Monday, April 13, 2009

ဗုဒ္ဓဘာသာ ပါ သို့သော် . . .

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း တွေ နဲ့ စကားပြောရင် မင်းက ဘာဘာသာ ကိုးကွယ်တာလဲ ဆိုရင် ဗုဒ္ဓ ဘာသာ တဲ့ ။ တောင်တလုံး မြောက် တလုံး အင်္ဂလိပ်စာနဲ့ တတ်သလောက်လေး မေးကြည့်တော့ ။ ဟား... လား လား မှ မဆိုင်ဘဲ ဗျ။ နာမည် က ဗုဒ္ဓဘာသာ ပါ ဒါပေမယ့် မတူဘူး။ ဒီလူတွေ ကို များ ဗုဒ္ဓဘာသာ အကြောင်းမေး ပြီး တော့ ဗုဒ္ဓဘာသာ ဆိုတာ ဒါကြီးပါလို့ ကောက်ချက်ချ လိုက်မှာကို ကြောက်တောင် ကြောက်မိတယ်။ (ဟိန္ဒူနဲ့ဗုဒ္ဓဘာသာ ကို သူတို့မကွဲကြတာ မတူဘူး ဆိုတာတောင် ငြင်းချင်သေးတယ် . မတူလို့ ဗုဒ္ဓဘာသာ ဆိုပြီးပေါ်လာတာပေါ့လို့ တူရင် ဟိန္ဒူ တစ်ခုပဲ ရှိမှာပေါ့ လို့ ပြောမှ မငြင်း ကြတော့တာ )

ကြာတော့ကြာပါပြီ BBC News မှာ Interviewer ဖြစ်တဲ့ လူ တယောက် က ဗုဒ္ဓဘာသာ နဲ့ပတ်သက်ပြီးတော့  တိဘက် မှာ မေးမြန်းခန်းတွေ လုပ်ပြီးတော့ မှတ်တမ်း သဘောမျိုးလေး လုပ်သွားပါတယ်။ ဒီမှာ မေးမြန်းသွားတာလေး တွေထဲ က မှတ်မိသလောက် ( မှတ်မိတာ က သဘောမကျတာတွေ များတယ် )

ဘုန်းတော်ကြီးတွေ က စိတ်ငြိမ်အောင် ဘာလုပ်လဲ ဆိုတော့ ပန်းချီဆွဲ တယ် ၊ ပန်းပုထုတယ် ၊ ဇယ်တောက်တယ် ၊ ကျန်းမာရေး အတွက် ဘောလုံး ကစားတယ် ။ ပန်းချီး ကား တစ်ခု ကို လေး နှစ် ကနေ ခုနှစ်နှစ် ထိကြာတယ်ဆိုပဲ ။ သဲ ပွင့် ကလေး တွေ နဲ့ ကျောက်စီ ပန်းချီလို ပုံစံမျိုး ဆွဲတာလေ။ နောက်ထပ် ကတော့ ဗေဒင်ပညာ ကို လေ့လာလို့ ရတယ်။ အများကြီးပဲ ။

တခြား က`ဏ္ဍ တွေ က ဒီလောက်စိတ်ဝင် စား စရာ မကောင်းဘူးဗျ ။ အဲ ဗေဒင် က`ဏ္ဍ မှာ တော့ စိတ်ဝင်စား ဖို့ ကောင်းသွားပြီ။ ဒီမှာ ဗေဒင် ဆရာဘုန်း ကြီး က အင်တာဗျူးသမား ရဲ့ ဇာတာ ကို တွက်ချက်ပြီး တသက်စာ ဟောစာတမ်း ပေးပါတယ်။

သူ့ ဟောစာတမ်းမှာ ပါတာ က ။ ဒီလူ ဟာ အရင်ဘ၀ က ဆင် ဖြစ်ခဲ့ ဖူးတယ်တဲ့ ။ ယခုဘ၀မှာ တော့ ခုလို သတင်းထောက်ဖြစ်နေတယ်ပေါ့။ နောက် သေသွားလို့ နောက်ဘ၀ ရောက်ရင် အနောက်နိုင်ငံ မှာပဲ လူဖြစ်မယ်။ လူဖြူ ပဲ ပြန်ဖြစ်မယ်။ ပိုက်ဆံချမ်းသာမယ်တဲ့။

ဒီမှာ အင်တာဗျူး သမား က ပြန်မေးတယ်။ ငါက ဟို ဘ၀ က ဆင်ဖြစ်ခဲ့တယ်။ ဖြစ်နိုင်တယ် တဲ့ ငါက ဆင်တွေ ကို အရမ်း ချစ်တာတဲ့ ။ နောက်ဘ၀မှာ အနောက်နိုင်ငံမှာ လူဖြစ်မယ် ၊ ချမ်းသာ မယ် ဆိုတော့ ပျော်စရာကြီးတဲ့ ။ ဒါပေမယ့် ငါသိချင်တာ က ..

