အင်း… နေစိုးနိုင်သာ ကောင်မလေး ဆိုရင်တော့ ကျွန်တောဖက်နမ်းတာနဲ့ သေတော့မှာပဲ။ ဘာလို့ဒီလောက် ကောင်းတဲ့အတွေးလေးတွေ ထွက်ထွက်နေတာလဲ ။ကလေးက ကလေး လိုမနေပဲလျှောက်လျှောက်တွေးတော့ ကျွန်တော်ကလည်းရေးရအုံးတော့ ပေမပေါ့ဗျာ။ နေစိုးနိုင်လား ။သူ့ကိုယ်သူ သိပ်ငယ်ချင်တဲ့ကောင်ဗျ ။ကျွန်တော်နဲ့ chatting ဝင်တိုင်း အကို အကို ၊ကျွန်တော်ကျွန်တော် နဲ့။ ကျွန်တော့်ကို အမြန် အိုခိုင်းနေတဲ့ကောင်ဗျ ။အမှန်ဆို သူကတောင် ကြီးသေးတယ် ။လူကောင်ပြောပါတယ် ။ကျွန်တော်က ဆွေးနွေးဖော် ဆွေးနွေးဖက် သူငယ်ချင်း လိုချင်တာဗျ ။ကဲ.. ဒီလောက်ငယ်ချင်တဲ့ကောင်ကို သူ့အတွေး နဲ့ ပက်သက်ပြီး ဆွေးနွေးစရာ ရှိနေတဲ့ ကျွန်တော်က ကလေးလေးရေ ခေါ်ပြီး ပြောရင် လွန်မယ် ထင်ကြ မလားခင်ဗျာ။
ဦးဆုံးအနေနဲ့ စာဖတ်သူတွေကို မိတ်ဆွေအပေါင်းအသင်း အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်ရေးတဲ့စာတွေနဲ့ ပက်သက်လို့ ကျွန်တော်အတွေးအခေါ်အပေါ် ကောင်းတယ်လို့ ယူဆခဲ့ရင် ဘယ်လို ဘယ်ပုံ ကောင်းကြောင်း ၊ဘယ်လိုလေးဆိုရင် ပိုကောင်းမှာ စသဖြင့် လည်းကောင်း ၊ဒါမှမဟုတ် မှားတယ်လို့ ယူဆခဲ့ရင်လည်း ဘယ်လို ဘယ်ပုံ မှားကြောင်း ဆွေးနွေးပေးကြပါ လို့ ။ အမှန်တရားကို လက်ခံရဲပါတယ် ။ ပြင်နိုင်တာ ၊မပြင်နိုင်တာက တော့ ကျွန်တော့်ရဲ့ အားနည်းချက် ၊အားသာချက်အပေါ် မူတည်ပါလိမ့်မယ် ။ ကျွန်တော် ကိုယ်တိုင်ပြင်ချင်တဲ့ အချိန်မှာတော့ အမှန်တရားကို ဆင်ခြင်တွေးတော၍ သိရှိပြီးခြင်း ဆိုတဲ့ အကျိုးကျေးဇူး ရှိပါတယ် ။
နေစိုးနိုင်က သြကာသ ကန်တော့ချိုးနဲ့ ပက်သက်ပြီး ထောက်ပြဝေဖန်ထားပါတယ်။ ဝေဖန်ရေးဆိုတာ ဝေဖန်တဲ့လူက ဝေဖန်တတ်ရင် ၊အဝေဖန်ခံရတဲ့ သူကလည်း မှန်မှန်ကန်ကန် အသုံးပြု တတ်မယ်ဆိုရင် လိုအပ်ချက်တစ်ခုပါ ။
နေစိုးနိုင်ရဲ့ ဆန္ဒကတော့ အချိန်၊နေရာဒေသ၊ လူမျိုးမရွေး သြကာသ ကန်တော့ချိုး နဲ့ ဘုရားရှိခိုးကြပြီဆိုရင် ညီညာပြီး ကျက်သရေ ရှိတဲ့အသံ ထွက်ပေါ်စေချင်တာပါ ။ မိမိကြိုက်နှစ်သက်ခြင်း ၊ မကြိုက်နှစ်သက်ခြင်းဆိုတဲ့ စိတ္တဇအသံထက် မိမိဘာသာ၊သာသနာ ပို၍ပို၍ ကောင်းမွန်စေချင်တဲ့ ဝံသာနုအသံက ပိုလွှမ်းတယ်လို့ မြင်မိပါတယ် ။
