Tuesday, May 5, 2009

အမေ

ခင်ဗျားတို့အတွက်
သာမာန်မိန်းမသားဖြစ်ပေမယ့်
သူမဟာ ကျွန်တော့် ကမ္ဘာပါ

ခင်ဗျားတို့ အတွက်
ရန်သူတစ်ယောက်ဖြစ်နိုင်ပေမယ့်
သူမဟာ ကျွန်တော့် အတွက်တော့
မဟာ ဂရုဏာရှင်ပါ

ခင်ဗျားတို့ အတွက်
အညတရ ဖြစ်နိုင်ပေမယ့်
သူမဟာ
ကျွန်တော့်ဘ၀ရဲ့ ပဲ့ကိုင်ရှင်ပါ

ခင်ဗျား တို့ကို သူမတွန်းလှဲ ချင်တွန်းလှဲလိမ့်မယ်
ဒါပေမယ့်
ကျွန်တော် လဲကျတာကိုတော့
ဘယ်တော့မှ သူမ လက်ခံမှာမဟုတ်ပါဘူး

ခင်ဗျားတို့ အတွက်
သာမာန်မိန်းမသား ဖြစ်နေပေမယ့်
ကျွန်တော့် အတွက်တော့
ကမ္ဘာပေါ်မှာ
တစ်ဦးတည်းသော ကိုးကွယ်ရာ
မိန်းမသား တစ်ဦးပါ။ ။


မှတ်ချက် ။ ။ သင်၏ မိခင်သည်လည်း ကျွန်တော့် အတွက်တော့ သာမာန်မိန်းမသားမျှသာ .. သို့သော် .. သင့် အဖို့ မှာမူကား....

ကမ္ဘာပေါ်မှာရှိသမျှ အမေများအားလုံး ကျန်းမာကြပါစေ ..


လေးစားစွာဖြင့်
နေစိုးနိုင်



7 comments:

Anonymous said...

ဟဟဟဟဟဟားးးး
လူမိုက်

စေတနာ

Anonymous said...

ဟားဟားဟားးးးးးးးး
ဒါမှနေစိုးနိုင်ကွ

စေတနာ

flowerpoem said...

အမေကဗျာလေးကောင်းလိုက်တာ ကိုနေစိုးနိုင်ရယ် ဖတ်ခွင့်ရတာကျေးဇူးပါ..

khinmarlaraung said...

:)....
ဒီကဗျာလေးကိုတော့ကူးသွားပြီအစ်ကိုနေစိုးနိုင်။:)
အစ်ကို့ မေမေ...ဒီကဗျာလေးကိုဖတ်မိပါစေ။:)

Anonymous said...

အမေနေ့ ကို ဂုဏ်ပြုလောက်တဲ့ ကဗျာလေးတစ်ပုဒ်ပါပဲနေစိုးနိုင်...အမေဆိုတာ ဘာ ဆိုတာကို ထိထိ မိမိ ဖေါ်ကြူးထားတာပဲ....ဒီကဗျာနဲ့  ဆက်စပ်ပြီး...နေစိုးနိုင်ရဲ့  ဆရာတစ်ယောက် ပြောခဲ့ဖူးတယ်ဆိုတဲ့စကား ကို...ပြန်သတိရမိတယ်....ဘာတဲ့...လူတိုင်းမှာ နှမ မရှိနိုင်ဘူး ဒါပေမယ့် လူတိုင်းမှာ အမေဆိုတာ ရှိတယ်...ဒါကြောင့် အမေချင်း စာနာကြ...ဆိုတာလေ....မှန်လိုက်လေ...နေစိုးနိုင်....တကယ်တော့ မိန်းမတိုင်းဟာ...အနှိုင်းမဲ့ မိခင်မေတ္တာ ကိန်းဝပ်ရာ...မိခင်တစ်ယောက် မဖြစ်သေးရင်တောင်မှ..မိခင် လောင်းလျာတွေပါပဲ....ဒီတစ်ချက်ထဲနဲ့ တင်....မိခင်မေတ္တာကို လေးစားတန်ဘိုးထားတဲ့ ယောကျားတစ်ယောက်ဟာ...ဘယ်မိန်းမတစ်ယောက်ကိုမှ အထင်တသေး နိုင့်ထက်စီးနင်း မပစ်မှားမစော်ကားသင့်ဘူးလို့  ကိုတော့ယူဆလက်ခံ ပါတယ်....

လွင်မင်းခန့် 

နေစိုးနိုင် said...

ယခု လို နေစိုးနိုင်ရဲ့ ခံစားချက်ကလေးတွေကို နားလည်ပေးတဲ့ ညီအစ်ကို မောင်နှမ တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

အစ်ကိုကြီး လွင်မင်းခန့် ကျွန်တော့် စကားလက်ဆောင်ကလေး ကို မှတ်မိနေတဲ့ အတွက် ကျေးဇူးပါဗျာ

♥ Acacia ♥ said...

သိပ်ကောင်းတဲ့ ကဗျာပဲ ရိုးတယ် ရှင်းတယ် ဒါပေမယ့် သိပ်လေးနက်တယ် ပြောချင်တာတွေကို ခံစားမိတယ် heart ထိတယ် ကဗျာတွေဖတ်ဖူးသမျှထဲမှာ ဒီကဗျာကိုတော့ အကြိုက်ဆုံးဖြစ်သွားပြီ