ဟိုးရှေးရှေးတုန်းကပေါ့ဗျာ ။ ဘုရင်ကြီးတစ်ပါး ရှိပါသတဲ့ ။ သူ့ဆီမှာ အားကိုးယုံကြည်ရာ အမတ်တစ်ယောက်လည်း ရှိပါသတဲ့ ။ မည်သည့်ကိစ္စကိုမဆို အောင်မြင်စွာ ဖြေရှင်းနိုင်စွမ်း ရှိလို့လည်း ဘုရင်ကြီးကို ကျေနပ်မှု အပေးစွမ်းနိုင်ဆုံး ပညာရှိ အမတ်လည်းဖြစ်ပါသတဲ့ ။
ဒီလိုနဲ့ တစ်နေ့ …
ဘုရင်ကြီးရဲ့ လက်ညှိုးတော်မှာ မတော်တဆ နူနာရောဂါဖြစ်ပါသတဲ့ ။ ဒီတော့ ဘုရင်မင်းမြတ် ကသူ့လက်ရုံးအမတ်ကိုပဲ အားကိုးတာပေါ့ ။ ဘာလုပ်သင့်သလဲပေါ့ ။ ပညာရှိအမတ်ကြီးဖြေ လိုက်ပုံက “မှန်ပါ့ ကောင်းဖို့ ဖြစ်လာတာပါ ဘုရား ” တဲ့ ခင်ဗျား ။
ဘုရင်ကြီးကလည်း အမတ်ကြီးက ကောင်းဖို့ ဖြစ်လာတာဆိုတော့ မကုသပဲထားလိုက်တာပေါ့ ။ အဲတော့ လက်က တစ်ဖြည်းဖြည်း ကုတ်ဖဲ့နဲ့ ပုပ်ပဲ့လာတာပေါ့ ။ ကြာတော့ လက်ညှိုးဖြတ် လိုက်ရတဲ့ အဆင့်ရောက်သွားပါကရော ။ ဒီတော့ ဘုရင်ကြီးက အမတ်ကြီးကြောင့်ဆိုပြီး အမျက်တော်ရှပြီး အမတ်ကြီးကို ထောင်သွင်းအကျဉ်းချလိုက်ပါရောဗျ
အဲသိပ်မကြာခင်မှာပဲ ဘုရင်ကြီးဟာ တောကစားထွက်တော်မူပါသတဲ့ ။ အရင်တုန်းကတော့ လက်ရုံးအမတ်ကြီးက အပါးက တစ်ဖဝါးမှ မခွါပဲ လိုက်ပါစောင့်ရှောက်လေ့ ရှိပေမယ့် ခုများ တော့ တစ်ကိုယ်တည်းပဲ တောလည်ရတော့တာပေါ့ ။ဒီတော့ တောကမကျွမ်း ၊ သားကောင် ရလိုဇောနဲ့ နယ်ကျွံမှန်းမသိ ကျွံလာလိုက်တာ လူရိုင်းတွေရှိတဲ့တောကို ရောက်သွားပြီး
လူရိုင်းများရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါသတဲ့ ။ အဲဒီလူရိုင်းတွေရဲ့ ဓလေ့ကလည်း နယ်ကျွံပြီး ရောက်လာတဲ့ သူမှန်သမျှကို သတ်ပြီး ယဇ်ပူဇော်ရပါသတဲ့ ။
ယဇ်ပူဇော်ဖို့ ဘုရင်ကြီးကို ဆွဲခေါ်လာကြပြီး စစ်ဆေးကြည့်လိုက်တော့ လက်ညှိုးပြတ်နေတာ ကိုတွေ့ပါလေရော ။ သြော် သူတို့နတ်မင်းကြီးကလည်း အင်္ဂါမစုံမလင်ဆိုရင် လက်မခံဘူးဆို ပဲ ။ ဒီတော့ ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်ကြတော့တာပေါ့ ။
