ဘ၀ဆိုတာ…..
ကော်ဖီတစ်ခွက်လိုပဲ
ခါးသက်သက်နဲ့ ချိုတယ်။
ချိုတယ်ထင်ပြီးစားတော့…..ခါးတယ်
ခါးတယ်ဆို မျိုချတော့…..ချိုမြနေပြန်ရော
ဒီလိုနဲ့ သံသရာတောမှာလည်…..။
ကဖင်းဓါတ်တဏှာ
မပယ်ခွါနိုင်သရွေ့
တစ်နေ့ သုံးလေးခွက်လောက်
သောက်နေမိပြန်ပေါ့…
ကိုင်း…..ဘယ်တော့ပြတ်နိုင်မလဲ…။ ။
နှင်း
2009.hninn@gmail.com
8 comments:
ကဗျာလေးက ရေးထားတာလေး မိုက်တယ် ဘ၀က ကော်ဖီဆို သိပ်ကြိုက်တယ်
ကဗျာလေးက မျိုချလိုက်တာ ချိုမြနေတာပဲ....ကို့  အသိနိုင်ငံခြားသားတစ်ယောက်နဲ့  တစ်ယောက်ယောက်က ပေါက်ကရတွေလုပ်တဲ့အခါ ပြောတဲ့အခါ အချင်းချင်းရီစရာ ပြောတတ်ကြတာတစ်ခု သွားသတိရမိတယ်..." Too Much Coffee" တဲ့...နှင်းလည်း...Too much coffee မဖြစ်စေနဲ့ နော်.....
လွင်မင်းခန့် 
ကော်ဖီကိုလည်း ကြိုက်တယ်...ကော်ဖီကဗျာကိုလည်းကြိုက်တယ်
အဲဒီသဘောတရားကို တကယ်သိတဲ့နေ့
ပြတ်ပြီပေါ့
ကိုယ်ကတော့ သိသေးဘူးးး
ဆေးလိပ်နဲ့ ကော်ဖီ ပိုကောင်းတာတော့သိတယ်
ဟဟဟဟဟားးးး
စေတနာ
တစ်ခါတစ်လေ ကဗျာတစ်ပုဒ်ကို ခံစားချက်အသာထုတ်ပြီး တရားလုပ်နာကြည့်မိတယ်
စေတနာ
ကော်ဖီကြိုက်လို့သောက်
သောက်ပြီးရင်အိပ်ရေးပျက်ရ .. ရော
ဆိုင်လားမသိဘူး
အိပ်ရေးပျက်တာ ကောင်းဘူး
သေသေချာချာဖတ်ပေးတာအားလုံးကိုကျေးဇူးတင်ပါတယ်
too much coffee မဖြစ်အောင်ဂရုစိုက်ပါမယ်အကို
ကော်ဖီကဗျာကိုကြိုက်တဲ့အတွက်လည်းကျေးဇူးပါFlowerpoem
ကော်ဖီထက်ဆေးလိပ်ကဆိုးတယ်ကိုစေတနာရေ
အိပ်ချိန်နဲ့သုံးနာရီအနည်းဆုံးခွါသောက်ရင်အိပ်ရေးမပျက်တော့ဘူးပေါ့ကိုနေစိုးနိုင်
အားလုံးကိုနောက်များကျမှနှင်းကိုယ်တိုင်ကော်ဖီခါးခါးတစ်ခွက်နှပ်ပြီးတိုက်ချင်ပါသေးတယ်
Coffee ကိုတော့သိပ်ကြိုက်လို့အမြဲသောက်တယ်....
နှင်းရဲ့ ဘ၀ကော်ဖီလည်းအရမ်းကောင်းတယ်.....
ဘ၀မှာ ကော်ဖီသိပ်မသောက်မိအောင် သတိပေးတဲ့အတွက်ကျေးဇူးတင်တယ်.....
နောက်ဆုံးမှာ အရမ်းကောင်းတဲ့ ဘ၀ကော်ဖီပါ....
Post a Comment