နေစိုးနိုင်ရဲ့ ဒီအတွေးဟာ ဗုဒ္ဓဘာသာအတွက် လိုအပ်ချက်(သို့)ချို့ယွင်းချက်
နေစိုးနိုင်က သြကာသ ကန်တော့ချိုး ရွတ်ဆိုပူဇော်တဲ့အခါ ညီညီညာညာမရှိကြတဲ့ အကြောင်း ၊ညီညီညာညာ ရှိစေချင်ကြောင်း ပြောပြီး သက်ဆိုင်ရာ လုပ်ခွင့်ရှိ၍ လုပ်ခွင့်ရသူ တွေကို လုပ်စေချင်တယ်လို့ ရေးထားတာကို ဖတ်ပြီးပြီးချင်း သံဃာတော်အရှင်သူမြတ်များကို အားကိုးတကြီး ပြေးမြင်မိတယ် ။သာသနာတော်အကျိုးကို လုပ်နိုင်စွမ်းအရှိဆုံး နဲ့အစွမ်းဆောင်ဆုံးသည် ဆရာတော် အရှင်သူမြတ်များပဲ မဟုတ်ပါလား ခင်ဗျာ ။ ဆရာတော် အရှင်သူမြတ်များ စိတ်ဝင်စားပြီး လုပ်ဆောင်ပါမှ ပိုမိုထိရောက်မှာ မဟုတ်ပါလား ။အဲဒီတော့ ဆရာတော် ဘုရားများ လုပ်သင့်ပါတယ် ဘုရားများ ဦးဆောင်ပြီး လုပ်သင့်တယ်လို့ နေစိုးနိုင် ရဲ့ Cbox မှာ ရေးလိုက်မလို့ပါပဲ ။ပီးတော့မှ ဆရာတော် အရှင်သူမြတ်များကို ဆရာလုပ်သလို ဖြစ်နေမှာစိုးတဲ့ အတွက် “ဆရာတော် ဘုရားများ….” ဆိုပြီးပဲ ရေးလိုက်မိပါတော့တယ် ။
အမှန်တော့ သြကာသကန်တော့ချိုးကို စုပေါင်းရွတ်ဆိုတဲ့ဓလေ့က ရှိပြီးသား ဖြစ်ပါတယ်
။ သံဃာတော်အရှင်သူမြတ်တို့ကလည်း ညီညီညာညာရွတ်ဆိုဖို့ လေ့ကျင့်ပျိုးထောင် ပေးခဲ့၊ ပေးဆဲ ၊ ပေးလတ္တံပဲ ဖြစ်ပါတယ်။ အဲသလို ဓလေ့ကလည်း ရှိပြီးသား ၊သာသနာတော် ထွန်းကားဆဲ သံဃာတော်အရှင်သူမြတ်တို့ ပျော်စံရာ ကျွန်တော်တို့ ရွှေပြည်သားတွေမှာမှ ဒီညီ၊မညီဆိုတဲ့ ပြဿနာကို နေစိုးနိုင်ဘာကြောင့်ရှာဖွေ တွေ့ရှိသွားပါသလဲ ၊၊
“ဖြတ်တောက်တိကျ သြကာသ မြန်စွာ ရှာသင့်သည် ”
“လေးလေးမှန်မှန် ဦးဆောင်သံ ဧကန် ရှိရမည် ။”
“နွေးထွေး အားသန် ဝိုင်းဆိုရန် အမှန် သံစဉ် လိုအပ်သည်”
“နိုင်ငံအဝှမ်း တကယ်တမ်း only one သာရှိသင့်သည်”
ဆရာတော်အရှင်သူမြတ်များရဲ့ အပိုင်းရယ် ၊ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်များရဲ့အပိုင်းရယ် ဆိုပြီး နှစ်ပိုင်းခွဲပြီးတော့ ကျွန်တော့်ဦးနှောက်အသေးလေးနဲ့ ဆွေးနွေးကြည့်ရအောင်ဗျာ။
