တစ်ယောက်တည်းတော့မဟုတ်
ဒါပေမယ့် …ဖောက်လွဲတဲ့ ဝန်းကျင်ရယ်မှာလေ (…?)
အတိတ်ဆိုတာ
အရိပ်လိုလိုက်နေလေတော့
ကြိတ်ခါသာ ငိုရှိုက်နေရပြီပေါ့ မိန်းကလေးရယ်
မာနရဲ့ ရင်ခွင်
အမုန်းသခင်မ ဘွဲ့လေးနဲ့
အတွေးထဲမှာတောင် ရှိမနေတော့ဘူးလားကွယ်
ဘဝဆိုတဲ့ ခရီးကြမ်းမှာ
လှမ်းလင့်လို့ ကြိုဆိုဖို့
တို့ ဘယ်လိုခွန်အားမွေးရမလဲဟင်
တစ်သက်မှာတစ်ခါ
တစ်ခါမှာတစ်ယောက်
မင်းလောက်ဘယ်သူမှ အကြင်နာတွေ မထောက်ပံ့ခဲ့ဖူးပါဘူး
မင်းဘဝစိုပြည်
နဂိုရည် ဂုဏ်တက်လို့
မင်းအမျက်ကို ခံယူရကျိုး နပ်ခဲ့ပါပြီ
တို့တွေပျော်မဆုံး
အမုန်းမစခင် ကိုယ့်ရင်ဘတ်က
ညှင်းစက်ကလေးတောင် အကောင်အတော်ကြီးပြီး သားသမီးတွေရယ်နဲ့
လမ်းခွဲမှတ်တမ်းမှာ
တဖက်တလမ်းက ကူညီပေးခဲ့တဲ့
ဆေးလိပ်တွေလည်း သောက်နေဆဲပါပဲ
သြော်…ခြေရာတွေ မပျေက်သရွေ့
အောက်မေ့တယ် ငယ်ချစ်ကျွမ်းရယ်
တကယ်တမ်းအခွင့်ပါလျှင် ဟစ်ခါအော်မြည်တမ်းချင်ရဲ့
လွမ်းတယ်ဟေ့ လွမ်းတယ်….
စေတနာ
20.04.2009(09း27)
No comments:
Post a Comment