ဘ၀ဆို တဲ့ စကားနှစ်လုံးအတွက် ကျွန်မတို့ ဖြတ်သန်းလာခဲ့တဲ့ ကာလ တလျှောက်မှာ ပျော်ရွှင်စရာ တွေ၊ ၀မ်းနည်းကြေကွဲစရာတွေ နဲ့ ပြည်နှက်နေခဲ့ပါတယ်။ လောဘတွေ၊ ဒေါသတွေ၊မနာလို မုန်းတီး မှု၊ ခံစားချက်တွေနောက် တကောက်ကောက် လိုက်ရင်း အချိန်တွေ တဖြည်းဖြည်း ကုန်လာခဲ့တယ်၊ တကယ်တော့ နေတတ်ရင် ကျေနပ်စရာကောင်းတဲ့ ပိုင်ဆိုင်သင့် သလောက် ကိုယ်စီ ပိုင်ဆိုင်နေကြ ပြီးသား ဘ၀မှာ ကျွန်မချစ်တဲ့ သူများနဲ့ ကျွန်မကိုချစ်တဲ့ သူများ၊ ကျွန်မဘ၀ရဲ့ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင် အကြောင်းကို ရေးသားလိုက်ပါတယ်။
ငယ်စဉ်ဘ၀ဆိုတာ ရင့်ကျက်မှုနည်းပြီး ကိုယ်ခံစားချက်ကို တားမရဆီးမရ ဖော်ပြတတ်ကြတယ်။ အခုချိန်မှာ ပြန်စဉ်းစားကြည့် ရင် ပြုးစိစိနဲ့ ပေါရက်လေခြင်း လို့ အော်ရယ်မိချင်ပေမယ့် ခါးသီးစွာမုန်းတီးခဲ့တဲ့ ကျွန်မရဲ့ ပေါကြောင်ကြောင် သ၀န်တိုမှုတွေကို ဖော်ပြလိုက်ပါတယ်။
ကျွန်မ First Year နှစ်စမှာ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ စတင် ဆုံစည်းခဲ့တယ်။ အံ့သြစရာ ကောင်းလောက်အောင် စကားနှစ်ခွန်း ပြောပြီးပြီးချင်း စိတ်သဘောထားတိုက်ဆိုင်စွာ ပဲ ငယ်ပေါင်းကြီးဖော်တွေလို နားလည်မှု ရခဲ့တယ်။ဒါပေမယ့် ကျွန်မ အ၊ရမ်းသ၀န်တိုတယ်။ ဘာလို့ဆို သူနဲ့ ကျွန်မ ဖယ်ရီကားပေါ်မှာ တစ်ယောက် နဲ့ တစ်ယောက် လက်ချင်းချိတ်ပြီး လက်တွဲ မဖြုတ်စတမ်း စကားတွေပြောကြ၊ အတူ ရယ်မောကြရင်း လမ်းမှာ ရှိသမျှ ဘုရားတွေကို အတူတူ လက်ချင်းတွဲပြီး ဖူးခဲ့ကြတယ်။ကျွန်မ ကတော့ ရှေ့တွင်ရော နောက်ကွယ်မှာ ပါ ဒီတစ်ယောက်ထဲကို ပဲ မြတ်နိုးစွာ ခင်မင်ခဲ့ တယ်။
ဒီမှာ ပြသာနာစတာပဲ ။သူကပြောတယ် အခင်ဆုံးသူငယ်ချင်းနှစ်ယောက်အတူတူ ရှိနေချိန်မှာ ဘယ်သူကို ဂရုစိုက်ရမှန်းမသိဘူးတဲ့ ။ ဒီလိုနဲ့ သူရဲ့ အတန်းတူ သူငယ်ချင်းတွေနဲ့ ဆုံတဲ့ အခါတိုင် အလိုလိုနေရင်း ဒုတိယလူ ဖြစ်သွားခဲ့ရပါတယ်။ သူ နဲ့ ကျွန်မ တစ်ယောက် မုန့်ဖိုးတစ်ယောက် အတူတူ သုံးကြတယ်။ တခါတခါ နှစ်ပတ်သုံးပတ်လောက် ပိုက်ဆံပြတ်သွား ရင်တောင် သူ့ပိုက်ဆံ ကိုယ့်ပိုက်ဆံ မခွဲခြားကြဘူး။ ရှက်ရကောင်းမှန်း မသိရလောက်အောင်ကို မရှိအတူ ရှိအတူပါပဲ။ ဘယ်သူက မှ လည်း မငြိုငြင်ကြဘူး။
