Sunday, May 17, 2009

ဘာကြောင့်လဲ

ကျွန်တော်တို့ တွေ နိုင်ငံခြားကို ရောက်လာတော့ ကိုယ့်ကိုယ် ကို ယုံကြည်ချက် အပြည့်နဲ့ပေါ့ ။ အခက်အခဲ တွေ ကို ရင်ဆိုင်နိုင်တယ် ဆိုတဲ့ စိတ်ဓာတ်တွေကလည်းအပြည့်ပါ။

ဒါပေမယ့် တကယ့်လက်တွေ့ နဖူးတွေ့ဒူးတွေ့တွေ့လာ တဲ့ အခါ လောကဓံ ကို မခံနိုင်ကြတာများပါတယ်။ မလာခင်တုန်း က ထားခဲ့တဲ့ မိသားစု အတွက် ၊ မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ကြက်ပျောက်၊ ငှက်ပျောက်ဖြစ် သွားကြပါတယ်။

ကျွန်တော်တို့ နိုင်ငံခြားမှာ အလုပ်လာလုပ်တယ် ဆိုတာ အဓိက ကတော့ ပိုက်ဆံရှာဖို့ပါ။ ဒူဘိုင်းမှာတော့ ပညာရေးအတွက် လာတယ်ဆိုတဲ့ လူ မရှိသလောက်ရှားပါတယ်။

ညီ ၊ ညီမ တွေကို ကြိုပြောထားချင်တာကတော့ မလိုအပ်တဲ့ ထည်ဝါမှူ တွေကို အလွန်အမင်း မမက်ကြဖို့ပါ။ မိမိ ကိုယ်ရေးကိုယ်တာ အတွက် ဖြစ်စေ ၊ လိုအပ်တဲ့ ဂုဏ်တစ်ခု အတွက်ဖြစ်စေ ကျွန်တော် တို့တတွေ အသုံးအဆောင်ပစ္စည်းတွေ ကို ၀ယ်သုံးကြရပါတယ်။ ဒါပေမယ့် ကျွန်တော် တွေ့ရသလောက် ကျွန်တော် ညီတွေ ၊ ညီမ တွေ မလိုအပ်တဲ့ ဂုဏ်တွေနောက်ကို လိုက်လွန်းကြတယ်။

ထင်ပေါ်ချင်ကြတယ်။ ကိုယ့်ကိုယ်ကို အားကိုး နိုင်ပါတယ် ဆိုတဲ့ စကား ပါးစပ်ဖျားက မချပေမယ့် ။ အားကိုး ရှာချင်လွန်း ကြတယ်။ (မှီခိုချင်တဲ့စိတ်က ပိုများတယ်)

ပြန်စဉ်းစားကြည့်လိုက်တယ် ဘာကြောင့်လဲ ...( အခြေခံစိတ်ကူးလေးတွေ)

မိန်းခလေး တွေရည်းစားထားရင် ပိုက်ဆံမကုန်ပဲ သွားချင်တဲ့နေရာတွေကို သွားလို့ရမယ် ( ပန်းခြံတွေ ၊ စူပါမတ်ကက်တွေ ၊ ကမ်းခြေတွေပေါ့)

အကူညီလိုချင်ရင် အလွယ်တကူ တောင်းလို့ ရမယ်

ကိုယ့်ကို ဂရုစိုက်ခံရတယ် ဆိုတဲ့ ပိတိ တွေရမယ်(ပြည်တွင်းမှာတော့ ဒီလောက် အရေးပေးတာ ခံချင်မှခံခဲ့ရမယ်)

အခွင့် အရေး တွေ ရလိမ့်မယ် ဆိုတဲ့ အိပ်မက် တွေ မက်ကြတယ်

ရေဝေးမြေဝေးဖြစ်တဲ့ အတွက် ဘယ်သူမှမသိနိုင်ဘူးဆိုတဲ့ စိတ်ကူး

ဗူးပေါ်သလိုပေါ်တဲ့ ခေတ်က ကုန်သွားလေတော့ ငါ ကဲတာကို ဘယ်သူမှ မသိနိုင်တော့ဘူးဆိုတဲ့စိတ်

မြန်မာပြည်မှာ ဘယ်သူမှ အရေးလုပ်ခြင်း မခံခဲ့ရပေမယ့် ဒီမှာ တော့ ကိုယ့်ကို မင်းသမီးလေး ၊ နတ်သမီးလေးတပါး အလား လိုလေသေးမရှိ လိုက်လျှောပေးကြတယ်။(လိုချင်တာ မရခင်အချိန်ထိ)

