စေတနာဆိုသည်မှာ
ငါ၏ ဦးနှောက်
ဖြုတ်လောက်ပမာ ဗလာအချင်း
ရှင်းရှင်းသိစေ ။
ငါ၏ ဝိညာဉ်
အတိပင်လယ် အပါယ်လက်မှတ်
တဖျတ်ဖျတ်နှင့် ။
ငါ၏ ဘဝင်
တွင်တွင်ခါခါ အထာမနှပ်
တဏှာမီးလေးများက တလက်လက် ။
ငါ၏ အဆုတ်
အလုပ်လုပ်လည်း အသည်းကျောက်ကပ်
ကွမ်းဂျိုး ဆေးဂျိုး အထပ်ထပ် ။
ငါ၏ အသား
ဖြူပင်ဖြူငြား အထားမတတ်
ညှင်းကလေးများက အစက်စက် ။
ငါ၏ ခြေချောင်း
နှစ်ခုပေါင်းလည်း တစ်ချောင်းရယ်သာ
အကောင်းရှိ ။
ငါ၏ လက်များ
သန်မာငြားလည်း ကျင့်မထား၍
ကြွက်သားမရှိ ။
ငါ၏မျက်လုံး
တိမ်မဖုံးလည်း တစ်လုံးမပြောင်
ကြောင်တောင်တောင်နှင့် ။
ငါ၏ ဆံပင်
သွယ်ပင်သွယ်လည်း အလယ်တစ်ဝှိုက်
ဘောက်တစ်သိုက်နှင့် ။
ငါ၏ နှလုံး
ပူပင်ကျုံးတတ် အိပ်လျှက်လည်းမော
သွေးကြောကျဉ်း၏ ။
ငါ၏ ပါးစပ်
အမျက်ထွက်သား စိတ်ထားမပြ
ချိုမြမြနှင့် ။
ငါ၏ သွားဆိုး
စားပိုးတစ်ဝက် ကွမ်းဆေးထပ်နှင့်
ကျဲတဲ့နေရာ ကျဲ ထပ်တဲ့နေရာထပ် ။
ငါ၏ မျက်နှာ
ဟန်ပါပါနှင့် မုသားမာယာ
ပြုံးချိုစွာဖြင့် ။
ငါ၏ မာတာ
သံသရာ၌ ငါလိုသားမျိုး
ဆိုး၍သာဆိုး အချစ်တိုး ။
ငါ၏ အဖ
ကြံမရ၍ ဖန်ဖန်လည်းဆူ
ခေါင်းလည်းဖြူပြီ ။
ငါ၏ ညီမ
ငါကမကူ အပူတွေပေး
ရှောင်နေကြ ဝေးဝေး ။
ငါ၏ အကို
ဒါဆိုမရ ဟန်မကျ၍
ရန်ထဖြစ်ရ အတန်တန် ။
ငါနှင့် ငါ့ကိုယ်
အလိုမကျ ဓမ္မနှင့်ဝေး
ဆေးလိပ်သောက်သည့် သောက်ပျင်းလေး ။
ငါ၏ တစ်ကိုယ်လုံး
အဖိုးတန်တွေ ဘယ်လိုသုံးလည်း
ချို့တဲ့ဒဏ်တွေကို ဖုံးလို့မရ ။
ငါ၏ စိတ်ထား
တရားဘယ်လောက်များများနာလည်း
အပါယ်စာတွေချည်းပဲစား ။
ငါ၏ ကဗျာ
လာကာဝင်ထွက် စာဖတ်သူဆွေ
ယူစေသံဝေဂ အမျှ ,အမျှ,အမျှ ……….
(ကိုလင်းဦး(စိတ်ပညာ)၏ ကျေးဇူးဖြင့် ဆရာကြီး ဒေါင်းနွယ်ဆွေ၏ ဟန်တစ်ခု ကို မတန်ပေမယ့် တုမိသူ)
စေတနာ
saytanarpar@gmail.com
24.04.2009(203း7)
this photo is copy from http://www.gilchriststudios.com/images/d2s/03/PoorGuy.gif .
1 comment:
ဘယ်လိုမန့် ရမှန်းတောင်မသိတော့ဘူး။
ကိုယ့်ကိုကိုယ်အမွှန်းတင်သွားလိုက်တာများ
ကွက်ကွက်ကွင်းကွင်း။ငါ့အစ်ကိုတစ်ယောက်နှယ်။
ချီးကျူးမိပါတယ်။ အားလဲကျမိပါတယ်။
ဘယ်လိုမျိုးပဲဖြစ်ဖြစ် ဓာတ်ပုံထဲကမင်းသားအတိုင်း
ဆိုရင်တော့ အမြင်ရှုပ်တင်ထင်ရပေမဲ့ စေတနာ
မျက်ဝန်းတွေနဲ့ အမှန်တရားကိုတန်ဖိုးထားပြီး
ခေါင်းမာတက်တဲ့ အစ်ကိုမျိုးပဲ။
:)....အေးချမ်းပါစေ။။။။
Post a Comment