လူသား စင်စစ် ယောက်ျား တစ်ယောက်ကနေ ခွေးမ တကောင်ကို လက်ထပ်လိုက်တယ် ။ လို့ ပြောရင် ခင်ဗျားယုံမလား ။ မယုံလည်း မတတ်နိုင်ဘူးဗျို့ ။ တကယ် လက်ထပ် လိုက်တယ်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း တာမိနာဒူ မှ အမျိုးသား ဆဲလ်ဗားကူးမား အသက် ၃၃ နှစ်ဟာ ဟိန္ဒူ ထုံးတမ်း စဉ်လာနှင့် အညီ ခွေးမ တကောင်ကို လက်ထပ်ခဲ့ပါတယ်။ ခွေးမလေး ရဲ့နာမည်ကတော့ ဆဲလ်ဗီ ပါ တဲ့။
သတို့သား၏ပြော ပြချက်မှာ လွန်ခဲ့သော ၁၅ နှစ်ခန့်မှ ခွေးနှစ်ကောင်အား မသေမချင်း ကျောက်ခဲနှင့် ပစ်ပေါက်ပြီး သစ်ပင်မှာ ချိတ်ဆွဲ ခဲ့ဖူးပါတယ်။ ဒီအပြစ်ကြောင့် ခြေလက်တွေ လေဖြတ်ပြီး နားတဖတ် မကြားပဲ တစ်နှစ်လောက် ခံခဲ့ရပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ သူခွေးနှစ်ကောင်ကို သတ်ခဲ့လို့ လို့ သူက ယုံကြည်နေပါတယ်။ ဒီအပြစ်ကို ပေးဆပ်ဖို့ အတွက် သူ ဒီခွေးမလေး နဲ့ လက်ထပ် ရပါမယ်။
ခွေးမလေး ကို ပန်းရောင်ဆာရီလေး ခြုံ ၊ ပန်းကလေး တွေ ပန်ပေးပြီး ဟိန္ဒူ ထုံးတမ်း စဉ်လာအတိုင်း ဘုရားရှိခိုးကျောင်းမှာ လက်ထပ်လိုက်ပါတယ်။
ဒီလို တိရိစ္ဆာန် ကို လက်ထပ်တာဟာ ဒါပထမ ဆုံး အကြိမ် မဟုတ်ပါဘူး။ ဆူဒန် နိုင်ငံတောင်ပိုင်းမှာ လည်း ဆိတ်မ တကောင်နဲ့ Mr. Tombe ဆိုတဲ့လူကို လက်ထပ်ဖို့ဝိုင်း ၀န်း တောင်းဆိုကြပါတယ်။ အကြောင်းကတော့ ဒိပုဂ္ဂိုလ် က ဒီဆိတ်မလေး နဲ့ လိင် ဆက်ဆံနေတာကို မိ လို့ပါ။
ဆိတ် ပိုင်ရှင် ကို Sudanese Dinar 15,000 ( ဒေါ်လာ ၅၀ ကျော်) လျှော်ကြေးပေး၍ လက်ထပ်စေခဲ့ပါတယ်။ ဆိတ် မလေး နာမည် ကတော့ Rose တဲ့။ ဆိတ်မကလေး က မီးဖွား ပါတယ်။ လူတော့ဟုတ်ဘူး ။ ဆိတ်ကလေး တဲ့။ ဆိတ်မကလေး Rose ကတော့ ဆူဒန် နိုင်ငံ ရဲ့ မြို့တော် Juba လမ်း ပေါ်က ပလပ်စတစ်အိပ် တွေ ကို မြိုချမိတာ ကြောင့် သေသွားပါတယ်တဲ့။
နီပေါနိုင်ငံမှာတော့ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ Phulram Chaudhary ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သူ့ဘ၀မှာ ရှေ့ရှောက် ကံကောင်းဖို့ ကံဆိုးခြင်းတွေ ကို ဖယ်ရှားနိုင်ဖို့ ခွေးမ တစ်ကောင်ကို လက်ထပ်ရပါမယ်။ ဒါဟာ သူတို့ Tharu လူမျိုး ရဲ့ ဓလေ့ထုံးစံ တခုဖြစ်ပါတယ်။ သူတို့ ထုံးစံအရ အသက်ကြီး ချိန်မှ သွားပြန်ပေါက်လာလျှင် မကောင်းသော ကံတွေ မဖြစ်ဖို့ ခွေး ကို တရားဝင် မိန်းမ အဖြစ် လက်ထပ်ရပါမယ်။ ဒါကြောင့် သူ ကံကောင်းဖို့အတွက် သားသမီး ၊ ဆွေမျိုးများ ခြံရံလျှက် လက်ထပ်ခဲ့ခြင်းပါ။ သို့သော် သူကံမကောင်းခဲ့ပါ လက်ထပ်ပြီး ရက်အနည်း ငယ်အတွင်းမှာ ပဲ သူ သေဆုံးသွားခဲ့ပါတယ်။
ကဲသူငယ်ချင်းတို့ရေ ။ ဒါက သတင်း ဟောင်းလေး တွေ ။ ကိုယ်မသိသေးတော့ အသစ်ပေါ့ ။ ဗဟုသုတ ရအောင် မှတ်ထားလိုက်ဦး။
ဒီစာကို ဒီလင့် ကလေးတွေကို ကိုးကား ရေးသားပါတယ်
http://blog.xnepali.com/indian-man-married-a-dog/
http://www.telegraph.co.uk/news/worldnews/1550479/Man-marries-goat-captivates-millions.html
ကဲတွေးချင်တာဆက်တွေးဖို့ ကတော့ ခင်ဗျားတို့ တာဝန်သာ။
လေးစားစွာဖြင့်
နေစိုးနိုင်

2 comments:
အံ့ကိုလဲ သြသွားစေပါတယ်။ ......အစ်ကို....
ကြက်သိန်းတွေတောင် ထမိပါတယ်။
ဘယ်လိုကြီးတွေပါလိမ့်နော်။ သဘာဝလွန် လူတွေရဲ့
ကြောင်တောင်တောင် အတွေးတွေပဲလား။
မသိတော့ပါဘူး။
အစဉ်အလာ အစွဲအလန်းက စိတ်ထဲကနေလာတာမို့
သူတို့စိတ်က လက်ခံသမျှ သူတို့ လိုက်လုပ်ကြမှာပေါ့နော်။ စိတ်ဝင်စားစရာ ကောင်းသလို
အံ့သြစရာလဲ ကောင်းပါတယ်။
Post a Comment