ပြသာနာက ကျွန်မ သ၀န်တိုတတ်တာပါ ။ သူကျွန်မကို လက်တွဲဖြုတ်ပြီး သူ့ သူငယ်ချင်းကို လက်သွားတွဲ တဲ့ အခါ ရင်ထဲမှာ နာကျင် ခံစား ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မ ပေးသလောက် ပြန်မရခဲ့တဲ့ အခါ သံယောဇဉ်တွေကို ဖြည်းဖြည်းချင်း ခွာချဖို့ ကြိုးစားခဲ့တယ်။ တစ်ယောက်ထဲ အတတ်နိုင်ဆုံး နေတယ် သူငယ်ချင်းတွေနဲ့ ပျော်အောင်နေတယ်။ ဒီလိုနဲ့ ကျောင်းချိန်ကလွဲရင် ဖယ်ရီစီးချိန် ပဲတွေ့ဖြစ်ကြတယ်။ ဒီအချိန်မှာ တောင် ကျွန်မပေးသလောက် ပြန်မရလို့ သူအပေါ်မှာ မခင်တော့အောင် အတတ်နီုင်ဆုံးကြိုးစားခဲ့တယ်။အဲဒီအချိန်မှာ သေချာတာတစ်ခုက သူလည်းကျွန်မကို မုန်းတယ်။ ကျွန်မလည်း သူ့ကို မကြည့်ချင် တော့လောက်အောင်ပဲ။
ဒီလိုနဲ့ ပျော်သလိုနေရင်း ကျွန်မကို မျက်စိအောက်က အပျောက်မခံလောက်အောင်ကျွန်မကို အရမ်းချစ်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စတင်ဆုံစည်းခံ့ပါတယ်။ အဲဒီ အချိန်တွေမှာ အတတ်နိုင်ဆံး သူ့ကို လျစ်လျူ ရှု ခဲ့တယ်.။ ဒါပေမယ့် သူကို ကျွန်မမြတ်နိုးတာက ကျွန်မရဲ့ အခြားသူငယ်ချင်းတွေ အဖော်မပြုနိုင်တဲ့ အရာလေး တွေ မှာ သူက ကျွန်မအနားမှာ အမြဲရှိနေ ပေးတယ်။တရားစခန်း အတူတူဝင်တယ်။ တရားပွဲတွေဆို နှစ်ယောက်ထဲ အိမ်က အမေလိုက်ပေးတယ်ဆိုပြီး လိမ်ထွက်ကြတယ်။(မလွှတ်မှာဆိုးလို့)။ ဒါပေမယ့် အတတ်နိုင်ဆုံး ရင်ထဲက နာကျင်မှုတွေကို ကျွန်မကို ချစ်သော သူငယ်ချင်းနဲ့ ပျော်အောင်နေရင်း ကုန်းဆုံး ခဲ့ပါတယ်။
ဒါပေမယ့် ပြသာနာက ကျွန်မသူငယ်ချင်း။ အသေးစိတ်က လိုက်ပြီး ဂရုစိုက်လွန်းတယ်။ ကျွန်မပြုးနေရာကနေ တစ်ချက် မျက်နှာပျက်သွားရင်တောင် အသည်းသန်လိုက်မေးတတ်တယ်။ ကျွန်မကတော့ သူရဲ့ ဂရုစိုက်မှုတွေကို အသက်ရှု ကျပ်လောက်အောင် စိတ်ညစ်တယ်။သ၀န်တိုလွန်းတယ် ။ကျွန်မလမ်းမှာ ကျွန်မ သူငယ်ချင်းတွေနဲ့ တွေလို့ ပြုံးမိရင်တောင်(ပျော်တဲ့ အရိပ်အယောင်လေးသူတွေ့သွားရင်တောင်) သူနဲ့ နေရင် ဒီလို မဟုတ်ဘူးဆိုပြီး ပြသာနာလုပ်တတ်သေးတယ်။
