Wednesday, May 6, 2009

ကံ

၃ လ သား ရွယ် ကလေး လေး တစ်ယောက် ပုခက် ထဲမှာ နှစ်နှစ်ချိုက် ချိုက် အိပ်နေလေရဲ့ ။ အဖွားဖြစ်သူ က ပုခက် ကို လွှဲပေးနေတာပေါ့။ အဖွားတို့ အိမ်မှာ က တောင်သူ လုပ်ငန်း လုပ်တဲ့ အိမ်ဖြစ်တာ ကြောင့် အိမ် ထဲမှာ ၀ါး လုံး များ ကို အကျဲစီ ထားတဲ့ ထပ်ခိုးလေး ရှိတယ်လေ။ ဒီထပ်ခိုး လေးပေါ်မှာ တောင်သူ ပစ္စည်းတွေ တင်ထားတာပေါ့ ။

ဒီနေ့တော့ အဖွားအိမ်မှာ လူတွေစည်ကားနေလေရဲ့။ အဖွားရဲ့ သားတစ်ယောက် မင်္ဂလာဆောင် ရှိလို့လေ။ ရွာက ၀ိုင်း ၀န်း ကူညီ ပေးနေကြတဲ့ လူတွေ နဲ့ အပြည့်ပေါ့ ။ မင်္ဂလာဆောင်မှာ ကျွေးမယ့် မုန့် တွေ လုပ်ပြီး ထပ်ခိုးလေးပေါ်မှာ တင်ထားတာလေ။ အဖွားရဲ့ သမီး ငယ် က အစ်ကိုမင်္ဂလာဆောင်မှာ လာမယ့်ဧည့်သည် အရေအတွက် နဲ့ လုပ်ထားတဲ့မုန့် လောက်မှ လောက်ပါ့ မလား ဆိုတဲ့ စိတ်ကြောင့် မုန့် ဘယ်နှပိဿာ ရှိလည်း ဆိုတာ ထပ်ခိုးလေးပေါ်မှာ တက် ချိန်ကြည့်နေတာပေါ့။

စကားတပြောပြောနဲ့ မုန့်ချိန် နေရာက မထင်မှတ်ဘဲ ချိန်ခွင် က စောင်းပြီး ချိန်ခွင်ထဲ ထည့်ထားတဲ့ အလေး က အောက်ကို ပြုတ်ကျပါလေရော။ အဲ.. ချိန်ထားရင်လွဲမယ်ဗျာ .. အောက် မှာ ရှေ့နောက် ပြေးနေတဲ့ ပုခက် ထဲကို အလေးတွေ တည့်တည့် ကြီး ကို ပြုတ်ကျ သွားပါရောလား။ အလေး က ၂ ခုပါ တခု က ၁ ပိဿာလေး နဲက နောက် တခု က ၅၀ သား လေး ၂ ခုစလုံး ကို ပုခက်ထဲပြုတ်ကျသွားတာလေ။ အားလုံး မှင်သက်သွားကြတာပေါ့ ။ ပုခက်ထဲမှာ က လသား အရွယ် ကလေး ကလေး အိပ်နေတယ်လေ။ အားလုံး က ပုခက် ထဲကို ငုံ့မကြည့်ရဲကြဘူး။ ပုခက် အရှိန်ရပ်တဲ့ အထိ စောင့်နေကြတာလေ။ ကလေးလေး ရဲ့ မိခင် ကတော့ မောင် ဖြစ်သူ မင်္ဂလာဆောင် အတွက် အလုပ်လုပ်နေရာကနေ ပုခက်ရှိရာ ပြေးအလာ လမ်းမှာတင် သတိလစ်သွားလေရဲ့။ ကလေး ရဲ့ အဖိုးဖြစ်သူ ကတော့ ထပ်ခိုးပေါ်က သမီး ကို သတ်မယ် တကဲကဲ နဲ့ ဓါးဝင့်နေတာပေါ့။ နင့် ကြောင့် ငါ့ မြေးသေပြီ ။ နင့် ကို ငါသတ်မယ် ... ဆို တာပဲ ပါးစပ်ကပြောနေတော့ အဖိုးဖြစ်သူ ကို ၀ိုင်း ဆွဲ ကြပေါ့။

ဒီအချိန်မှာ ပဲ ပုခက် အရှိန်သေသွားတော့ အဖွားတို့ အိမ်မှာ ထမင်း ချက် ငှားထားတဲ့ အဒေါ်ကြီး တစ်ယောက် က ပုခက်နား ကပ်ပြီး ကလေး ကိုသွားကြည့်ပါတယ်။