ဒါ့ကြောင့်ပဲ

ရည်းစားရှိသော မရှိသော ၊ အိမ်ထောင်ရှိသော မရှိသော စဉ်းစားချိန်တောင်မရဘဲ နိုင်ငံပေါင်းစုံ က လူမျိုးစုံနဲ့ ရော အချင်းချင်းရော ဇာတ်လမ်းတွေ အများကြီးဖြစ်လာကြတော့တာပါပဲ။

မိန်းခလေး တွေ ဆီက ပြန်ကြားရတဲ့ အသံတွေ ကြားရတာ က ကိုယ့်လူမျိုး အချင်းချင်း အကူညီတောင်းတော့ မပေးချင်ကြဘူး ၊ သူတို့ က ဘယ်လောက် ယုံကြည်ရလို့လဲ ဆိုတာမျိုးတွေပေါ့။

နိုင်ငံခြားနိုင်ငံ တခုမှာ အကူညီပေးတယ် ဆိုတာ အတိုင်းတာ တခု အထိပဲ ပေးလို့ ရပါမယ်။ သူလည်း အလုပ်လာ လုပ်တယ် ၊ ကိုယ်လည်း အလုပ်လာလုပ်တယ် ဆိုတဲ့ လူတွေ ချင်းဆိုတော့ နေရာတကာမှာ အသေးစိတ်လိုက်ပြီးတော့ ကူညီပေးနေနိုင်မှာ မဟုတ်ပါဘူး။ ဒါကို အကူညီမတောင်းခင် ကြိုစဉ်းစား ကြစေချင်တယ်။ ကိုယ့်လူမျိုးချင်း က မကူညီဘူးဆိုပြီး တခြား လူမျိုးခြား ကို အကူညီတောင်း ၊ တောင်းပါများတော့ မွေးရာပါ အားနာတတ်တဲ့ အကျင့် ကလေး က ပါလာတော့ သူ့ဖက် က တောင်းဆိုလာ တဲ့ အခါ ငြင်းဆန်ဖို့ခွန်အားမရှိတော့ဘူးပေါ့။ကိုယ့်လူမျိုးချင်းယုံကြည်ရတယ် မယုံကြည်ရဘူး ဆိုတဲ့ စကား ကတော့ ကိုယ့်အရည်အချင်းကို ကိုယ် ချ နေတာနဲ့တူပါတယ်။ ဘယ်လူမျိုး ၊ ဘယ်နိုင်ငံမှာ ပဲဖြစ်ဖြစ် ဒီလိုလူစားတွေက ရှိနေစမြဲပါ။ မိန်းမပျိုလေး ရှိထားသင့်တဲ့ အရည်အချင်းတွေထဲမှာတော့ ဒီလိုလူတွေကို ရအောင်ရှောင်နိုင်တာလဲ ပါမှာပေါ့။

ကြိုက်ချင်ရင်ကြိုက်မယ် မကြိုက်လည်းရပါတယ်။ ဒီမှာ နိုင်ငံခြားသားနဲ့ ကြိုက်တယ် ဆိုတဲ့ ယောက်ျားလေး ကောင်မလေးတွေ အားလုံး ဟာ Sex ကိစ္စ ကိုပဲ ဦးတည်နေကြတယ်ထင်ပါတယ်။ ဒါကိုရိုင်းသွားတယ် ထင်တဲ့ ကို ကို ၊ မ မ များ ဒီမေးခွန်းကလေးတွေ ဖြေကြည့်. . .

ခင်ဗျားတို့တွေ နိုင်ငံခြားသူ ၊ နိုင်ငံခြားသား တွေနှင့် နှစ်ကိုယ်ကြား ချစ်စကားလေးတွေ ပြောတဲ့ အခါ ဘာတွေပြောကြပါသလဲ

ခင်ဗျားတို့ ရဲ့ နိုင်ငံခြားသား က ခင်ဗျားတို့ အသည်းခိုက်လောက်အောင် ဘယ်လို စကားလုံး အနုအရွ ကလေးတွေသုံးပြီး ပြောသွားလဲ