ငါ့ဘ၀ က ဟိုဘ၀ က ဒီလို ၊ အခု ဒီလို ၊ နောက်ရောက်ရင် ဟို လို ဖြစ်မယ် ။ လို့ပြောလို့ ရတယ်ဆိုတော့ ငါ့ဘ၀ က ပုံစံ တစ်ခုတည်း ထည့်ထား သလိုဖြစ်နေတာပေါ့ တဲ့ ။ ငါလုပ်သမျှ ဘာမှ အကျိုးသက်ရောက်မှူ မရှိတော့ဘူးလား တဲ့ ။ တကယ်လို့ ငါက အနောက်နိုင်ငံမှာ ချမ်းသာတဲ့ လူမဖြစ်ချင်ဘူး ဆိုရင် ငါပြောင်းလို့ မရတော့ဘူးလားတဲ့။ ဒီမှာ ပြန်ဖြေတဲ့ အဖြေလည်း ကြည့်ပါဦး

Believe it or not is up to you .. But from my astrology point of view , your fortune is like that only .. တဲ့ဗျာ

မြန်မာပြည်က ရဟန်း သံဃာမဆိုထား နဲ့ သာမန်ဗုဒ္ဓဘာသာဝင် တစ်ယောက်တောင် ဒီမေးခွန်းမျိုး ကို ပြန်ဖြေနိုင်ပါတယ်။ ဒါကို ဗုဒ္ဓဘာသာ ပါ လို့ ကမ္ဘာမှာ ချပြတာဟာ ။ သူတို့တွေ ဗုဒ္ဓဘာသာ အပေါ်မှာ ထားတဲ့ စေတနာလား တော့မသိ။

ဒီလို နဲ့ ကျွန်တော့် စိတ်ထဲ က မကျေလည်တာလေး တွေ များလာလို့ လျှောက်ရှာကြည့်လိုက်တော့မှ အလွယ်တကူ နားလည်နိုင်တဲ့ ဇယား လေးသွားတွေ့တယ် ။ ဒါနဲ့ ပဲ မျှဝေပေးလိုက်ပါတယ်။

( သူတို့ ဘုန်းကြီးကျောင်း ကို တွေ့မှပဲ စာထဲမှာ သင်ခဲ့ရဖူး တဲ့ အရည်းကြီးဂိုဏ်းဆိုတာ ကို ပုံဖော်လို့ရတော့တယ်)


8 major schools: four practice-based (Zen, Pure Land, Vajrayana, Vinaya); four philosophy-based (Tendai, Avamtasaka, Yogacara and Madhyamika)

Theravada ထေရ၀ါဒ
Mahayana မဟာယန
Location
ထွန်းကားရာနေရာ
Southern (Sri Lanka, Thailand, Burma, Laos, Cambodia, parts of Southeast Asia)Northern (Tibet, China, Taiwan, Japan, Korea, Mongolia, parts of Southeast Asia )
Schools and Sects

One surviving school (as many as 18 existed at one time)
Buddhist Scriptures

Pali Canon/Tripitaka only
Books of the Theravada Tripitaka plus many other sutras (e.g. Lotus Sutra)
Buddhas

Historical Buddha (Gautama) and past Buddhas only
Gautama Buddha plus Amitabha,
Medicine Buddhas, and others
Bodhisattvas

Maitreya only Maitreya plus Avalokitesvara, Mansjuri, Ksitigarbha and Samanthabadra
Goal of Training

Arhat Buddhahood via bodhisattva-path
3 Buddha Bodies (Trikaya)

Very limited emphasis; mainly on nirmana-kaya and dharma-kaya Emphasized, including the samboga-kaya or reward/enjoyment body
Original Language

Pali Sanskrit
Language of Transmission

Tripitaka is only in Pali. Teaching in Pali supplemented by local language. Scriptures translated into local language.
Buddha's Disciples

Historical disciples described in Scriptures Many bodhisattvas that are not historical figures
Mantras and Mudras Some equivalent in the use of Parittas Emphasized in Vajrayana; sometimes incorporated in other schools
Bardo (Limbo) Rejected Taught by all schools
Non-Buddhist Influences Mainly pre-Buddhist Indian influences like concepts of karma, sangha, etc. Heavily influenced by local religious ideas as transmitted to new cultures (China, Japan, Tibet).
Buddha Nature Not taught Emphasized, especially in practice-based schools
Rituals Very few; not emphasized Many, owing to local cultural influences

ဒီဇယားလေးကို ဒီလင့်ကလေး ကယူထားတာပါ
http://www.religionfacts.com/buddhism/fastfacts/differences_theravada_mahayana.htm
--

သီတဂူဆရာတော်ဘုရား ကြီး ရဲ့ စကားနဲ့ဆိုရင် သာသနာ တည်တံ့လာတာ နှစ်ပေါင်း ၂၅၀၀ ကျော်ကြာပြီဆိုတော့ မလိုက်နာနိုင်လိုက် ပြင်လိုက် ၊ အကြိုက်ကလေးတွေ့လိုက် ထပ်တိုးလိုက်နဲ့ ပဲ သင်္ကန်းအဟောင်းကြီး ဖာရင်းဖာရင်း နဲ့ပဲ နောက်ဆုံး တော့ မူရင်းသင်္ကန်းစ ပျောက်သွားတဲ့ ဥပမာလို ပါပဲ။တဲ့

အတွေးမှန် အမြင်မှန် နှင့် မှန်ကန်သော ဆုံးဖြတ်ချတ်များ ချနိုင်ကြပါစေ

လေးစားစွာဖြင့်
နေစိုးနိုင်

2 comments:

Anonymous said...

Thanks for an idea, you sparked at thought from a angle I hadn’t given thoguht to yet. Now lets see if I can do something with it.

Anonymous said...

I agree with most of your points, however some need to be discussed further, I will hold a small conversation with my buddies and maybe I will look for you some advice later.

- Henry