Sunday, July 12, 2009

မြင်ကွင်း

လမ်းတဖက် မှာပ
သူ့အမြီးကို အပေါ်ထောင်
ခေါင်းကလေး တ မော့ မော့
ကြော့ကြော့လေးသွား
အမြှီးလေးများ တစ်ထောင် ထောင်နဲ့ . .
လက်ရပ်ပြီး ခေါ်နေသယောင် ပါပဲ . . .

ကိလေသာ လှိုင်းတစ်လုံး
သိမ်းကျုံးလို့ ကုန်း အထ
စိတ်ထိမ်းကာရချင်တော့ဘူး . . .

ဒီလမ်းကို ဖြတ်ခါကူး
မြူးတူးကာ နှစ်ကိုယ်ပျော်ဖို့
ဘေးဘယ် ညာ
မကြည့်အားတော့ဘူး
ကဲ....ကူးလိုက်ပြီနော် . .

ကျွီ .... ခနဲ
အုန်း ... ခနဲ မြည်ပြီး
ဘုန်း .. . ခနဲ လဲကျ
အော်ဖို့တောင် အချိန်မကျ
သေခဲ့ရ ခွေးမိုက်တစ်ကောင်ပေါ့

ကဲဗျာ .. နေစိုးနိုင် စာမရေးဘူးပြောကြဦး ..သူငယ်ချင်းတွေက စာရေးပါ .. ရေးပါ .. ဆိုတော့ စဉ်းစားတယ် ဘာရေးလို့ ရေးရမှန်း မသိ ။ ကြိုရေးထားပြန်တော့လည်း ဘလော့မှာ ရှိနေတဲ့ အကြောင်း အရာတွေနဲ့ က ဟာမိုနီ မဖြစ်ပြန်။ ဒီလိုနဲ့ ဘာမှ မတင်ဖြစ်တော့ဘူး။ ဒီနေ့တော့ အချိန်လေး နည်းနည်း ရတာနဲ့ အင်တာနက်သုံး မယ် ဟဲ့ ဆိုပြီး အလာ မြင်ခဲ့ရတဲ့ မြင်ကွင်း ကလေး အကြောင်း ပါခင်ဗျား...

နေစိုးနိုင် ကို မျှော်လင့်ချက်ကြီးနဲ့ ဘယ်လို စာတွေ များရေးမှာလဲ လို့ မျှော်နေတဲ့ သူငယ်ချင်း များ ကို တော့ အားနာပါတယ်ဗျာ ။ စ စ ရေးချင်း ခွေးဇာတ် ဖြစ်နေတယ်။ သူငယ်ချင်းတို့ ဖတ်ဖူးလောက်ဖူးထင်လို့ အသစ် အဆန်းလေး တွေ လျှောက်တွေးလိုက်ဦးမယ်။

လွတ်လပ်စွာကွဲလွဲကြပါကုန်

လေးစားစွာဖြင့်
နေစိုးနိုင်

3 comments:

ရေတမာ said...

မြင်ကွင်းထဲကို ထင်းကနဲ မြင်လောက်အောင်ကောင်းပါတယ်။ ကိလေသာအရေး အန္တရာယ်ကိုတောင် မမြင်နိုင်လောက်အောင် မဖြစ်သင့်ကြောင်း သတိထားဖို့ မှတ်သားသွားပါတယ်

Angel Shaper said...

ဘာပဲပြောပြော အကို့ စာလေးပြန်ဖတ်ရလို့  ပျော်မိတယ် တကယ်။
အရာရာတိုင်းမှာ အန္တရာယ်ကို မမြင်နိုင်လောက်အောင် မရူးသွပ် သင့်ကြောင်းလေး မှတ်သားသွားတယ်.
ကျေးဇူးပါ ကိုနိုင်ကြီးရေ...

လွင်မင်းခန့်  said...

ကဲ..ကိုပြောတယ် မဟုတ်လား...အဲဒီလောက်ဆို မြင်ကြပါပြီ...လို့ .....