇူးလည်းအများကြီးတင်သလို ပိုမို ချစ်ခင်လေးစားရပါတယ်။

Anonymous said...

အစ်ကိုနေစိုးနိုင်ရေ။။။ရေးတက်တွေးတက်မေးတက်
လိုက်တာ။ ညီမကိုယ်တိုင်လဲ ဒီလိုစကားမျိုးလေး
တွေပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့..ညီမယုံကြည်
တာကလည်း စိတ်သာလျှင်အဓိက၊ စိတ်သာလျှင်အောင်နိုင်ရာ။လိုချင်တဲ့အရာ
များအတွက် ...ပြင်းပြတဲ့စိတ်ဆန္ဒ ရှိနေခဲ့ရင်
နည်းလမ်းတွေဟာ သူ့ အလိုလိုဖြစ်လာတက်
တယ်။ ကိုယ်ကသိလိုက်တာနဲ့ မသိလိုက်တာပဲ
ကွာသွားတာ။ ဒါက...ညီမခံယူချက်ကိုပြောတာ
ပါ ..အစ်ကို။ ကိုယ်ကျင့်တရားနဲ့ ရိုးသားခြင်း။
အင်း....တန်ဖိုးအရှိဆုံးနဲ့ ဘယ်တော့မှပြောက်
ကွယ်မသွား၊ လျှော့ပါးမသွားမဲ့ အရင်းအနှီးတွေ
ပါ။။။:)
ခင်မင်လေးစားလျှက်...ခင်မာလာအောင်...

နေစိုးနိုင် said...

ဒီလို ကွန်မန့်တွေကြောင့် အားရှိရပါသည်
ကြိုးစားပါဦးမည်