စေတနာ စာပဲဖတ်ဖတ် စကားပဲ နားထောင်နားထောင် အဲ့ဒီ ရေးတဲ့သူပြောတဲ့သူရဲ့ စိတ်ကို သက်သက်ဖတ်ပါတယ် ။ နောက်အကျိုး အကြောင်း ဆက်စပ်တွေးတောပါတယ် ။ လက်ရှိအ ခြေအနေ အချိန်အခါကိုလည်း မမေ့အောင် ကြိုးစားပါတယ် ။
စေတနာရေးလိုက်တဲ့စာတွေ အပေါ် စိတ်ဝင်တစား ရှိတာတော့ ဝမ်းသာမိတာ အမှန်ပါ ဒါပေမယ့်…. စေတနာ့ ရည်ရွယ်ရင်းကို မရောက်လာမှာ ကိုတော့ စိုးရိမ်နေရဆဲပါလေ။သီလမဲ့တဲ့သူ လောကမှာ မနေကြစတမ်း ဆိုလျှင်ဖြင့် စေတနာတစ်ယောက်လည်း အခုဆို ဂျပန်ရောက်နေရောပေါ့ ။
ဒါပေမယ့် ဒို့လောကကြီးကောင်းဖို့ ရှင်းရှင်းလင်းလင်းလည်း ဖြစ်ရမယ် ။ အားလုံးလက်ခံ နားဝင် နိုင်အောင် ပြောတတ်တဲ့လူတွေ အများကြီးလိုအပ် နေပါတယ် ။
ပါးစပ်ပါတဲ့လူတစ်ယောက်ကို အသံမထွက်ဖို့ တောင်းဆိုတာ မဟုတ်ရပါ ။ လူအများကောင်း ဖို့ဆိုတဲ့ ရည်ရွယ်ချက်မှာ ရည်ရွယ်ချက်အောင်မြင်ဖို့ နားလည်မှုတွေ နှင့် နားဝင်ပီယံတွေ ဖန်တီးရသေးကြောင်း သတိပေးရုံသက်သက်ပါ ။
ခုလက်ရှိသွားနေတဲ့လမ်းကြောင်း ပန်းတိုင်နဲ့ နီးရောနီးရဲ့လား ။
မြတ်ဘုရားဟောကြားတဲ့တရားတစ်ခုကိ
စေတနာက ငွေ မချမ်းသာတော့ စကားလက်ဆောင်တွေပဲပေးနိုင်ပါတယ် ။ မုန်းလို့ပြောတာ မဟုတ်တာတော့ သေချာပါတယ်။ မှန်တာ ပြော သစ္စာလို့ ခေါ်ပါသတဲ့ ။
မိမိကိုယ်တိုင်က သူများအမြင်ထက် ထွင်းဖောက်မြင်တဲ့အခါ ရင်မှာ မာန်တစ်မျိုးဖြစ်လာတတ် ပါတယ် ။ အဲဒီမာန်ကပဲ အဲဒီသူရဲ့ ထက်မြက်တဲ့အင်အားတွေကို ဖျက်ဆီးတတ်ပါတယ် ။ စေတနာ အဲဒီလိုမျိုး မဖြစ်စေချင်တာပါ ။
စေတနာလေ….
သွားရိုးသွားစဉ် သွားနေတဲ့ လူတွေရဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်ကိုလည်း မြင်ပါတယ် ။
နောက် ဆန့်ကျင်ဖက်ရှုထောင့်ကနေပြီး အားဖြည့်လိုသူတွေရဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက် ကိုလည်း မြင်ပါတယ် ။ အဲဒီလူတွေက တစ်ခါတစ်လေ စိတ်စမ်းတတ်တာကိုလည်း သိတာပေါ့။ စိတ်စမ်းလို့ မအောင်တိုင်းတော့ မလှောင်လိုက်ပါနဲ့ ။ စေတနာ မကြိုက်တဲ့ စကားတစ်ခွန်း ပြောပြဦးမယ် ။
မြန်မာတွေ အသုံးမကျဘူး ဆိုတဲ့ စကား ။ ဒီစကားရဲ့ သက်ရောက်မှုဟာ ပြောတဲ့လူကိုပါ ရိုက်ခတ်တတ်တယ်ဆိုတာ စေတနာ မြင်မိပါပကော ။ ဒီတော့ အသုံးကျမယ့်လမ်းညွှန်ဖြစ် အောင်တော့ ကြိုးစားပေးပါလို့ လေးလေးစားစားကို ပြောလိုက်ပါတယ် ။ အဲလို အတွေးမျိုးတွေ လိုအပ်လို့ပါ ။
စေတနာကတော့ မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ဆုံမှတ်ကို စိတ်ရှည်လက်ရှည် ရှာဖွေနေတာပါ ။အဲဒီ အတွက်တော့ စိတ်ရှည်သည်းခံရမယ်လေ ။
စေတနာက အစွန်းနှစ်ဖက်ရဲ့ကြားမှာ ဆိုပေမယ့် အလယ်က ခွတုပ်တဲ့သူမျိုးလည့်း မဟုတ် ပြန်ဘူးနော် ။ ဒီတော့ အမှားမြင်ရင်တော့ နားဝင်အောင် ပြောရသေးတာပ ။
အဆဲနဲ့လာသူကို အဆဲနဲ့တုန့်ပြန်မတဲ့လား ။ ဒါဟာတစ်နည်းအားဖြင့် မိမိကိုယ်ကို တန်ဖိုးမထားတဲ့ အပြောမျိုးလည်း ဖြစ်ပါတယ် ။ နှစ်ဖက်စလုံး ဒေါသတွေ ဖုံးစေတတ်တဲ့
ပူလောင်တဲ့ သဘောပါလေ ။
စေတနာကတော့ အဆဲနဲ့လာသူကိုလည်း မေတ္တာနဲ့ တုန့်ပြန်တတ်တဲ့သတိလေးသာ ရချင်မိပါသည် ။
စေတနာ
saytanarpar@gmail.com
No comments:
Post a Comment