ငါ့မှာ
အမှားများစွာ ရှိသလို
အမှန်တွေလည်း အားကြီးပါလေ
အမှားပြင်ဆင်ခွင့် ရချင်မိပါသည်
ငါ့မှာ
ပျော်ရွှင်ကြည်နူးခြင်းများစွာနှ
သောကမျက်ရည် အခါခါ ပင်လယ်ဝေခဲ့ဖူးပါသည်
ပျော်ရွှင်ကြည်နူးခြင်းများကိုသာ ဝေမျှမိချင်ပါသည်
ငါ့မှာ
အလင်းရှိသလို
အမှောင်တွေလည်း ရှိပါသည်
အလင်းတွေသာ ခံစားစေချင်မိပါသည်
ငါ့မှာ
ရန်သူတစ်ရာတိုးလို့ မမှုသော်လည်း
ရင်မှာသိမ်းဆည်းအပ်သော မိတ်ဆွေမျိုး
အဘယ်သို့သော အကြောင်းကြောင့်မှ
တစ်ယောက်မျှ အလျော့မခံရပါလို
ငါ့လေ
ထိုစေတနာတွေ့  ဖြန့် ခင်း
လျှောက်နင်းသူ ခပင်းအတွက်
ပန်းတစ်ခင်းပဲ ဖြစ်ချင်ခဲ့တာပါ
ဒါပေမယ့် …
ထိုမိတ်ဆွေတို့ရဲ့ ရင်တွင်းမှ
ချစ်ခြင်းများ ရလိုဇောနဲ့
ကဗျာတစ်ပုဒ် အသာထုတ်ပြီး
မြှားတစ်စင်းလို ပစ်ခွင်းပါရစေတော့
မိတ်ဆွေအားလုံး ထိမှန်ပါစေသား ….
(ကဗျာရည်ရွယ်ချက် ပြည့်စုံအောင် ကူညီစပ်ပေးသော အကိုလွင်မင်းခန့်ကို အထူးကျေးဇူးတင်လျှက်)
စေတနာ
10.05.2009(10း26)
ကိုယ်မှားသွားသလား
မှန်တာကိုပြောရရင် ယူဇာနဲ့ နေစိုးနိုင်တို့ရဲ့ အဖြစ်အပျက်ကို လေ့လာမိတာက ဆော်မယ်ဆို တဲ့ ရည်ရွယ်ချက်နဲ့ပါ ။ အကောင်းဖက်ကပြောရင်တော့ အပေါင်းအသင်းစိတ်ဓာတ်ပေါ့ ။ အဲ အဆိုးဖက်ကဆိုရင်တော့ အတ္တကြီးတယ်ဆိုရမယ်ပေါ့ ။
သေသေချာချာဖတ်ကြည့်တော့ စိတ်တစ်မျိုးပြောင်းသွားတယ် ။ ဟာ…ဒီကောင်လေး အတွေး တွေ မဆိုးပါလားလို့ ။ ဒီဖက်က လူတွေရဲ့ အမြင်နဲ့ ဒီကောင်လေး အမြင်ပေါင်းစပ်လိုက်ရင် တို့ဘာသာအတွက် တော်တော်ကောင်းမှာပဲလို့ ။
မဆိုးပါလားလို့ ပြောတာအတွေးကိုပဲနော် ။အားလုံးကို ရိုင်းပြတာတော့ အားပေးတာမဟုတ် ဘူး ။ ဘာကြောင့် ရိုင်းသလဲဆိုတာလည်း ခံစားမိပါတယ် ။
နံပါတ်တစ် အချက်ကတော့ ကိုယ့်အတွေးကို ဘယ်သူမှ အလေးထား မစဉ်းစားကြလို့ပါ။ကိုယ် ကအဲလို စဉ်းစားအောင် မပြောတာတော့ မေ့နေတာကိုး ။ ငါ့လို ဘယ်သူမှ မတွေးနိုင်ကြဖူးဆို တဲ့ မာန်ကြောင့်လည်း ပါတာပေါ့ ။ ကိုယ်လည်း အဲလို ခဏ ခဏ မှားဖူးပါတယ် ။ လောကမှာ ပြည့်စုံအောင် ဘယ်သူမှ မတွေးနိုင်ကြဘူး ငါ့ညီ ။ အားလုံးပေါင်းစည်း စဉ်းစားတွေးခေါ်ကြတာ ဟာ အကောင်းဆုံးဖြစ်ပါတယ် ။