တစ်ခါတစ်ခါ နင်က နင့် သူငယ်ချင်းတွေနဲ့တွေ့ရင် အချိုး ပြောင်းသွာတယ် ဆိုပြီး ငိုတတ်လို့ ချော့ ရတဲ့ အကြိမ်ပေါင်းလည်း များလှပြီ။ အတင်းအကျပ်မေးခွန်းတွေ ထွက်ပေါက်မရှိအောင် မေးလွန်းလို့ စိတ်ညစ်ပြီး သူ့ကို ပြန်ပြောမိရင်လည်း ငိုလို့ မဆုံးတော့ ။ ချုပ်ချုယ်လွန်းတယ်။ သ၀န်တိုလွန်းတယ်။ ကျွန်မမှာ သူငယ်ချင်းတွေနဲ့ တွေ့ရင်တောင် သိပ်မပျော်ပြရဲဘူး။ ငိုနေမှာစိုးလို့ ။သူတို့နဲ့ စကားပြောရင် သူ့လက်ကို တင်းတင်းဆုပ်ထားရတယ်။သူ့ကို ဂရုစိုက်ကြောင်း ပြတဲ့ အနေနဲ့လေ။
ကျွန်မသူငယ်ချင်း သူ့အဒေါ်အိမ်မှာ သွားနေလို့ သူနဲ့ ကျွန်မ ဖယ်ရီပေါ်မျာ တောင် မတွေ့ ဖြစ်ကြတော့ ဘူး။ တစ်နေ့ တော့ သူ နေမကောင်းလို့ ကျောင်းမလာဘူးတဲ့ ။ ၂ ပတ်တောင်ရှိပြီလို့ ပြောတယ်။ နောက် တစ်ပတ်လောက် ကြာတော့ သူကျောင်းလာတယ် တဲ့ သူ့ သူငယ်ချင်းတွေနဲ့ အတူ သူကို သွားတွေ့ဖို့ သူအခန်းဘက်ဆီ သွားတော့ အတန်းထဲက ထွက်လာတဲ့ သူ့ကို တွေ့လို့က်တယ်။သူ့ သူငယ်ချင်းတွေက သူ့ဆီ အပြေးအလွှား ပြေးသွားကြတော့ ကျွန်မကတော့ ဖြည်းဖြည်းလေးသူ့ ဆီ ကို လျှောက်သွား လိုက်တယ်။ အပြေးအလွှား ပြေးဖက်ကြတဲ့ သူငယ်ချင်းတွေ ဆီးကြိုအပြီးမှာ သူကျွန်မဆီ ပြေးလာတယ်။
" အချစ်" လို့ ခေါ်ပြီး ကျွန်မကို ပြေးဖက်လိုက်တော့ ကျွန်မရဲ့ လက်တွေက အလိုလို ဖက်မိပြီးသား ဖြစ်နေတယ်။ ငါ နေမကောင်းဘူး မောနေတယ်။ အသက်ရှုမ၀ဘူး ။ အိပ်ရာပေါ်က ဆင်းတော့ မိုက်ခနဲ့ ဖြစ်သွားတယ်။ ငါလေ သူတို့ ပြေးပြီး ငါကို ဖက်လိုက်တဲ့ အချိန်မှာ ငါ့ရင်ထဲမှာ နင့်ဆီကို ပဲပြေးလာမိနေတယတဲ့ ။ ဟုတ်ပါတယ်။ နောက်တစ်နှစ် ကျွန်မ Third year သူ သချာင်္မဖြေနိုင်တဲ့ နေ့ တုန်းက လည်း သူကျွန်မ ကို ဖက်ပြီး ငိုတယ် ။ အချစ် ဆိုပြီးတော့ ပေါ့ ။ သူ က ကျွန်မကို အချစ် လို့ ခေါ်တယ်။ ကျွန်မ ကလည်း သူ့ ကို အချစ် လို့ ပဲခေါ်တယ်။ ဒီနောက်ပိုင်းတော့ ကျွန်မတို့ ပိုနားလည်းမှုရလာတယ်။ သူလည်း သူ့သူငယ်ချင်းတွေနဲ့ ပျော်လို့ ကျွန်မလည်း ကျွန်မ သူငယ်ချင်းတွေနဲ့ အချိန်ကုန်လို့ ။ကျွန်မရော သူရော သိတာ ဘယ်သူနဲ့ ပဲရှိနေနေ အချိန်တန်ရင် ပြန်လာမယ် ဆိုတာပါပဲ။
ပြသာနာတစ်ခုက ကျွန်မသူငယ်ချင်းက တစ်ခါတစ်ခါ ကျွန်မ ဖယ်ရီကို လာလာစီးတယ်။ အဲဒီအခါမှာ အိမ်ရှင် ဖြစ်တဲ့ကျွန်မ သူငယ်ချင်းကို အလိုလို နေရာဖယ်ပေးရတာပေါ့ ။သူနဲ့ ကျွန်မ ဘယ်တုန်းက မှ ခွဲ မထိုင်ဘူးတဲ့ ခုံလေး နောက်တစ်ယောက် နေရာယူသွားတာ ပေါ့ ။