ဆရာတော်အရှင်သူမြတ်များဟာ ပရိယတ္တိ နှင့် ပရိပတ္တိ တာဝန်နှစ်ရပ်စလုံးကို ပူးတွဲ ထမ်းဆောင်နေကြရ သူများပဲဖြစ်ပါတယ်။ ပရိပတ္တိတာဝန် ထမ်းဆောင်နေကြတဲ့ ဆရာတော် အရှင်သူမြတ်ဟာ ပရိယတ္တိနှင့် မကင်းကြသလို ၊ပရိယတ္တိ ကျင့်ကြံအားထုတ်တော်ကြတဲ့ သံဃာတော်အရှင်သူမြတ်များဟာလည်း ပရိပတ္တိစာပေနှင့် ကင်းလွတ်ရိုးထုံးစံ မရှိပါချေ။ ဒါက ပထမအချက် ။သံဃာတော်အရှင်သူမြတ်ဟာ မည်သည့်အလှုခံဝတ္ထုပစ္စည်းကိုမဆို လက်လွတ်စပါယ် လက်ခံရိုး မရှိပါ ။သာရေးအလှု ၊နာရေးအလှု ၊ဓမ္မအလှု မည်သည့်အလှု တွင်မဆို သီလပေးခြင်း ၊သင့်တော်ရာတရားတော်များကိုချီး
ပရိပတ္တိသဘောအရ သီလပေးခြင်း ၊တရားဓမ္မဟောကြားခြင်းများ ပြုလုပ်တော်မူကြ ပါသော်လည်း သောတတဏှာတည်းဟူသော ရှောင်ကြဉ်အပ်သည့်တရား ပရိယတ္တိသဘော ကို လွန်ဆန်တော်မမူလိုကြခြင်း သည်လည်းကောင်း ၊နေရာဒေသ၊ လူမျိုး ၊ဂိုဏ်းဂဏပေါင်းစုံ ကွဲပြားနေခြင်းကြောင့် အသံအနိမ့် အမြင့် ၊အဖြတ် အတောက် ၊စာလုံး အရေအတွက် အတိအကျ မရှိရခြင်းသည်လည်းကောင်း ၊ထိုသံပြိုင်ရွတ်ဆိုမှု မညီညာခြင်းသည် ဓမ္မသဘော အနှစ်သာရကို ထိခိုက်မှုမရှိခြင်းသည်လည်းကော
“အသံအနိမ့် အမြင့် ၊အဖြတ် အတောက် ၊စာလုံး အရေအတွက် အတိအကျ ရှိသော မြန်မာနိုင်ငံလုံးဆိုင်ရာ သြကာသကန်တော့ချိုးကို ဖန်တီးပေးတော်မူကြပါရန် သံဃဂုဏ်ကျေးဇူးကို အောက်မေ့လျှက် ရိုသေစွာလျှောက်ထားအပ်ပါသည် ။ ”
နေစိုးနိုင်ရဲ့စာကိုဖတ်ပြီး သြကာသကန်တော့ချိုး ရွတ်ဆိုတိုင်း ညီသောနေရာများကိုလည်း စဉ်းစားမိပါသေးတယ် ။ သံဃာတော်များ ရွတ်ဆိုလျှင် ညီပါသည် ။အထူးသဖြင့် ကျောင်းတူ သံဃာတော်များရွတ်ဆိုလျှင် ပို၍ ညီပါသည်။ သံဃာတော်(ဝါ)လူတစ်ဦးတစ်ယောက်က တိုင်ပေးလျှင်လည်း ညီပါသည်။ မူလတန်း ၊အလယ်တန်း ကျောင်းသူကျောင်းသားများရွတ်ဆို လျှင်လည်း ညီပါသည်။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ရွတ်ဆိုခဲ့ကြရပါတယ် ။ ခုများတော့ ကျွန်တော်လည်း မသိတော့ပါ ။ဒါဆို သူတို့တွေရွတ်ဆိုလျှင် ညီကြပါလျှက် ဘာကြောင့် တခြားသူတွေရွတ်ဆိုလျှင် မညီမညာ ဖြစ်ရပါနည်း။
