ဘာသာရေးအကြောင်းအရာ ဆွေးနွေးချက်တွေက စေတနာ့ အတွေးနယ်ပယ်ကို ကလူ၏သို့ မြှူ ၏သို့ လုပ်နေကြတယ် ။ကျီစယ်နေကြတယ်ဆိုပါတော့ဗျာ။ အင်း….ရင်၌ သိမ်းဆည်းထားသော စကားတစ်ခွန်း ကြောင့်သာပေါ့ ။ မဟုတ်ရင်လား... ဟင်း.... ဟင်း..
ခေတ်ကြီးကိုက တိုးတက်ပြောင်းလဲမြန်ဆန်လွန်းေ
စေတနာ့ ထက် ပိုသိ ၊ ပိုတတ်ကြ တဲ့ လူကြီး ၊ လူငယ် ၊ လူရွယ် မနည်းမနောရှိမှာပါဗျာ ။ ဘာလိုလဲဆိုတော့ စေတနာမှ ဘာမှ သေသေချာချာ မသိဘဲကိုး ။ ငပျင်းလေးပါ ဆိုနေမှ ။
ယနေ့ခေတ်စားနေတဲ့ အတွေးအခေါ်တစ်ခု ။ ဖောက်ထွက်ခြင်း ဆိုတာရယ် အပြောင်းအလဲ ဆိုတာရယ်ပါပဲ ။
ခြောက်လသားအရွယ်လောက်နဲ့ သူ့ကိုမျက်စိမှိတ်ပြတဲ့ ကောင်မလေးကို ပြန်ပြီးသူက မျက်စိမှိတ်ပြတတ်သတဲ့ ။ တစ်နှစ်သားအရွယ်ရောက်တော့ အမေကရိုက်လို့တဲ့ စိတ်ကောက်ပြီး နို့မစို့ဘဲနေသတဲ့ ။ ဒီလိုကလေးတွေ ညဏ်ရည်ညဏ်သွေး မြင့်မား လာတဲ့ခေတ်မှာ ဒီလိုတွေးခေါ်ကြတာ မဆန်းပါဘူးလေ ။ဒါပေမယ့်…
“လာခြင်းကောင်းဖို့ လိုပါလိမ့်မယ် ”
လှေကြီးထိုးရိုးရိုးဆိုတဲ့ နည်းစနစ်တစ်ခုမှာ အားနည်းချက်တွေ ပါရှိတယ်ဆိုတာ ကိုယ်လည်း လက်ခံပါတယ် ။ ဒါပေမယ့် အားသာချက်တွေနဲ့ ရပ်တည်နေကြတာလည်းဖြစ်ပါတယ် ။
အားနည်းချက်တွေကို ဖျောက်ဖျက်ဖို့ ကြိုးစားတာတော့ ကိုယ်လည်းလက်ခံပါတယ် ။ ဒါပေမယ့် အပြောမတတ် ဆဲသလို ဆိုတာကိုတော့ သတိမူဖို့လိုပါတယ် ။
ဆန်းသစ်တီထွင်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ကောင်းကျိုးဆိုကျိုးတွေကို လေ့လာပြီးမှ ဆန်းသစ်တီထွင်ခြင်းကို လူအများကို ချပြဖို့ သင့်တော်ပါမယ် ။ အသစ်ဖြစ်တိုင်း အကောင်း တော့ မဟုတ်ပါလေ ။
ဖောက်ထွက်ဖို့ အတွက် အင်အားတွေလိုပါတယ် ။ ဗလုံးဗထွေးဖောက်ထွက်ပြလို့ အဆင်ပြေ နိုင်မယ် မထင်ဘူး။
အပြောင်းအလဲဖြစ်ဖို့ နားလည်မှုတွေ လိုပါတယ် ။ ကိုယ်ပြောင်းလဲလိုက်တဲ့ အပြောင်းအလဲ ကို အများက လက်မခံရင် ၊ မသိရင် ထိရောက်မယ် မထင်ပါဘူး ။
အပြောင်းအလဲတစ်ခုဖန်တီးဖို့ အခြေအနေတွေ ၊ အချိန်အခါတွေ ၊ လိုက်လျောညီထွေရှိမှု တွေ လိုအပ်ပါတယ်။ နို့မိုဆို ရှင်ကြီး ကျားထက်ဆိုးတတ်ပါတယ် ။