တစ်နေ့ သူကျွန်မကို ခေါင်းစီးကြိုးလေး ၀ယ်ပေးတယ်။ကျွန်မကလည်းကျွန်မပါပဲ သူခေါင်းစီးကြိုးကို ကျွန်မ သူငယ်ချင်း ခေါင်းမှာ ပန်ပေးမိတယ် .ဒါကို သူမြင်သွားတော့ ဒေါသထွက်ပြီဒပြောတယ် ။နင့် ကို ဘာမှ ၀ယ်မပေးတော့ ဘူး ။ဒီအချိန်က စ ပြီး သူ ကျွန်မကို ဘာ ပစ္စည်းမှ လက်ဆောင်မပေးတော့ဘူး။
ဆက်လက်ဖော်ပြပေးပါဦးမည်။ ။
ခင်မင်လျှက်
မီဇူး
ကျွန်မ First Year နှစ်စမှာ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ စတင် ဆုံစည်းခဲ့တယ်။ အံ့သြစရာ ကောင်းလောက်အောင် စကားနှစ်ခွန်း ပြောပြီးပြီးချင်း စိတ်သဘောထားတိုက်ဆိုင်စွာ ပဲ ငယ်ပေါင်းကြီးဖော်တွေလို နားလည်မှု ရခဲ့တယ်။ဒါပေမယ့် ကျွန်မ အ၊ရမ်းသ၀န်တိုတယ်။ ဘာလို့ဆို သူနဲ့ ကျွန်မ ဖယ်ရီကားပေါ်မှာ တစ်ယောက် နဲ့ တစ်ယောက် လက်ချင်းချိတ်ပြီး လက်တွဲ မဖြုတ်စတမ်း စကားတွေပြောကြ၊ အတူ ရယ်မောကြရင်း လမ်းမှာ ရှိသမျှ ဘုရားတွေကို အတူတူ လက်ချင်းတွဲပြီး ဖူးခဲ့ကြတယ်။ကျွန်မ ကတော့ ရှေ့တွင်ရော နောက်ကွယ်မှာ ပါ ဒီတစ်ယောက်ထဲကို ပဲ မြတ်နိုးစွာ ခင်မင်ခဲ့ တယ်။
ဒီမှာ ပြသာနာစတာပဲ ။သူကပြောတယ် အခင်ဆုံးသူငယ်ချင်းနှစ်ယောက်အတူ
ပြသာနာက ကျွန်မ သ၀န်တိုတတ်တာပါ ။ သူကျွန်မကို လက်တွဲဖြုတ်ပြီး သူ့ သူငယ်ချင်းကို လက်သွားတွဲ တဲ့ အခါ ရင်ထဲမှာ နာကျင် ခံစား ခဲ့ရပါတယ်။
ဒီလိုနဲ့ ပျော်သလိုနေရင်း ကျွန်မကို မျက်စိအောက်က အပျောက်မခံလောက်အောင်ကျွန်မကို အရမ်းချစ်တဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စတင်ဆုံစည်းခံ့ပါတယ်။ အဲဒီ အချိန်တွေမှာ အတတ်နိုင်ဆံး သူ့ကို လျစ်လျူ ရှု ခဲ့တယ်.။ ဒါပေမယ့် သူကို ကျွန်မမြတ်နိုးတာက ကျွန်မရဲ့ အခြားသူငယ်ချင်းတွေ အဖော်မပြုနိုင်တဲ့ အရာလေး တွေ မှာ သူက ကျွန်မအနားမှာ အမြဲရှိနေ ပေးတယ်။တရားစခန်း အတူတူဝင်တယ်။ တရားပွဲတွေဆို နှစ်ယောက်ထဲ အိမ်က အမေလိုက်ပေးတယ်ဆိုပြီး လိမ်ထွက်ကြတယ်။(မလွှတ်မှာဆိုးလို့)။ ဒါပေမယ့် အတတ်နိုင်ဆုံး ရင်ထဲက နာကျင်မှုတွေကို ကျွန်မကို ချစ်သော သူငယ်ချင်းနဲ့ ပျော်အောင်နေရင်း ကုန်းဆုံး ခဲ့ပါတယ်။
ဒါပေမယ့် ပြသာနာက ကျွန်မသူငယ်ချင်း။ အသေးစိတ်က လိုက်ပြီး ဂရုစိုက်လွန်းတယ်။ ကၽြန္မျပဳးေ