ကလေး လေး က လက်ကလေးနှစ်ဖက် နဲ့ နားရွက်ကလေး တွေ ကိုင်ပြီး အိပ်နေတာပါ။ ထ ပုံသ`ဏ္ဍန် လေးပေါ့။ အဲ အလေး ၂ ခု က ၁ ပိဿာ အလေး က ကလေး ရဲ့ ပေါင် ၂ခု ကြား က ဟနေတဲ့ နေရာမှာ ကျတယ်။ ခြေထောက်ကလေး တွေ ကွေးပြီးအိပ်နေတာလေ။ နောက် ၅၀ သား အလေး ကတော့ လက်နဲ့ ခေါင်းနဲ့ ကြား မှာ ထောင်ရက် ကလေး ကျတယ်။ ဒီ လက်နဲ့ ခေါင်းနဲ့ ကြား က ၅၀ သား အလေး ကို ပြန်ထုတ် တဲ့ အချိန်မှာ ပဲ ကလေး က လွန့်သွားတော့ ထမင်း ချက် တဲ့ အဒေါ်ကြီး က ၀မ်းသာ အား ရ နဲ့ ကလေး မသေဘူး ဟေ့  .. ကလေး မသေဘူး ဟေ့ .. ဆိုတဲ့ အသံကြားမှ အားလုံး ပုခက်နား စုပြုံရောက်လာကြတာပေါ့။ ဒီ၅၀ သား အလေးကို ပြန်နုတ်တော့ ကလေး ရဲ့ နားရွက်နဲ့ မလွတ်ပါဘူးတဲ့ဗျာ။

လောက ကြီးမှာ ဒီလို အံ့သြစရာကောင်းတာတွေ ကလည်း အများသား ကလား ။

ပေါင်ကြားကို ကျသွားတဲ့ ၁ ပိဿာ အလေး ကလည်း လွတ်လွတ်ကင်းကင်း ကျပါတယ်တဲ့ ။

စဉ်းစားသာ ကြည့်ကြပေတော့ဗျာ .. ဘယ်လိုမှ မဖြစ်နိုင်တာကြီး ပါ။ ကလေးက လသား အရွယ် ။ ပုခက် က အရှိန်နဲ့ လွှဲနေချိန် ၊ ကျလာတဲ့ အလေး တွေက အကြီးကြီးတွေ .. တွေး တောင် မတွေးရဲလောက်အောင်ပါပဲ။

ဒီကလေး လေး ကတော့ ဘာမှ မဖြစ်ပါဘူး တဲ့ ခင်ဗျား .. .

မယုံရင် ပုံပြင်လို့ မှတ်လိုက် ပါ .. ဒီ ကလေးလေး ရဲ့ နာမည် ကတော့ နေစိုးနိုင် ပါတဲ့ ခင်ဗျား...

သေကံမရောက်လို့ သက်မပျောက်ခဲ့တဲ့ နေစိုးနိုင် ရဲ့ ငယ်ဘ၀ အကြောင်း ကလေး ပါ.

လေးစားစွာဖြင့်

နေစိုးနိုင်

4 comments:

Anonymous said...

အင်း...တကယ့်ကိုသေကံ မရောက် သက်မပျောက် ဆိုသလိုပါပဲလား နေစိုးနိုင်ရေ...ဒါကြောင့်လည်း ကလေးတွေကို နတ်ကောင်းတွေစောင့်ရှောင့် တယ်လို့  ပြောတတ်ကြတာ ထင်ပါရဲ့ ...အပြစ်လည်း ကင်းကြပေသကိုး..အမြဲတော့လည်း မမှန်တတ်ဘူးပေါ့လေ..ဒါပေမယ့် သေချာတာကတော့ အဲဒီအချိန်က မင်းကို သေမင်းကလက်မခံခဲ့တာ...အချည်းအနှီး တော့ မဖြစ်နိုင်ဘူး နေစိုးနိုင်...တရားထူး တရားမြတ် အတွက်သော် လည်းကောင်း အမျိုး ဘာသာ သာသနာ အတွက်သော်လည်းကောင်း ဖြစ်လိမ့်မယ်...ဒီတော့...သတိလေးထားပြီး...ဒီဘဝကို အချည်းအနှီး မဖြစ်စေနဲ့ ပေါ့...

လွင်မင်းခန့် 

နေစိုးနိုင် said...

ဟုတ်ကဲ့ အစ်ကို
ကျွန်တော် အကောင်းဆုံး
ကိုယ့်ကိုယ်ကိုယ်ထိမ်း နေနိုင်အောင်ကြိုးစားပြီး
အကျိုးရှိမယ့် အလုပ်တွေ လုပ်ပါ့မယ်

flowerpoem said...

ငယ်၂တုံးကမေမေတို့ပြောဘူးတဲ့ စကားရှိတယ်.. ကလေးတွေပြုတ်ကျရင် ဘယ်တော့မှ ဘာမှမဖြစ်ဘူးတဲ့ နတ်စောင့်တယ်လို့ပြောတယ် အဲဒါ တော်၂မှန်တယ် ကိုနေစိုးနိုင်ကြုံရတာတွေများပြီ

Anonymous said...

အစ်ကိုနေစိုးနိုင်ရေ.....တကယ်ပါပဲ...
ကလေးလေးတွေရဲ့ ကံကပြောပြဖို့ တောင်
တော်တော်ခက်တယ်။ အပြစ်ကင်းလွန်းလို့ လေ။
ဒီအချိန်များ...၁၀ သားအလေးပြုတ်ကျမယ်ဆိုရင်
ဖြင့် ဟိဟိ.....:P...နောက်တာပါရှင့်။
ကျေးဇူးတင်တယ်။ အသက်ဆက်ရှင်နေခဲ့သေးလို့ ။
နို့ မို့ ဆို ဒီလိုအစ်ကိုတယောက်နဲ့ ဆုံမှာမဟုတ်ခဲ့
သလို စာကောင်းစာမွန်တွေကို ဖတ်ခွင့်၊ အတုယူ
ခွင့်ရမှာမဟုတ်ဘူး။ ဒါကြောင့်ကျေးဇူး။။။။:)