Tuesday, April 21, 2009

အမေ့စကား


ချစ်ခြင်း မေတ္တာ
ပေးသလောက် ပြန်မရတာ ကြာတော့ 
ရသလောက် သာ ပြန်ပေးဖို့ ကြိုးစား
ဒီအခါ နှလုံးသားက
အားမလို အားမရ ရောဂါ ထ ထ ဖြစ်....

မေတ္တာ အနပ်မမှန်ပေမယ့် 
သစ္စာ ဖိနပ်တစ်ရံနဲ့ လမ်းတွေလျှောက်
ဖိနပ် များတောင်ပေါက်လို့ ...

ဟောဟိုမှာ
ခြေဗလာနဲ့ လူတစ်သိုက်
တစ်ယောက်နောက်ကို တစ်ယောက်လိုက်
ဟားတိုက် ပျော်နေ လိုက် ကြ တာ.....

အခု အထိတော့ 
အမေမှာ တဲ့ စကား
နားထဲက မထွက်ခဲ့ ...

" သား....
ဘယ်သူတရားပျက်ပျက်
ကိုယ်မပျက်စေနဲ့ " တဲ့ လေ......

လွင်မင်းခန့် (20/04/09)

1 comment:

flowerpoem said...

အမေ့စကားကို သေ၂ချာ၂ မှတ်သွားပါတယ် တကယ်ကိုမှန်ပါတယ်ရှင်.