ညအခါ..
လ လေးများသာရင်ဖြင့်...
ငြိုငြင်စွာ နေမထိ
သူတို့  ထဆူမိကြတယ်.....
ဇရပ် တကာရောက်
ကျွေးတာတွေ စားသောက်ပြီးရင်
အန်ချင်အန် ထွေးလိုထွေး
အညစ်အကြေး စွန့် ချင်စွန့် တတ်တဲ့..
တစ်ခါတစ်လေ ဖုန်ထမလား
ခုန်ပြလား... ခုန်ပြရဲ့ ....
တစ်ယောက်တစ်လေ အိပ်ပျက်မလား
နှိပ်စက်လား... နှိပ်စက်ရဲ့ ....
မုန်းစရာကောင်းတဲ့ သတ္တဝါတွေပေါ့......
တစ်ကယ်တော့ သနားစရာ...
တရားလည်း မနာတတ်...
အမှားလည်း မရှာတတ်...
ခမျာတွေ ရွာပတ်ပြီး မျောပေမယ့်
အကုသိုလ် ဇောတွေနဲ့ 
မောရင်တော့ ငြိမ်သွားမှာ....
မေတ္တာသာ ပို့ ကြပါစို့ .....
လွင်မင်းခန့်  (10/05/09)
ျမှတ်ချက် ။ ။ အမြှီးထောင်ထောင် နှင့် ဟိုဟောင် ဒီဟောင်လုပ်နေသူ .. ဟို အကောင် .. ဒီ အကောင်များ အတွက် ရည်စူး၍ ရေးဖွဲ့ထားခြင်းဖြစ်သည်။
ျမှတ်ချက် ။ ။ အမြှီးထောင်ထောင် နှင့် ဟိုဟောင် ဒီဟောင်လုပ်နေသူ .. ဟို အကောင် .. ဒီ အကောင်များ အတွက် ရည်စူး၍ ရေးဖွဲ့ထားခြင်းဖြစ်သည်။
3 comments:
ငါ့အကိုကတော့လေ
ရေးပဲရေးတတ်ပလေ့
စေတနာ
စကားလုံးလှလှလေးတွေနဲ့
ပြောလိုတဲ့ လိုရင်းကို
ထိထိမိမိ ပြောသွားနိုင်တဲ့
ကိုလွင်မင်းခန့်ကို
လေးစားပြီးရင်းလေးစားရင်
အမြှီးထောင်ပြီးဟောင်နေတဲ့ ကောင်တွေ့ရင်တော့ စွေ့စွေ့ခုန်နေမှာ မြင်ယောင်သေးတယ် .. ဖုန် ကလေးဘာလေး ထ လို ထ ငြားပေါ့..
ဟိ... ကဗျာက မိုက်တယ်
Post a Comment