သူတို့ဖွဲ့နွဲ့ ပြောလာခဲ့လျှင်ရော ခင်ဗျားတို့ (ကျွန်တော်တို့) နားလည်နိုင်ပါ့မလား( မညာကြေးနော်)

ဒါဆိုရင် ကျွန်တော် တို့ တွေ သာယာနေတယ် ဆိုတာ ဘာကို ဦးတည်နေလည်းဆိုတာ သဘောပေါက်စရာ ကောင်းပါတယ်။ ( ပြောတဲ့ စကား က I love you .. I F**k you ဆိုတာထက် ဘာပိုစရာရှိလဲ)

ဒီလို လွယ်လွယ်နဲ့ ချစ်၊ ကြိုက်၊ လိုက် ဇာတ်လမ်း တွေခင်းနေကြတဲ့ သူတွေ ကို နာမည်တွေ ပေးထားတာတွေရှိပါတယ်။ ဘလော့ပေါ်မှာ တင်ရမှာ လက်ရွံ့နေ မိတာကြောင့် မတင်တော့ပါဘူး။ လူတွေ ရဲ့ ၄င်းတို့ ကို ဘယ်လို အဆင့်မှာထားတယ် ဆိုတဲ့ သဘောထားကိုတော့ တွေးကြည့်ယုံနဲ့သိနိုင်လောက်ပါပေရဲ့

ဗမာ အချင်းချင်း ဖောက်ပြန်နေကြတဲ့ အိမ်ထောင်သည်တွေကို တော့ ထုံးစံအတိုင်း နှိမ်ချပြီး ပြောဆိုကြပါတယ်။

မိမိကိုယ်ကိုယ် တကယ် ယုံကြည်မှူ ရှိမရှိ သေသေချာချာ ဝေဖန်ဆန်းစစ် ကြည့်ကြစေချင်ပါတယ်။သတိထားပြီး မိမိကိုယ်ကိုယ် ယုံကြည်မှူ အပြည့် ။ ၁၈ နှစ်ပြည့်လို့ ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့် (နိုင်ခွင့်) ရှိနေပြီလို့ လွဲမှားစွာ ထင်မြင်မိတဲ့ ဘ၀တွေ ၊ ဘ၀တွေ ဆိုတာ ကျဆုံးသွားလိုက်ကြတာဗျာ နည်းမှ မနည်းတော့တာ ။ ဒီလို အရည်ချင်းမရှိဘဲ သွေးနားထင်ရောက်နေတဲ့ အစ်မ ၊ ညီမ တွေ ဟာ လိုချင်တာရဖို့ အတွက် ဆိုရင် မိန်းမ ခြေမ ကုန်းစုပ်ရဲလောက်တဲ့ ပေါကြောင်ကြောင် ၊ တဏှာသမား တို့အတွက်တော့ မဟာ အခွင့်ကောင်းကြီးပါပဲ။

သတိထားရမှာ က ဒီလို ထိမ်းသင့်တဲ့ စိတ် ကို မထိမ်းဘဲ စိတ်အလိုလိုက်တဲ့ လူဆိုတာ ၊ နိုင်ငံခြားသားတွေထဲမှာ မ မှရှိတာတော့မဟုတ်ဘူး။ ကျုပ်တို့ ရဲ့ ရွှေလိုလို ရွှံ့ လိုလို လူတွေကြားထဲမှာ လည်း အများကြီးပဲ။ ဒါကြောင့် မမ တို့ရေ မိန်းခလေးဆိုတာ ဘယ်သူမှ လိုက်ထိမ်းလို့ ရတာ မဟုတ်ပါဘူး။ မိမိကိုယ် ကိုယ်ထိမ်းမှရတာကိုးဗျ။

မမတို့ရဲ့ နိုင်ငံခြားသားနဲ့ဇာတ်လမ်းတွေကို ရပ်တန့်နိုင်ဖို့ တော့ နေစိုးနိုင်တို့ မတတ်နိုင်ပါဘူး ။ သို့သော် စိတ်မထိမ်းနိုင်လို့ အလိုလိုက်ကာ အကြိုက်ကိုကို ဆောင်နေရတယ် ဆိုခဲ့လျှင်တောင် မြန်မာမိန်းခလေး ဆိုတာ လွယ်လွယ်နဲ့တော့ မရဘူးဆိုတဲ့ ဂုဏ် ကလေးတော့ ထိမ်းနိုင်ရင်ကောင်းတာပေါ့ဗျာ။

ကျွန်တော်တို့ မြန်မာ မိန်းခလေးတွေ ဟာ သူများပြောသမျှ မျက်စိမှိတ်ယုံတတ်တဲ့ အတန်းအစားထဲ က မဟုတ်ခဲ့ ကြပါဘူးဗျာ။

မြန်မာပြည်ကလူတွေ ကျွန်တော် ကို တော်တော်များများ မေးခံရ ဖူးတဲ့ မေးခွန်း ကလေး က ..

