Saturday, May 2, 2009

ချစ်သူ သိစေ


ချစ်သူရေ . . .
အိမ်အပြင်မှာ မိုးတွေရွာနေလေရဲ့ . . .
အပြင်က မိုးက
ရင်ထဲက မိုးလောက်
မသည်းဘူးနော် . . .

မင်းကိုလွမ်းတဲ့ ငါ့အလွမ်းကလည်း
မိုးတွေတိတ်သွားပေမယ့်
မစဲဘူး နော် . . .

ရင်ထဲမှာ ရှိနေခဲ့တဲ့
သံယောဇဉ် ဆိုတဲ့ ကြိုးကလည်း
ခိုင်မာနေဆဲ
အရင်တိုင်းပဲလေ . . .

မင်းထားခဲ့တဲ့
ဘ၀မှာပဲ
မင်းကိုချစ်တဲ့
ငါ့အချစ်တွေက
မျိုးမတုံးစွာ
ရှင်သန်ဆဲပါ . . .

နွေဦး

2 comments:

Anonymous said...

အင်း ........ငိုချင်လိုက်တာကွယ်

ပျော်ရွှင်ပါစေညီမ

စေတနာ

khinmarlaraung said...

:)...ကောင်းလိုက်တဲ့လွမ်းဖွဲ့ တေး။။။။:)