Saturday, May 9, 2009

အမှားဆိုသည်မှာ အမှားသာလျှင် ဖြစ်ပါသည်


ကိုယ့်ကိုယ်ကိုတော့ သိပ်မမှားဘူးလို့ ထင်ခဲ့တာပဲ ။ စာရေးမိတော့မှ…အိုး အမှားပေါင်း သောင်းခြောက်ထောင်ပါပဲလား ။ စာလေးနည်းနည်းပဲ ရေးမိပါသေး ။ မှားလှပါလား စေတနာရယ် …..

ကောင်းဖို့ဖြစ်လာတာပါ မရေးမီလေးမှာပဲ အကို ကိုလွင်မင်းခန့်က ဆုံးမခဲ့ပါသေးတယ်။ စာပေဒေါသ သင့်စရာ လေးတွေ မရေးမိဖို့ ။ရှောင်ဖို့ ရှားဖို့ ။

ဟုတ်ကဲ့….။ကိုယ်ကိုယ်တိုင်လည်း သူများစာတွေ ဖတ်တုန်းက ဒီလိုတွေးခဲ့ဖူးပါတယ် ။ တကယ်သိဖို့ ခက်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့လေ ။

စေတနာ ပြောချင်တာလေးတွေ ရင်ထဲမှာ အများကြီးပါ ။ ပြောပြဖို့ ကြိုးစားနေတာပါ ။ အများ အတွက်ကောင်းရာ ကောင်းကျိုးလေးများ ဖြစ်မလားလို့ ကြိုးစားနေတာပါ ။

အဲလိုပြောတာ နားဝင်နိုင်ဖို့ အတွေးအခေါ်တွေ ဆန်းစစ်ရပါတယ် ။ ကိုယ့်အတွေးမှားရင် စာတစ်လုံး ဘုရားတစ်ဆူလို့ ဆုံးမထားခဲ့တာကိုး ။ နောက် စာဖတ်သူရဲ့ စိတ်အစဉ် ။

တစ်ချို့သော စာဖတ်သူတွေဟာ စိတ်ဘဝင် ပျော်ရွှင်စရာလေးတွေ မပါရင် အိပ်ငိုက်တတ်တဲ့ သဘောရှိပါတယ် ။ သူတို့တွေကိုလည်း စိတ်ဝင်တစား ဖတ်စေချင်ခဲ့တာပါ ။ ဒီတော့ ဆွဲဆောင်ဖို့လည်း ကြိုးစားမိတာပါ ။

အဲဒီစိတ်များခဲ့လို့ စာပေသဘောကို လွန်ဆန်၍ မှားခဲ့မိပါပြီ ။

“ထစ်ခနဲဆို ဆိတ်အဝှာ” ဆိုတဲ့ အပြောဟာ စာဖတ်သူကို ပျော်စေချင်လို့ပါ ။ စာဖတ်သူရဲ့ စိတ်ပျော်ရွှင်စေချင်တဲ့ စိတ်ဝင်တစားဖတ်စေချင်တာ မှန်ပေမယ့် မယဉ်ပါးသင့်တာကို ယဉ်ပါး အောင် လုပ်မိခဲ့ပါပြီ ။ စာပေဒေါသ သင့်ကို သင့်တာပါ ။

စေတနာ ဆိုတာ ညဏ်ပါမှလို့ ကိုယ်ပြောပြီး ကိုယ်မေ့မိပါပကော ။ စေတနာပါ ဆိုပြီး ဆင်ခြေ ပေးပြီး အမှားကို အမှန် မလုပ်စကောင်းတာမို့ နေစိုးနိုင်ကို ဒီစာကြောင်း ပြင်ခိုင်းလိုက်တော့ မှာပါ ။

တကယ်တော့ အမှားဆိုတာ အမှားသာ ဖြစ်ပါ၏ ။

နောက်တစ်ခုက နေစိုးနိုင်ရဲ့ အမေကဗျာလေး … ။ နားလည်မှု အလွဲလို့ ဆင်ခြေပေးရင်တော့ ရတာပေါ့  ။ သို့သော် ..