ဘုရင်ကြီးလည်း နန်းတော်ကို ပြန်လာရင်း လမ်းမှာ စဉ်းစားမိတာက ငါမှားလေခြင်းပေါ့  ။ နန်းတော်ပြန်ရောက်တယ်ဆိုရင်ပဲ အမတ်ကြီးကို တစ်ချက်လွှတ်အမိန့်နဲ့ လွှတ်စေ ပေါ့ဗျာ ။
အမတ်ကြီးက ပြန်လည်ခစားတယ်ဆိုရင်ပဲ သူ့အမှားကိုတောင်းပန်တော့တာပေါ့ ။ ဒီလိုမှန်း မသိလို့ အကျဉ်းချမိတာပါပေါ့ ။ ဒီအခါ အမတ်ကြီးပြန်လည် လျှောက်ထားလိုက်တာက
“ဒါလဲ ကောင်းဖို့ ဖြစ်လာတာပါ ဘုရား” တဲ့ ခင်ဗျားးးးး
ဒီတစ်ခါတော့ ဘုရင်ကြီး နပ်လည်းနပ်သွားပြီ ။ စိတ်ကတော့ ထွက်တာပေါ့ ။ဒီအမတ်နှယ် ကြံကြံဖန်ဖန် ။ ငါသူ့ကို ထောင်သွင်း အကျဉ်းချတာခဲ့တာတောင် ”ကောင်းဖို့”ဖြစ်လာ တာပါလာလုပ်နေသေးတယ် ။ကဲ ဘာကောင်းတာလဲ ရှင်းစမ်းဆိုတော့ …
“မှန်လှပါ ဘုရား ။ အရှင်မင်းကြီး တောကစားထွက်ရင် တပည့်တော်လည်း နောက်တော်ပါး က လိုက်ရမှာပါ ဘုရား ။ အရှင်ဘုရား ဇွဲခတ်လွန်းအားကြီးလို့ နယ်ကျွံရင် တပည့်တော် လည်း လူရိုင်းများ အဖမ်းခံရမှာပါဘုရား ။ အရှင်ဘုရားကတော့ လက်ညှိုးတော်ပြတ်နေလို့
ယဇ်ပူဇော်ဖို့ မဖြစ်လို့ ပြန်လွှတ်လိုက်တာပါ ဘုရား ။ တပည့်တော်ကတော့ အင်္ဂါစုံလင်တာမို့ ယဇ်ပူဇော်ခံရမယ့် ဘေးက လွတ်ကင်းစရာ အကြောင်းမရှိပါ ဘုရား ။ ဒါကြောင့် အရှင်ဘုရား တစ်ပည့်တော်အား ထောင်သွင်းအကျဉ်းချထားခဲ့ခြင်းေ
ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ ။ စေတနာ့ ရင်ထဲမှာ သူငယ်ချင်းတစ်ယောက်လို အစ်ကိုတစ် ယောက်လို ခင်မင်ရတဲ့ သူတစ်ယောက်က စေတနာ့ကို ပြန်လည် မျှဝေတာပါ ။ ချဲတွက်နေခဲ့ တဲ့ ၊ဖဲရိုက်နေခဲ့တဲ့ ၊ ဇယ်တောက်နေခဲ့တဲ့ စေတနာ ။ ဘာလုပ်ရမယ်ဆိုတာကို ဝေခွဲဖို့ နုံနဲ့ နေခဲ့တဲ့ စေတနာ့ကို ဖျတ်ခနဲ အလင်းရစေခဲ့တဲ့ အကြောင်းရင်း တွေထဲက တစ်ခုပေါ့ ။ ကို အောင်စည်ဟိန်းရဲ့ ပုံပြင်နဲ့ သဏ္ဌာန်တူပေမယ့် ပြောဟန်ကွဲတဲ့ ပုံပြင်လေးပါပဲ ။ နောက်ထပ် ဟန်တစ်မျိုးလည်း ဖတ်ဖူးပါရဲ့ ။