တစ်ခါတစ်ခါ နင်က နင့် သူငယ်ချင်းတွေနဲ့တွေ့ရင် အချိုး ပြောင်းသွာတယ် ဆိုပြီး ငိုတတ်လို့ ချော့ ရတဲ့ အကြိမ်ပေါင်းလည်း များလှပြီ။ အတင်းအကျပ်မေးခွန်းတွေ ထွက်ပေါက်မရှိအောင် မေးလွန်းလို့ စိတ်ညစ်ပြီး သူ့ကို ပြန်ပြောမိရင်လည်း ငိုလို့ မဆုံးတော့ ။ ချုပ်ချုယ်လွန်းတယ်။ သ၀န်တိုလွန်းတယ်။ ကျွန်မမှာ သူငယ်ချင်းတွေနဲ့ တွေ့ရင်တောင် သိပ်မပျော်ပြရဲဘူး။ ငိုနေမှာစိုးလို့ ။သူတို့နဲ့ စကားပြောရင် သူ့လက်ကို တင်းတင်းဆုပ်ထားရတယ်။သူ့ကို ဂရုစိုက်ကြောင်း ပြတဲ့ အနေနဲ့လေ။
ကျွန်မသူငယ်ချင်း သူ့အဒေါ်အိမ်မှာ သွားနေလို့ သူနဲ့ ကျွန်မ ဖယ်ရီပေါ်မျာ တောင် မတွေ့ ဖြစ်ကြတော့ ဘူး။ တစ်နေ့ တော့ သူ နေမကောင်းလို့ ကျောင်းမလာဘူးတဲ့ ။ ၂ ပတ်တောင်ရှိပြီလို့ ပြောတယ်။ နောက် တစ်ပတ်လောက် ကြာတော့ သူကျောင်းလာတယ် တဲ့ သူ့ သူငယ်ချင်းတွေနဲ့ အတူ သူကို သွားတွေ့ဖို့ သူအခန်းဘက်ဆီ သွားတော့ အတန်းထဲက ထွက်လာတဲ့ သူ့ကို တွေ့လို့က်တယ်။သူ့ သူငယ်ချင်းတွေ
" အချစ်" လို့ ခေါ်ပြီး ကျွန်မကို ပြေးဖက်လိုက်တော့ ကျွန်မရဲ့ လက်တွေက အလိုလို ဖက်မိပြီးသား ဖြစ်နေတယ်။ ငါ နေမကောင်းဘူး မောနေတယ်။ အသက်ရှုမ၀ဘူး ။ အိပ်ရာပေါ်က ဆင်းတော့ မိုက်ခနဲ့ ဖြစ်သွားတယ်။ ငါလေ သူတို့ ပြေးပြီး ငါကို ဖက်လိုက်တဲ့ အချိန်မှာ ငါ့ရင်ထဲမှာ နင့်ဆီကို ပဲပြေးလာမိနေတယတဲ့ ။ ဟုတ်ပါတယ်။ နောက်တစ်နှစ် ကျွန်မ Third year သူ သချာင်္မဖြေနိုင်တဲ့ နေ့ တုန်းက လည်း သူကျွန်မ ကို ဖက်ပြီး ငိုတယ် ။ အချစ် ဆိုပြီးတော့ ပေါ့ ။ သူ က ကျွန်မကို အချစ် လို့ ခေါ်တယ်။ ကျွန်မ ကလည်း သူ့ ကို အချစ် လို့ ပဲခေါ်တယ်။ ဒီနောက်ပိုင်းတော့ ကျွန်မတို့ ပိုနားလည်းမှုရလာတယ်။ သူလည်း သူ့သူငယ်ချင်းတွေနဲ့ ပျော်လို့ ကျွန်မလည်း ကျွန်မ သူငယ်ချင်းတွေနဲ့ အချိန်ကုန်လို့ ။ကျွန်မရော သူရော သိတာ ဘယ်သူနဲ့ ပဲရှိနေနေ အချိန်တန်ရင် ပြန်လာမယ် ဆိုတာပါပဲ။
ပြသာနာတစ်ခုက ကျွန်မသူငယ်ချင်းက တစ်ခါတစ်ခါ ကျွန်မ ဖယ်ရီကို လာလာစီးတယ်။ အဲဒီအခါမှာ အိမ်ရှင် ဖြစ်တဲ့ကျွန်မ သူငယ်ချင်းကို အလိုလို နေရာဖယ်ပေးရတာပေါ့ ။သူနဲ့ ကျွန်မ ဘယ်တုန်းက မှ ခွဲ မထိုင်ဘူးတဲ့ ခုံလေး နောက်တစ်ယောက် နေရာယူသွားတာ ပေါ့ ။
တစ်နေ့ သူကျွန်မကို ခေါင်းစီးကြိုးလေး ၀ယ်ပေးတယ်။ကျွန်မကလည်းကျွန်မပါ
ဆက်လက်ဖော်ပြပေးပါဦးမည်။ ။
ခင်မင်လျှက်
မီဇူး
No comments:
Post a Comment