နောက် အကိုတစ်ယောက်ရဲ့ ရင်၌ သိမ်းဆည်းလိုက်သော စကားတစ်ခွန်းကိုတစ်ယောက် သောသူအတွက် လက်ဆောင်ပါးလိုက်ပါတယ် ။
“အများနဲ့ မတူတိုင်း မမှားတာ မဟုတ်ဘူးနော်”တဲ့
အများအတွက် ကောင်းကျိုးရည်မျှော်ပြီး တွေ့မြင်ထားတဲ့ အမြင်သစ်ကို အခြေအနေတွေ အချိန်အခါတွေ ကြည့်ပြီး နားလည်လက်ခံနိုင်အောင် တင်ပြတတ်မှ အရာထင်မှာပါ ။
အင်း…ကိုယ်မြင်တွေ့ထားတဲ့ အတွေးအမြင်သစ်ဟာ ကိုယ်ကိုယ်တိုင်နားလည်အောင် အရင် ပြောကြည့် စေချင်ပါတယ် ။
ကိုယ်မေးထားတဲ့ မေးခွန်းကရော ကိုယ်ကိုယ်တိုင် ဖြေနိုင်ပါရဲ့လား ။ အရင်ကြိုးစားစေချင် ပါတယ် ။
မြန်မာပြည်နဲ့ သက်ဆိုင်တာမှန်သမျှ စေတနာ့သွေးတွေသာ ဖြစ်ပါတယ် ။ မည်သူတစ်ဦးတစ် ယောက်မျှ အဆုံးရှုံးမခံနိုင်ပါပေ ။ နားလည်မှုတွေ ရကြပါစေလို့သာ ။
စေတနာ
saytanarpar@gmail.com
11-05-2009(00း19)
5 comments:
ချီးကျူးပါတယ် စေတနာ...စေတနာ့ တင်ပြီးသမျှ post တွေအားလုံးထဲမှာ.. ဒီ post ကို အနှစ်သက်ဆုံးပါပဲ...လေးလေးစားစား အားပေးနေပါတယ်...
လွင်မင်းခန့် 
ဟုတ်တယ်
သီးစုံပေါင်းကျနေတာပဲ
စားကောင်းတယ်
ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက်နဲ့
"ကိုယ်မြင်တွေ့ထားတဲ့ အတွေးအမြင်သစ်ဟာ ကိုယ်ကိုယ်တိုင်နားလည်အောင် အရင် ပြောကြည့် စေချင်ပါတယ် ။
ကိုယ်မေးထားတဲ့ မေးခွန်းကရော ကိုယ်ကိုယ်တိုင် ဖြေနိုင်ပါရဲ့လား ။ အရင်ကြိုးစားစေချင် ပါတယ် "
အမှန်ပဲပေါ့ဗျာ... အားပေးလျက်ပါ...
"ကိုယ်မြင်တွေ့ထားတဲ့ အတွေးအမြင်သစ်ဟာ ကိုယ်ကိုယ်တိုင်နားလည်အောင် အရင် ပြောကြည့် စေချင်ပါတယ် ။
ကိုယ်မေးထားတဲ့ မေးခွန်းကရော ကိုယ်ကိုယ်တိုင် ဖြေနိုင်ပါရဲ့လား ။ အရင်ကြိုးစားစေချင် ပါတယ် "
အမှန်ပဲပေါ့ဗျာ... အားပေးလျက်ပါ...
ဆောရီ... နာမည် မပါသွားဘူးဗျာ.... ခင်မင်လျက်
တကယ်တော့ ဒီပို့စ်ဟာ အရာအားလုံးကို ခြုံပြီး ရေးထားတာဖြစ်ပါတယ် ။ ပုဂ္ဂလ ဆန်ဆန် မဖတ်ရင် ပိုမြင်၇မယ့် အရာတွေ ရှိပါတယ် ။
အားလုံးကို လေးစားချစ်ခင်လျှက်
စေတနာ
Post a Comment