စေတနာတွေးခဲ့တဲ့ အတွေးတွေကို ပြန်လည်ဖောက်သည်ချလိုတဲ့ ရည်ရွယ်ချက်ပါ ။ ကိုအောင်စည်ဟိန်းက သတိပေးခဲ့တယ် ဆိုလည်း မမှားဘူးပေါ့ဗျာ ။ သို့ပေသော်လည်း စာပေညီအကိုတွေ ဖြစ်နေတဲ့ ကိုအောင်စည်ဟိန်းကို ဝေဒနာဖြစ်သွားမှာကိုလည်း စိုးမိပါတယ် လေ ။ ကိုအောင်စည်ဟိန်းကို ခွင့်ပြုချက်တောင်းတော့ စာဖတ်သူ ပထမ ၊ စာဖတ်သူ ဒုတိယ ၊ စာဖတ်သူ တတိယ ဆိုတဲ့ ကိုအောင်စည်ဟိန်းရဲ့ စိတ်ဓာတ်ကိုလည်း လေးစားပါတယ်ဗျာ ။ ပုံပြင်ပြောပေးခဲ့ဖူးတဲ့ ကျေးဇူးဆပ်တဲ့ အနေနဲ့ စေတနာ ဘယ်သူဆိုတာ သူငယ်ချင်းသိ အောင် အချက်ပြထားပေမယ့် စေတနာ့ ရည်ရွယ်ချက်ကို သိရင် ရင်ထဲမှာပဲထားလိုက်ပါ ကို…ရယ် ။
ကျေးဇူးတင်လက်စနဲ့ ဆက်တင်ပါရစေလား ။ စေတနာအတွေးထဲမှာ မြင်နေတဲ့ မသဲမကွဲ အတွေးလေးကိုလည်း သူ ထင်ထင်လင်းလင်း ပြနိုင်ခဲ့တယ်လေ ။ စေတနာ့ထက် ပိုမြတ်တဲ့
သီလတွေ ၊ စေတနာ့ထက် ပိုတတ်တဲ့ အဘိဓမ္မာစာတွေကြောင့် စေတနာ့ကို ဘယ်လိုဆဲဆဲ အပြုံးမပျက် ခင်မင်လျှက်ပါ ။ ဒါလောက်သည်းခံတဲ့ စေတနာကို အားမနာပဲ စေတနာ့ညီမ
တွေကိုတောင် သူက မျက်စောင်းထိုးပြီး ရန်စစ ။ ဟွန်း လူကြီး တော်တော်ဆိုး ။ ဒါပေမယ့် အတွေးစတစ်ခု တော့ သူပေးနိုင်ခဲ့ပါတယ် ။
ထစ်ခနဲဆို ဆိတ်အဝှာလောက်ပဲ ရှိတဲ့ သူ့စိတ် ။ ဒေါသငယ်ထိပ်ရောက်ပြီဆိုရင်တော့ သိကြားမင်း ဆင်းတားတောင် ရမှာ မဟုတ်ပါဘူး ။ ဒေါသကတော့ ကြီးသလား မမေးနဲ့ ။ ဒါပေမယ့် သူက စပြီးမှားခဲ့တာမဟုတ်ဘူးလို့တော့ သူထင်ခဲ့တာပ ။ ဒါတွေဘာကြောင့်ဖြစ် ရသလဲဆိုပြီး စဉ်းစားလိုက်တော့ ။ ဟော ရင်ထဲမှာ အထင်းသားကလား ။ ကိုယ့်ကိုယ်ကို တော့ ဖြူစင်လွန်းတယ်ထင်နေတဲ့ သူ့စိတ် ။ တကယ်တော့လည်း သူထိန်းခဲ့တာကိုး ။
ဒါပေမယ့် အဲဒီအပေါ်သူမာန်တက်ပြီး ဒေါသတွေ ဖက်ဖက်နေတတ်တာကလား ။
ဟာ…သတိဆိုတာမရှိရင် အမှန်တရားပေါ်တောင် မာန်တက်ပြီး မှားတတ်ကြတာကလား
။စေတနာ လည်း သူ့လိုပါပဲလား ။
ဟာ…လောကကြီးမှာ ဒါမျိုးတွေ များလှချည်လား ။ ငါပြောပြချင်လိုက်တာ…..
