မမှားသောရှေ့နေ မသေသောဆေးသမားတဲ့
တို့အဘေးတွေက တို့ရှေ့ရေး အခါခါမျှော်လို့
ဉာဏ်အာဘော် အဖြာဖြာကွန့်လို့
မတွန့်ရယ်တဲ့မတို ပညာပိုပါသည့် ထိုစကား
အမှတ်ကယ်မှားအောင်ပ ထားသိုပုံယိုယွင်း
ဂုဏ်ဆင်းအောင် မပြုကြပါနဲ့ ကွယ်တို့ရယ်…
ရှေ့နေတိုင်း မှားခွင့်ရှိသလို
မသေသင့်ပဲသေတိုင်း ချေခိုင်းတဲ့ဥပမာလို
အရာရာ ဉာဏ်ဗလာ စိတ်အရိုင်းနဲ့
မပိုင်းမခြား သုံးချင်တိုင်း သုံးနေကြတယ်
မုန်းနေမှဖြင့် ဒီစကားမဆို
အပိုရယ်လို့လည်း မတွေးကြပါနဲ့
ဆွေးနွေးမှု တစ်ခုရယ်ပေါ့ဗျာ…
မမှားချင်သော်ငြား မှားသွားတဲ့ဤရှေ့နေ
မသေစေချင်ပေမယ့် ဖြတ်ခနဲသေသွားမှ
တအားနောင်တရမိတာက
အပ္ပမာဒ ဘိက္ခဝေ
စိတ်အခြေပြ သည်တရား
အများနဲ့အကျုံးဝင်ပါလားတဲ့ဗျာ…
ဘဝအခြေ ရှုပ်သမျှ
လုပ်ခဲ့ကြ အမှားတွေ
ခြေရာပြန်ကောက် နောက်ကြောင်းပြန်ကြည့်
သတိရှိစေ အိုအဆွေတို့
တစ်ခုမှားတိုင်း တစ်ခုပြင်
အစဉ်မမှား ညဏ်ကိုလွှား၍
တရားစောင့်သိတတ်ပါစေ…
သြော်ဒါနဲ့ စကားမစပ်
စီဘောက်နားမှာ ကပ်ပြီး
နေစိုးနိုင်ကို နှပ်သွားတဲ့မိတ်ဆွေ
ကျုပ်တို့ရဲ့စိတ်အနေက
ဝေဒနာကို မဖိတ်ခေါ်တတ်ပါဘူး
တိတ်တိတ်လည်း နေတတ်ပါတယ်မိတ်ဆွေ
တစ်မြေတည်းသား မြန်မာများမို့
တစ်အားကြိုဆိုပါတယ် မိတ်ဆွေ
သို့သော်လည်းလေ
မိတ်ဆွေရဲ့စကား
ကျုပ်တို့ပဲ မှားနေလေရော့သလား
အမှားကိုထောက်ပြ တစ်ယောက်ရ ဆရာ ( နည်းသလားဗျာ)
ညဏ်ပါပါ စာမူနွဲ့နဲ့
အကြွားမပိုပဲ စကားဆိုလှည့်ပါ မိတ်ဆွေ
စေတနာ
saytanarpar@gmail.com
2 comments:
:)...ကြိုက်တယ်၊ ကြိုက်တယ်ဗျာ။
လှလိုက်တဲ့ ရိုက်ချက်နဲ့ ပညာသားပါလွန်းတဲ့
အရေး အားကျလွန်းရပါတယ်။
အစ်ကို နေစိုးနိုင်နဲ့ အစ်ကိုလွင်မင်းခန့် ရေ။
နောက်ထပ်အစ်ကိုတစ်ယောက်လို့ ပြော
ခွင့်ရှိမလားမသိ။ အတွေးတွေတော်တော်ကောင်း၏။
:)
အားလုံးအေးချမ်းပါစေ။
ညီမလေး ရ ကိုယ်တိုင်ပဲ မေးပေတော့ ဒါငါတို့ ခွင့်ပြုပေးလို့ရတာ မဟုတ်ဘူး
ကိုစေတနာ ကြီး သဘော
;p
Post a Comment