Sunday, July 12, 2009

မြှုံးငါး

စုန်ချီ တခါ
ဆန်ချီ တလှည့်
ဦးတည့်ရာ
ပျော်တဲ့ ငါ့ .. ဘဝ

မြစ်ပြင်ကျယ်
ဒီရေတောမှာ
အထူး ထူးနော်
ကူးလူးခါ ပျော်ခဲ့ ငါ့ .. ဘဝ

လမ်းသစ်ကိုမြင်
လမ်းဟောင်းကို ကြင်တော့ဘူး
သစ်မြင်ရာ ခြေကုန်သုတ်
ဟုတ်တော့ ဟုတ် နေတာပဲ . .

ဘေး ဘယ် ညာ
ကာရံထား
ရှေ့ နောက် လည်း မလပ်ပါဘူး
နံရံတွင်း ငါ့ဘဝ
ထွက်ပေါက်ကိုရှာ
ပင်ပန်းကာ အချိန်ကုန်သွားသော်လည်း
လာလမ်းကို ပြန်ကာ ကြည့် . .

ဟင်း... မှတ်မိတော့ဘူး.....

နေပူထဲ ဆိုင်ကယ်စီး ရတာ ပျင်းတာနဲ့ မြစ်ဆိပ်သွားထိုင်နေရင်း က ဒီကဗျာ ဖြစ်လာရော ဆိုပါတော့ဗျာ..


လေးစားစွာဖြင့်
နေစိုးနိုင်

4 comments:

ရေတမာ said...

ဖတ်လိုက်ရမှဖြင့် တကယ်ကို စာကောင်း ကဗျာကောင်းတွေကြီးပဲ.. ရင်းလို့ပြောတာမဟုတ်ပါဘူး။ ကိုနိုင်လက်ရာတွေ ပြန်တွေ့ရတော့ ၀မ်းသာပါတယ်။
ကဗျာတွေသိပ်မခံစားတတ်ပေမယ့် ကြိုက်တဲ့ ကဗျာတွေထဲ ဒီကဗျာပါ ပါတယ်။ မြှုံးမိနေတဲ့ ဘ၀တွေကို မြင်ယောင်လာတယ်။ ရုန်းထွက်ဖို့လည်း ကြိုးစားနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

ရေတမာ said...

ရုန်းချင်မှလည်း ရုန်းမိလိမ့်မယ်.. ပြုံးစိစိနဲ့ မြှုံးမိတဲ့ငါးပမာလည်း လုပ်ချင်လုပ်မိလိမ့်မယ်

Anonymous said...

လူထက်
မင်းရဲ့စာတွေကို ပိုလွမ်းနေမိတဲ့
ကိုယ့်လိုလူအတွက်
အလွမ်းပြေစေတဲ့
ကဗျာလေးများပဲ ဖြစ်ပါကြောင်း...

စေတနာ

Angel Shaper said...

ကိုနိုင်ကြီးရေ နားတော့သိပ်မလည်ပါဘူး။
လမ်းဟောင်းများ မမှတ်မိလည်း ဘာမှမဖြစ်ဘူး၊
လမ်းသစ်မှာပျော်အောင် သာနေလိုက်ကြမယ်လေ ဟုတ်ဘူးလား။
တို့ ကိုနိုင်ကြီးတစ်ယောက် လမ်းသစ်လေးမှာပျော်ရွှင်စွာနဲ့ အောင်မြင်ပါစေ။