အဲလိုတွေးမိခဲ့တာပါ ။နောက်ဒီပုံပြင်လေး အပေါ်မှာ စေတနာရဲ့ ဖြန့်ကျက်အတွေး…
အများအားဖြင့် ဒီပုံပြင်လေးဟာ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ ဆိုပြီး ရသေ့စိတ်ဖြေ စရာ ပုံပြင်လေးလို့ ထင်စရာပါ ။ မဟုတ်ရပါဗျာ ။လုံးဝ မဟုတ်ရပါ ။
ဖြစ်သမျှအကြောင်းတွေထဲက အကောင်းတွေ (တနည်းအားဖြင့် ) အားသာချက်တွေကို အသုံး ပြုပြီး အမျိုး ဘာသာ သာသနာ သာမက ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက်ပါ အကောင်း ဆုံးဖြစ်မယ့် လမ်းကို လျှောက်လှမ်းကြစေဖို့လို့ စေတနာ မြင်မိပါပကော ။
မိတ်ဆွေတို့ သေသေချာချာ စဉ်းစားကြည့်ကြပါ ။ မိတ်ဆွေတို့ လူဆိုးလို့ မြင်တဲ့လူတိုင်းကို ကြည့်ကြည့်ပါ ။ အာဃာတ ကင်းကင်းနဲ့ကို ကြည့်ကြည့်ပါ ။ သူတို့မှာ လူအများအကျိုးရှိ အောင်လုပ်နိုင်တဲ့ အားအင်တွေ ရှိ မရှိ ။ အဲဒီ အားအင်တွေကိုဘယ်လိုပြောပြီး ဘယ်လို အသုံးချခွင့် ရမလဲ ။
သူတို့လည်း အကျိုးရှိ ရပါမယ် ။ အများလည်း အကျိုးရှိရပါမယ် ။ အဲဒီလမ်း တကယ်ရှိမရှိ ။
အားလုံးစဉ်းစားရမှာ ဖြစ်ပါတယ် ။ ကျွန်တော့်စာတွေဟာ အဲဒီ အတွက်များ အထောက်အပံ့ ဖြစ်လေမလား ။ စောင့်စားရမှာ ဖြစ်ပါတယ် ။
ဘယ်လို သွားရမလဲ ။ အမြည်းတော့ ကျွေးလိုက်မယ်ဗျာ ။
စေတနာဒီကို အလုပ်လာလုပ်တဲ့ ရည်ရွယ်ချက်က မိဘကို လုပ်ကျွေးချင်လို့ပဲ ။ ကျွန်တော့် အတွက်လုံးဝ မပါဘူးလား မမေးနဲ့ ။ပါတာပေါ့ဗျာ ။ ဒါပေမယ့် နောက်မှ … ။ အဲသလိုရည်ရွယ် ပေမယ့် စေတနာ့ လစာက ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိတယ် ။ အဲဒီကိစ္စကို စိတ်ပျက်မိ တာလည်း အခါခါ ။ ဘဝဆိုတာကို စိတ်နာမိတာလည်း အထပ်ထပ် ။ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိပါရဲ့  ။ အင်း….ဒါပေမယ့် အားသာချက်…
ကွန်ပြူတာနဲ့ ပက်သက်ရင်တော့ မော်နီတာအကြောင်းသာ ကောင်းကောင်းသိခဲ့ပါ၏ ။ မအူမလည် မတောက်တခေါက် စက်ပြင်ဆရာတစ်ယောက်ဖြစ်ခဲ့တာကို
အင်တာနက်ဆိုတာက ကောင်းတာတွေဆိုလည်း အများကြီးပဲ ။ မကောင်းတာတွေလည်း အများကြီးပဲ ။အသုံးချတဲ့လူအပေါ်မှာပဲ မူတည်တာ ။ လေ့လာစရာတွေ အများကြီး ၊တရား နာဦးမလား ။ရှိ ၏ ။ အဲ မကောင်းတာတွေတော့ မပြောတော့ပါဘူး ။ အားလုံးသိမှာပါ ။ စေတနာက တတ်နိုင်ရင် စာဖတ်သူကို စိတ်ဆင်းရဲ စရာ ၊ ဒေါသထွက်စရာ သိပ်ရေးချင်တာ မဟုတ် ။ အကျိုးမြင်မှသာ မတတ်သာ၍ ရေးမိတာတော့ ရှိပါ၏ ။ အင်တာနက်မကောင်းတာ တော့ ကိုယ်ဖာသာပဲ တွေးလိုက်ကြပါတော့ ။
ရုံးအလုပ်ဆိုတော့ သိပ် ဟဲဗီးလည်းမရှိ ။ အဲ ကိုယ့်ဖာသာလေ့လာချင်လေ့လာ ၊ ဒါမှမဟုတ် အပျော် သီချင်းနားထောင်ချင်နားထောင် ၊ ရုပ်ရှင်ကြည့်ချင်ကြည့် ။ ဟုတ်ကဲ့ ။အချိန်ရော အခွင့်အရေးရော ရနေပါ၏ ။ ဒါတွေကို ကောင်းတဲ့ဖက်သုံးလိုက်တော့ ဟော ခုဆို စေတနာ တစ်ယောက် အတော်ဟုတ်နေပြီပဲ ။ ဘာတွေဟုတ်သလဲ မမေးနဲ့ ။ နေစိုးနိုင့်သူငယ်ချင်းပီပီ ပြောလိုက်မယ် ။
“ပြော..ပြ..ဘူး”
ကဲ..ဒီပုံပြင်လေးကတော့ လက်ရှိအခြေအနေတွေကနေ အကောင်းဆုံးအဖြေ ရရှိအောင် လုပ်ကြဖို့ တိုက်တွန်းနေပါ၏ ။မိတ်ဆွေတို့ ပြောနိုင်ပါ့မလား ။ ကောင်းဖို့ဖြစ်လာပါတယ်လို့ ။
စေတနာ့အတွက်ကတော့ …..