နောက်တစ်ချက်က သူတို့ရဲ့ဒေါသကို အကျင့်သီလမဲ့တယ်လို့ ငါ့ညီက ဟားတိုက်ပြီး မြင်နေ တာပါ ။ ပုထုဇဉ်လူသားတွေမှာ ဘုရားအပေါ် စိတ်ကိန်းညွှတ်ပေမယ့်လည်းပဲ ဒေါသကတော့ ရှိနေမှာပဲ ငါ့ညီ ။ တကယ်တော့ သူတို့ဟာ သူတို့ကို လာမထိရင်တော့ အထိုက်အလျောက် ဒေါသကင်းပါတယ် ငါ့ညီ ။ ဒီလူတွေကို ဒေါသထွက်အောင်လုပ်နေတာမင်းလည်း
ကိုယ်ဒီလို အသေးစိတ်မရေးဘဲ လုံးထွေးပြီး ရေးနေရတာ မိတ်ဆွေကောင်းတွေ ဆုံးရှုံးရမှာ စိုးလို့ပါ ။ ကြားဝင်တယ်ဆိုတာ အခန့်မသင့်ရင် “မြွေပါလည်းဆုံး သားလည်းဆုံး”တတ်တယ် ငါ့ညီ ။ မင်းကို အထင်ကြီးတာလည်း ပါပါတယ် ။
ကိုယ့်အနေနဲ့ လူပေါင်းသောင်းခြောက်ထောင်ကို စိတ်လျှော့ပါလို့ မစွမ်းနိုင်မှန်း နားလည် တယ် ငါ့ညီ ။ကိုယ်က တန်ခိုးရှင်လည်း မဟုတ် ။ ဒါပေမယ့် မင်းတော့ နားလည်လောက်ရဲ့ ။ လက်ခံလောက်ရဲ့လို့ အထင်ကြီးမိတာပါ ။
မင်းရဲ့အမြင်နဲ့ တစ်ခြားအကိုတွေရဲ့ အမြင်တွေ ပေါင်းစပ်ပြီး တို့ကဘာသာကောင်းဖို့ ဖန်တီး နိုင်တယ်ဆိုတဲ့ မျှော်လင့်ယုံကြည်ချက်ရယ် ကိုယ်ထားတဲ့ စေတနာကြောင့် ကိုယ်တော့ မြွေ ပါလည်းဆုံး သားလည်း မဆုံးပဲ သားရွှေအိုးထမ်းရကိန်းကြုံရမယ်ဆိ
ကျေးဇူးပြု၍ ဖြေပေးပါ ။“ ကိုယ် မှားသွားသလား ”
ဒါစာဟာ ဒီကိစ္စနဲ့ ပက်သက်လို့တော့ နောက်ဆုံးရေးသားခြင်းပါပဲ ။ ဘယ်လိုအဖြေမျိုးထွက် ထွက် အားလုံးကို ကိုယ်မုန်းမှာ မဟုတ်ပါဘူး ။ ခန္ဓီကောင်းလွန်းလို့တော့ မဟုတ်ပါ ။ ဒီ့ထက် ဆုံးရှုံးရမှာ စိုးလို့ပဲ ဖြစ်ပါတယ် ။
စေတနာ
3 comments:
စေတနာ ရေ.... ဆရာတော် ဦးသုမင်္ဂလ ဟောကြားထားတဲ့ အကျင့်ပျက်အဖျက်သမား ဆိုတဲ့တရား မနာရသေးရင် ဟောဒီ link မှာ သွားနာလိုက်ပါဦး...နေစိုးနိုင် share ထားလို့ ပါ.
http://lknt115.blogspot.com/2009/05/vcd_8927.html
လွင်မင်းခန့် 
ကဗျာလေးကကောင်းတယ်
လာဖတ်သွားပါတယ် ကိုစေတနာ..
အကိုရေ ညာဘက်ရင်အုံတည့်တည့်ကိုထိသွားတယ်.....
တော်တော်ကောင်းတယ်.....
ကျေးဇူး....
Post a Comment