အဲဒီနိုင်ငံ က ယဉ်ကျေးမှု က မြန်မာမိန်းခလေး တွေ နဲ့ သင့်တော် လား တဲ့ ..

မေးကြတဲ့ အစ်ကိုအစ်မ၊ ညီ ၊ နှမ တွေ ကို တော့ ပြောပြီးသားဖြစ်မယ်။ ဒါပေမယ့် မပြောရသေးတဲ့ သူတွေ အတွက်ရည်ရွယ်ပြီး ကျွန်တော်ပြန် ဖြေပေးလိုက်မယ်။

ဘာဖြစ်လို့ သူများ နိုင်ငံ က ယဉ်ကျေးမှု ကို ဒီလောက် အဓိ က ထားနေရတာလဲ

တကယ်တမ်း ကျွန်တော် တို့ ဒီနေ့ ရင်ဆိုင်နေရတဲ့ ပြဿနာ က ကျွန်တော် တို့ မြန်မာ တွေ ကိုယ့်ယဉ်ကျေးမှု ကိုယ် မေ့ တဲ့ ပြဿ နာပါ ။ ဒီနိုင်ငံတွေ က သူတို့ ယဉ်ကျေးမှုက သူ့ဖာသာ နေတာပါ။ ကိုယ့်ယဉ်ကျေးမှု ကိုပဲ ကိုယ်ဂရုစိုက်ရမှာပါ။ ဘာမှ သူများ ယဉ်ကျေးမှု ကို သွားပြီး ပုတ်ခတ် စရာ အကြောင်းမရှိပါဘူး .. လို့ ဖြေပေးခဲ့ဖူးပါရဲ့

အမှားအမှန် ဆိုတာ ကိုယ့်ခံယူချက်ပေါ်မှာပဲမူတည်ပါလိမ့်မယ်။ ဆက်တွေးကြည့်ပေါ့ဗျာ ။ ။

လေးစားစွာဖြင့်
နေစိုးနိုင်



3 comments:

chef Thiha said...

ဖတ်ဖြစ်တဲ့သူပဲသိပြီး၊သိပြီးတဲ့သူတွေက မကျင့်ကျရင် အကို့စာတွေအတွက် ကျနော် အရမ်းနှမြောတယ်ဗျာ။

လွင်မင်းခန့်  said...

ကွက်ကွက်ကွင်းကွင်း ပါပဲ နေစိုးနိုင်...အားလုံး နားလည်သဘောကျလက်ခံနိုင်ကြလိမ့်မယ်လို့  မျှော်လင့်အားတက်မိပါတယ်...ကိုယ့်ကြောင့် ကိုယ့်လူမျိုး ဂုဏ်မတက်ချင်နေပါစေ..ဂုဏ်ငယ်အရှက်မရမိစေဖို့  အနည်းဆုံးတော့ ထိမ်းသိမ်းဆင်ခြင်နိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါတယ်..


လွင်မင်းခန့် 

♥ Acacia ♥ said...

တချို့ မြန်မာလူမျိုးတွေကို သိက္ခာလေးတွေနဲ့ ဂုဏ်ရှိရှိပဲ မြင်ချင်တယ်.. ဒီစာတွေ ဖတ်ပြီး မလိုက်နာရင်လည်း ဘာမှ မထူးဘူး... အသိတရားရှိပြီး ထိန်းသိမ်းမယ်ဆိုရင်.. သိပ်ကောင်းမယ်. ပြောသာပြောရတယ် တချို့ကတော့ လူမျိုးဆိုတာ ပညတ်ပါတဲ့ ဘယ်နောက်လိုက်ရမလဲ မသိတော့ဘူး..
အိမ်က မိဘတွေ အရှက်မရဖို့ရယ် နောင် ကိုယ့်သားသမီးတွေ ရှေ့မှာ သိက္ခာရှိဖို့လိုတယ်...