အများအတွက် အကျိုးရှိစေမယ့် စာတွေ ရေးရင်း မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားရင်း မိဘများကို နိုင်သလောက် လုပ်ကျွေးရင်း စိတ်ပျော်ရွှင်စွာ နေနေရုံမှ တစ်ပါး …..
ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်…
မိဘကျေးဇူး လုပ်ကျွေးခွင့်ရရန် စေတနာ့ မိဘတွေ အသက်ရှည်ရှည်နေနိုင်ရပါလို၏ ။
အမယ်..စေတနာ အသက်ရှည်အောင်လည်း ပါးပါးနပ်နပ်နဲ့ ဆုတောင်းမိပါပကော …
“ဟား ဟား ဟား ဟား”
စေတနာ
05.05.2009(23း24)
7 comments:
ဖတ်လို့ ကောင်းတယ် စေတနာ...ထားရှိတဲ့ စေတနာတွေကိုလည်း မြင်ရတယ်....ဟုတ်တယ်...ကိုယ့်မိဘတွေကို စိတ်ရှိလက်ရှိ ကျေးဇူးဆပ်နိုင်ဖို့  မိဘတွေ အသက်ရှည်ဖို့  လိုသလို ကိုယ်လည်း အသက်ရှည် ကျမ်းမာနေဖို့  လိုတာပေါ့ ...အခွင့်အရေး ရတုန်း..ထပ်ပြောလိုက်မယ်...“ မင်း...ဆေးလိပ်လျှော့သောက်ကွာ...“
လွင်မင်းခန့် 
ဟုတ်တယ်
ဆေးလိပ် သောက်တာ မဖြတ်နိုင်ရင်တောင် လျှော့သောက်သင့်တယ်
မရဘူးလို့ ပြောမယ်ဆိုရင် အစ်ကိုပြောတဲ့ တရားတွေ ထဲ က စိတ်ကို ထိမ်း တာတွေဘာတွေ နောက် မပြောနဲ့တော့
ဟား..ဟား...နေစိုးနိုင်ကတော့ ပြတ်တယ်ဟေ့...ကဲ ...မောင်ရင် စေတနာ...သင်ဘာကိုရွေးမှာလဲ....
လွင်မင်းခန့် 
ဒီနေ့ကစလို့ ဆယ်လိပ်ဝန်းကျင်ပဲ သောက်တော့မယ် ဗျာ ...ခုမှ စပြောမလို့ပဲ ရှိသေးတယ် ။
မပြောရမနေနိုင်တော့ဘူးဗျို့ ...
ဟဟဟဟားးးးး
လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါဦး
လေးစားစွာဖြင့်
စေတနာ
ဖတ်လို့ကောင်းတဲ့ပုံပြင်လေးပါ ဘာဖြစ်လာဖြစ်လာ ကောင်းတဲ့ဘက်ကလည်း စဉ်းစားလို့ရတာပေါ..
ကောင်းဖို့ဖြစ်လာတာပဲ ကောင်းပါတယ်.... ပုံပြင်ကြိုက်တာနဲ့ အတော်ပဲ... သင်ခန်းစာလည်း ရပါ၏ ကျေးဇူး
မှတ်သားလောက်ပါတယ်
Post a Comment