လူ့ ဘဝ အပေါင်းမှာ ဖြင့် ....
သမုဒယ အကြောင်း မမြင်လို့ ...
တယုတယ ပေါင်းသင် ပျိုးကြတဲ့ ....
သောကမျိုးဆိုတဲ့  အပင်တစ်ပင်.......
ပြောရရင်တော့ 
စောဒက တွေဝင်ချင်ဝင်ပေလိမ့် ...
ဒါပေမယ့် ....
သောကပွားတာက....
ဒေါသတရားတွေရဲ့  အနွယ်ဝင်.......
အချစ်အလင်္ကာနဲ့ ....
ဖြစ်ချင်တာ မဖြစ်လာရပြန်တော့ ...
ဒေါသကိုပဲ တန်ဆာဆင်.......
ပြုပြင် ထားတဲ့  မာယာတစ်မျိုး...........
သံသရာ ဆက်စေဖို့ .......
ရန်ဘက်လို မှတ်ထင်ငြိုး ကာပ...
ဘဝမှာ ကပ်ဝင် ဆိုးနေတဲ့ ....
အဲဒါ......
အကုသိုလ် ပိုး.....
လွင်မင်းခန့် (24/04/09)
lmkhant@gmail.com
lmkhant@gmail.com
1 comment:
သမုဒ္ဒရာတစ်ဖက်ကမ်းမှာ ရှိတဲ့အရာဝတ္ထုတစ်ခုကို
အဆပေါင်းသိန်းသောင်းမက ချဲ့လို့ရတဲ့
နောက်ဆုံးပေါ် အနုမြူမှန်ပြောင်း တစ်ချပ်နဲ့ ပေးကြည့်နေသလားအကို
လေးစားလျှက်(စေတနာ)
Post a Comment