မနှစ်က ဒူဘိုင်းမှာ သင်္ကြန်ပွဲလေးကျင်းပတုန်းက အဖြစ်အပျက်လေးများကို ပြန်လည်၍ အမှတ်ရမိပါသည်။ jumeria beach မှာပါ ။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် နွေးထွေး သင့်သလောက် မနွေးထွေးခဲ့ရပါသော်လည်း ဦးဆောင်ကျင်းပပေးခဲ့ကြတဲ့ အကိုတွေရဲ့ စိတ်ဓါတ်ကိုတော့ ကျွန်တော့်ရင်ထဲမှာ မှတ်တမ်းတင်ထားပါတယ် ။ ပျော်သင့်သလောက် လည်း ကျွန်တော် ပျော်ခဲ့ရပါတယ် ။အဲဒီမှာ ရခဲ့တဲ့ သင်ခန်းစာလေးပါ ။ သင်္ကြန်သီချင်းများကို ကျွန်တော်တို့ ညီအကိုမောင်နှမတွေ ဝိုင်းဆိုကြပါတယ် ။အကိုတစ်ယောက်က ဂစ်တာတီးပေးပြီး အမ တချို့က ကကြ ၊အားလုံးက သံပြိုင်ဝိုင်းဆိုကြနဲ့ အတော်ပျော်ခဲ့ရပါတယ် ။ အဲဒီမှာ သင်္ကြန် သီချင်းတစ်ပုဒ် စဆိုတော့ အသံတိုးတိုးသွားတာနဲ့ သင်္ကြန်သီချင်း သံပြိုင် သီဆိုရတဲ့ အရသာပျက် တော့မလို ဖြစ်သွားခဲ့သေးတယ် ။ ကျွန်တော်အပါအဝင် ရွှေညီအကို သုံးလေးယောက်လောက်က အသံနည်းနည်းလေးမြှင့်ပြီး ကျယ်ကျယ်လေးဆိုလိုက်တော့မှ သင်္ကြန်သီချင်း သံပြိုင်သီဆိုကြတဲ့ အရသာက သက်ဝင်လှုပ်ရှားလာပြီး ပိုပြီးပျော်စရာကောင်း ခဲ့ပါတယ် ။
ဒီအဖြစ်အပျက်ဟာ ကျွန်တော်ပြောချင်တဲ့ “ဦးဆောင်သံ” ရဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေ မယ် ထင်ပါတယ် ။တရားပွဲများမှာဆိုရင် ဆရာတော်များ(သို့)ကပ္ပိယများက ဦးဆောင်သံပြု ကြပါတယ် ။ကျောင်းတွေမှာဆိုရင်လည်း အတန်းခေါင်းဆောင် (သို့)အသံကျယ်ကျယ်ရွတ်ဆို လေ့ရှိသူတို့က ဦးဆောင်သံပြု ကြပါတယ် ။ မိမိကိုယ်ကို သတိထားလွန်းအားကြီးခြင်း(ဝါ ) ရှက်တတ်ခြင်း နှင့် မိမိ၏ပူပင်သောက ၊ဗာဟီရအလုပ်ကိစ္စများကို အမြဲတစေဆောင်ယူလေ့ ရှိခြင်းတို့သည် သံပြိုင်ရွတ်ဆိုရသောအလုပ်၌ နှောက်ယှက်ခြင်း(ဝါ)အားနည်းခြင်