စေတနာ စာဖတ်ရင် မကြိုက်တာတစ်ခု ရှိတယ် ။ ဒွိဟဖြစ်စေသော အရေးအဖွဲ့ပါပဲ ။ ပညာရှိ သတိဖြစ်ခဲ လိုဟာမျိုးပေါ့ ။ ကောင်းတဲ့ဖက်ကို မတွေးမိဘဲ ဆင်ခြေပေးပြီး ဆက်မှားဖို့ အားပေးသလို ဖြစ်မှာကို စိုးမိတာပေါ့ ။

စေတနာက မနက်အလုပ်ရောက်တာနဲ့ ပေးဆပ်သူကို ဖွင့်ပြီးဖတ်လေ့ရှိပါတယ် ။ဘာများမှား ခဲ့လဲ ။ တစ်ခါတစ်လေ အချိန်ကန့်သတ်မှုရယ် ပြောချင်ဇောများတာရယ်ကြောင့် အမှားရှာ တာပါ ။ စာလုံးပေါင်းမှားတာတွေ့ရင် တော့ နေစိုးနိုင်ကို အကူအညီတောင်းရတော့တာပေါ့ ။

နေစိုးနိုင်ရဲ့ အမေကဗျာလေး တင်တဲ့နေ့က အင်တာနက်ကို ဖွင့်လိုက်တော့…

အမေ

ခင်ဗျားတို့အတွက်
သာမာန်မိန်းမသားဖြစ်ပေမယ့်
သူမဟာ ကျွန်တော့် ကမ္ဘာပါ

လေးစားစွာဖြင့်

နေစိုးနိုင်

အဲလိုလေးပဲ ပေါ်လာတယ် ။ စေတနာလည်း ဒါကဗျာတိုလေးပဲ လို့ ထင်လိုက်တာပေါ့  ။ သုံး ကြောင်းတည်းပေမယ့် အားမာန်တွေက ပါနေတာကိုး ။ အမေကို သူ့ကမ္ဘာဖြစ်ကြောင်းဟစ် ကြွေးထားတာပါ ။ ဒါပေမယ့်…

ဒီသုံးကြောင်းတည်းဆိုပါလျှင် ဒီစာသားတွေဟာ မိမိရည်းစားအတွက် အမေကိုခံပြောတဲ့ နေရာမှာလည်း သုံးလို့ရနေတယ်လေ ။ အမှန်က အဲလောက်လည်း တွေးသုံးကြမှာ မဟုတ်ပါ ဘူး ။ စေတနာ အတွေးလွန်သွားတာပါ ။

စာပေ၀ါသနာ ပါသူချင်းမို့ မမှားစေချင်လွန်း အားကြီးသွား တာပါ ။ ဒါတောင် အတွေးဆက်မှားတာ ပြောဦးမယ် ။

နေ့လည်ထမင်းစားခါနီး တစ်ခေါက်ဖွင့်လိုက်တော့ ကဗျာအစ အဆုံးဖတ်လိုက်ရတယ် ။ အင် တာနက်အမှားလို့ မသိသေးပါဘူး ။ ကိုယ်ပြောလိုက်လို့ အရှည်ပြောင်းလိုက်တယ်လို့ ထင်ခဲ့ တာ ။ အင်း…ထပ်မှားတာပေါ့ ။

နောက်မှ အေးအေးဆေးဆေး အိပ်ပြီးစဉ်းစားလိုက်တော့မှ ဒါ အင်တာနက်မှာ ဒါမျိုးဖြစ်တတ် ပါလားလို့ ။

ကိစ္စတစ်ခုကို အချိန်ယူ စဉ်းစားနိုင်စွမ်း ၊ မိမိအတွေးအခေါ်အပေါ် ပညာနဲ့သတိနဲ့ ထိန်း ကြောင်းနိုင်စွမ်း နည်းသေးတာပါ ။

တကယ်တော့ အမှားဆိုတာ အမှားသာ ဖြစ်ပါ၏ ။

နောက်တစ်ခုကတော့ မှားမိတော့မလို့ ပါ ။ မမှားမိလိုက်ပါဘူး ။ စာရေးဖော် အစ်ကို တစ်ယောက် ရဲ့ကျေးဇူး ကြောင့်ပါ ။

ဘာသာရေးပြဿနာတစ်ခုကို သီလ ၊ သမာဓိ ၊ ပညာ မပြည့်စုံသေးပါလျှက် ဝင်ရောက်ဖြေ ရှင်းမိတော့မလို ဖြစ်သွားတာပါ ။

နောက် ရေးသားဖြေရှင်းပုံကလည်း အန္တရာယ် အပြည့်နဲ့ပါ ။

“ကာမေသုမိစ္ဆာစာရကံ ထိုက် ၊ မထိုက် နဲ့ လူပီသသောလူစိတ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ ။

