Sunday, April 26, 2009

လတစ်စင်းရဲ့မင်း (သို့) လမင်း

ပ၀င်း တဲ့ လမင်း

ညခင်း မှာ မင်းမူ

သူပဲ ဘုရင် တဆူ



စောင့်စားခဲ့တဲ့ ဒီတစ်ရက်

ငွေဝတ်လွှာ ဖြန့်ကျက်လို့

ညခင်း ညီလာ ဆီ

မင်းထွက်လို့ လာခဲ့ပြီပေါ့ . . .





ဝင်း စက် နေတဲ့ မင်းမျက်နှာ


လင်းလက် တာရာ တွေ ခစား . . .

ညတစ်ပါး က မြတ်နိုး . . .

မင့် ရောင်ခြည် အားကိုးတဲ့ ချစ်သူတွေ . . .

မင့် အချစ်ကို ငံ့လင့် ဖူးပွင့်ကြမယ့် ပန်းကလေးတွေ . . .

မင့် အလင်းကို ထိတွေ့ ကြည်မွေ့ကြမယ့် နှလုံးသားတွေ . . .

မင့် အေးချမ်းမှူ ကို သောက်သုံး ပျောက်ဆုံးသွားမယ့် အိပ်မက်ဆိုးတွေ . . .

မင့် ရဲ့ တိတ်ဆိတ်တဲ့ တေးသွားကိုနာခံ စီမံလို့သီဖွဲ့မယ့် ကြည်နွဲ့နွဲ့ ရည်လဲ့လဲ့ တေးသွား အလှတွေ. . . .


သာယာတဲ့ လောက ကို ဖန်ဆင်း
ကျည်းတန်ခြင်းတွေ ကို ပယ်ဖျောက်
ကိုယ်ပိုင်သမိုင်း ကို ကိုယ်တိုင်ဆောက်
ပေးဆပ်သူ တစ်ယောက်ရဲ့ စေတနာ
မင့်ဆီမှာ ငါရှာတွေ့ ပြီကွဲ့ . . . . .


နှင်း
2009.hninn@gmail.com

6 comments:

နေစိုးနိုင် said...

ညီမလေး နှင်း အား ကျွန်တော် အပါအ၀င် ညီအစ်ကို ၊မောင်နှမ အားလုံးက ပေးဆပ်သူမှ တဆင့်ကြိုဆိုပါတယ်ခင်ဗျာ။

အတွေးကောင်း ၊ အရေးကောင်းတဲ့ ညီမလေး နှင်း ပျော်ရွှင်နိုင်ပါစေ ။

လွင်မင်းခန့်
စေတနာ
နေစိုးနိုင်
မိဇူး

Anonymous said...

အစွမ်းကုန် ပွင့်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့
တက်သစ်စ ပန်းလေးတစ်ပွင့်
ပေးဆပ်သူမှာ ပွင့်ပြန်ပြီဟေ့....

စေတနာ

နေစိုးနိုင် said...

ကိုကြီး အောင်စည်ဟိန်း က လည်း ဒီလိုမျိုးဆက် ကလေးတွေဆို ချီးကျူးလို့ ဆုံးမှာမဟုတ်တော့ဘူး

Anonymous said...

ညီမလေး နှင်း.....
ဒါ မင်းအတွက်....
ကိုတို့ အားလုံးရဲ့ ...
ဟန်ဆောင်မှုကင်းတဲ့ နွေးထွေးမှု....

လွင်မင်းခန့် ...

may16 said...

ညီမလေးနှင်းကိုရေ ညီမလေး ရေးတဲ့ကဗျာလေးကို ရော တလေးတစားကြိုဆိုပါတယ်ရှင်..

Anonymous said...

အေးချမ်းပြီးတော့ အတွေးအရေးကောင်းလွန်းလှတဲ့
စာလုံးတွေ။ အားကျလွန်းရပြန်ပြီ။ :)
ဝေ့..ဝေ့....အစ်ကိုတွေ...သတင်းလေးဘာလေးတောင်
မပေးဘူး။ လမင်းကို ညီမလဲသိချင်တာပေါ့လို့ ။
အားပေးနေတယ်....အေးချမ်းတဲ့ လမင်းလေးရေ။
ငြိမ်းချမ်းပါစေ။ :)