တွေးမိပါသေးသည် ။မြန်မာနိုင်ငံလုံးဆိုင်ရာ သြကာသကန်တော့ချိုး (သို့)နေစိုးနိုင့် အာဘော်အရ standard ရှိသော သြကာသကန်တော့ချိုးတစ်ခု ရှိပြီဆိုပါစို့ ။ဦးဆောင်သံ ပြုမည့်သူများလည်း နေရာဒေသအနှံ့၌ အဆင်သင့်ရှိပြီ ဆိုပါစို့ ။သံပြိုင်ရွတ်ဆိုခြင်းသည် ပါဝင်ရွတ်ဆိုသူအားလုံး အရေးပါအရာရောက်ကြောင်း သိရှိရန်လိုအပ်သည် ။ထိုသို့အရေးပါ အရာရောက်ကြောင်းကို ဗုဒ္ဓဘာသာဝင် တစ်အိမ်တက်တစ်အိမ်ဆင်း ၊တစ်ယောက်မကျန် လိုက်လံရှင်းပြနိုင်လိမ့်မည် မဟုတ်ပါ ။သို့သော် ထိုစံသတ်မှတ်ထားသော သြကာသ ကန်တော့ချိုးကို စနစ်ကျနစွာ ၊မြိုင်မြိုင်ဆိုင်ဆိုင် ညီညီညာညာ ရွတ်ဆိုပူဇော်ထားသော ဓမ္မ တိပ်ခွေ ၊ဗွီစီဒီများဖြင့် ဘာသာရေးအသွင် ထုတ်ဝေလှူဒါန်းကြပါလျှင် နေစိုးနိုင်၏ ဆန္ဒပြည့်ဝ မည်ထင်ပါသည် ။
မြတ်စွာဘုရားဟောကြားတော်မူခဲ့ေ
၁။လက်လွတ်စပယ် ကိုးကွယ်တဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာ
၂။ဘေးရန်ကြောက်လို့ကိုးကွယ်တဲ့ ဘယာ ဗုဒ္ဓဘာသာ
၃။ငွေကြေးစသည် မျှော်ကိုးစရာရှိလို့ ကိုးကွယ်တဲ့ လာဘ ဗုဒ္ဓဘာသာ
၎။ယုံယုံကြည်ကြည် လေးလေးမြတ်မြတ် ကိုးကွယ်ပါသော်လည်း ဆင်ခြင်ပိုင်းခြားဥာဏ်
နည်းသေးသော သဒ္ဒါဓိက ဗုဒ္ဓဘာသာ
၅။မြတ်စွာဘုရားဟောကြားတော်မူသော သစ္စာလေးပါးတရားတော်များကို အကုန်အစင်
မဟုတ်လျှင်တောင် အတော်အသင့် ဆင်ခြင်ပိုင်းခြားဥာဏ်ဖြင့် သိရှိပြီး ယုံကြည်လေး
မြတ်စွာ ဆည်းကပ်ကိုးကွယ်သော ပညာဓိက ဗုဒ္ဓဘာသာ ပါတဲ့ခင်ဗျာ ။
ဒီဗုဒ္ဓဘာသာငါးမျိုးနဲ့ပက်သက်ပြီ
မိရိုးဖလာ ၊ ဘယာ ၊ လာဘ ၊ သဒ္ဒါဓိက ဗုဒ္ဓဘာသာဝင်တို့သည်လည်း ပညာဓိက ဗုဒ္ဓဘာသာ
ဝင်များဖြစ်ရန် အခွင့်အလမ်းရှိကြသူများဖြစ်ကြပါ
နေစိုးနိုင်၏ ဆန္ဒပြည့်ဝပါလျှင် ….
သြကာသကန်တော့ချိုးကို ရွတ်ဆိုပူဇော်သူ ၊ကြားနာသူအပေါင်းတို့အား စိတ်ကြည်နူး ချမ်းမြေ့သာယာစေခြင်း ၊ဘာသာခြားတို့၏ အကဲ့ရဲ့မှ လွတ်ကင်းခြင်းဟူသော အကျိုးကျေးဇူး ရရှိမည် ဖြစ်ပါသည် ။ ။
အရာရာကို လက်လွတ်စပယ်စိတ် မထားတတ်သော နေစိုးနိုင်၏ အပမာဒဂုဏ်ကို လေးစားလျှက် …….
စေတနာ
06.04.2009(113း4)
ပြန်လည် ဖြည့်စွက်ခြင်း
No comments:
Post a Comment