ကာမအမှုပြုသူတိုင်း ကာမေသုကံ ထိုက်တယ် လို့ ဆိုလိုမိသွားတာပါ ။

ဒါဆိုမှတော့ မထူးပါဘူးဆိုတဲ့ ဘက်ကို ဦးတည် သွားစေကြောင်း မတွေးမိခဲ့ပါချေ ။

နောက်လက်ခံချင်လို့ မေးလာမှ ပညာ၊အသိ အပြည့် အ၀ မရှိပါဘူးလို့ကော ပြောလို့ရပါမည်လား။

ကိုယ်သိအောင် ကြိုးစားရပါဦးမည် ။

ကိုယ်သိလျှင်တောင်မှ…

သံဃာတော် အရှင်မြတ်တို့ကဲ့သို့ စေတနာ၏စိတ်မှာ တရားတော်များအပေါ်တွင် ခိုင်မာတည် ကြည်သောစိတ် မရှိသေးသောကြောင့် တစ်နေ့ စေတနာ အမှားကျူးလွန်မိလျှင် ဒီကောင် ပြောတဲ့တရား ဆိုပြီး ပုဂ္ဂိုလ်ကြောင့် ဓမ္မအပေါ် မှေးမှိန်စေသည့် ဓမ္မ န္တရာယ် ကျရောက်မည် ဖြစ်ပါသည် ။

သို့ကြောင့်သာလျှင် သံဃာတော် အရှင်သူမြတ်များမှ ဘယ်နှစ်ဝါ ဘယ်နှစ်ဝါ ရှိမှ ဘယ်အဆင့် စာပေအသိရှိမှ တရားတော်များကို ဟောကြားရန် ပညတ်တော်မူကြခြင်းပင် ဖြစ်ပါသည် ။

မည်မျှ အသိရှိရှိ ဒီနေ့ဘုန်းကြီးဝတ် ဒီနေ့ တရားဟောလျှင်တောင် ဓမ္မဆိုသည် လွယ်လွန်းလှ ၊ ကာမဘဝနဲ့တောင် သိရှိနိုင်ပါသည် ဟူသော ဓမ္မ န္တရာယ်ဖြစ်စေသောကြောင့် ပညတ်တော် မူကြခြင်းဖြစ်ပါသည် ။

ထို့ကြောင့် ကိလေသာစိတ်နှင့် တရားဟောသကဲ့သို့ စာများ ခုချိန်မှာ မရေးသင့်သေး ကြောင်းဆင်ခြင်မိပါသည် ။

သံဃာတော်များ၏ အဆုံးအမ မကင်းသော အတွေးများကိုသာ ပုဂ္ဂလဓိဌာန်ကျကျ ရေးသား သင့်ကြောင်း တွေးဆမိပါသည် ။

တကယ်တော့ အမှားဆိုတာ အမှားသာလျှင် ဖြစ်ပါသည် ။ အမှားကိုသိရှိမှသာလျှင် စေတနာ အမှန်ပြင်ဖို့ အခွင့်အရေးရမည် ဖြစ်ပါသည် ။ ဆင်ခြေပေးလို့ ကတော့ အမြတ်ရလိမ့်မည် မဟုတ်ချေ ။

စေတနာ အမြတ်တော့ ရအောင်ထုတ်ပါသည် ။ နောက် စာရေးလျှင်တော့ အချိန်နည်းနည်းယူ ပြီး စိစစ်ဖို့၊မိတ်ဆွေကောင်းများ၏ အကြံညဏ် ရယူဖို့ ၊ အမှားများကို သေသေချာချာ လေ့ လာပြီး တတ်နိုင်သမျှ အမှန်ကန်ဆုံးနည်းလမ်းဖက်သို့ လျှောက်လှမ်းရမယ် ဆိုတာပါပဲ ။ အစ်ကို တစ်ယောက် ရဲ့ ကဗျာ ထဲ က ဆင်မိုက် တစ်ကောင် တော့ အဖြစ်မခံလိုပါ

စေတနာ၏ အမှားကို ဝေဖန်ထောက်ပြခြင်းဖြင့် ကူညီပေးကြပါရန် ။

(မှတ်ချက် ။ ။ အပြစ်များသော ကာမေသုကံထိုက် မထိုက် နှင့် လူပီသသော လူစိတ်ပို့စ်ကို မတင်ဖြစ်ပါ ။ အချိန်ရရင်တော့ လူပီသသော လူစိတ် ဆိုပြီး လောကဆန်သော အတွေးကို သာ ရေးသားပါမည် ။ )

စေတနာ

saytanarpar@gmail.com

07.05.2009(11း53)

1 comment:

Anonymous said...

အမှားကို အမှားမှန်း သိတာရယ်
ဒါကို ပြင်ဆင်မယ်ဆိုတဲ့
စိတ်ဓာတ်ကို လေးစားပါတယ်
ကိုစေတနာ


မေမော်စိုး