စေတနာပါဆိုတဲ့ google account လေးဖွင့်ပြီး အတော်လေးကြာသည်အထိ gtalk chatting ကို မသုံးဖြစ်ခဲ့ပါ ။ မိသားစုနဲ့ဆက်သွယ်ဖို့ အခြား address တစ်ခုကလည်း မဖြစ်မနေ online လုပ်ထားပေးရမှာလေ ။ အဲ…မကြာခင် ရက်ကလေးကမှ နေစိုးနိုင့်ကျေးဇူးနဲ့ account နှစ်ခုကို တစ်ပြိုင်တည်း online လုပ်နိုင်ခဲ့ရတယ် ။ chatting ကျေးဇူးနဲ့ ချစ်လှစွာသော အမတစ်ယောက် ရခဲ့ဖူးတာမို့ အလုပ်အခြေအနေပေါ် မူတည်ပြီး ကိုယ်ကပေးနိုင်သလောက် ဝေမျှပြီး တစ်ခြားသူဆီက ရသလောက် ပညာယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီ account လေးကို သုံးဖြစ်ခဲ့ပါတယ် ။
စစချင်း ဆောက်နဲ့ထွင်းခံခဲ့ရတယ်ဗျာ ။ ဒီ accountရဲ့ ပထမဆုံး chatting မိတ်ဆွေတစ်ယောက်ရဲ့ ပထမဆုံး မိတ်ဆက်စကားက
“ နန်းဆန်လှချည်ရဲ့
ယဉ်ကျေးလှချည်ရဲ့ ”ဆိုတဲ့ မြန်မာ မိန်းကလေးတစ်ယောက် တနည်းအားဖြင့် ကျွန်တော့်ညီမ (သို့)အမတစ်ယောက်ရဲ့ နှုတ်ဆက်စကားက “နင် ဒူဘိုင်းကပဲလား”တဲ့ဗျာ ။ဘာမှ မဟုတ်လောက်ဘူးလို့ မြင်ရင်ရပေမယ့် နိမ့်ပါးလာနေတဲ့ ယဉ်ကျေးမှုကို ဖော်ကျူးနေလိုက်တာဗျာ ။ တစ်ခါတစ်ရံ အသိရှိတတ်တဲ့ “သတိ”ဆိုတဲ့ တရားသာ မရှိရင်….
ဒုတိယ chatting မိတ်ဆွေကတော့ ညီငယ်တစ်ယောက်လို့ ထင်ပါတယ် ။ သူ့ကြောင့်ပဲ ဒီစာရေးဖြစ်သွားတာပါ ။ မလေးမှာ အလုပ်လုပ်နေပြီး ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ စီစဉ်နေပါတယ်တဲ့ ။ အဲဒါကြောင့် ဒူဘိုင်းအကြောင်း သိချင်လို့ပါဆိုပြီး ဆွေးနွေးလာတာပါ ။ကျွန်တော်ဆိုတဲ့ကောင်ကလည်း ဒူဘိုင်းရောက်တာကြာပြီ ။ ယူအေအီးမှာ ရှိတဲ့ မြို့(ဒီကအခေါ်ကတော့ emirates ပေါ့ဗျာ) နာမည်တွေကိုတောင် အလွတ်ရွတ်ပြနိုင်တာ မဟုတ်ဘူး ။ အလုပ်နဲ့ အိမ် ၊ အိမ်နဲ့ အလုပ် လွန်းပြန်ထိုးနေတဲ့ကောင်ပါဗျာ ။ အလုပ်ကလည်း ရိုးရိုးသာမန် ပါပဲ ။ ဒါပေမယ့် ပြောစရာလေးတွေကို သူကလာဆွပေးလေတော့…
သူမေးသမျှ တတ်သမျှ မှတ်သမျှ ဆရာလုပ်နေရင်း (အဟဲ…အကျင့်ပေါ့ဗျာ ) သူမေးခဲ့တဲ့မေးခွန်းတစ်ခုကလည်း ကျွန်တော့် နှလုံးသား အလယ်ဗဟို တည့်တည့်ထိခဲ့သေးတယ် ။ သူမေးတာက ယူအေအီးငွေ တစ်ကျပ် (1diharm) ကို ဘယ်လောက်လဲ တဲ့ ။ နေစိုးနိုင်ကြောင့် သူကျွန်တော့်ကို သိခဲ့တာ ။ နေစိုးနိုင်ရဲ့ ယူအေအီးသမိုင်း နှင့် ဒူဘိုင်းအကြောင်း (၁) ဆိုတဲ့အထဲမှာအဖြေ ပါပြီးသားဗျာ ။ “အနာဂတ်ရဲ့ ခေါင်းဆောင်များ ”ဆိုတဲ့ ကျွန်တော်တို့လူငယ်တွေရဲ့ လေ့လာတွက်ချက်တတ်မှုကို လာကြွားသွားတာလား မသိ ။
ကျွန်တော်ကလည်း အပူမီးကြွပြီး လူကြီးမကျ လူငယ်မကျ ။ဂွကျကျ အရွယ်နဲ့ မလှမပ အခြေအနေ ။ ဒါပေမယ့် တစ်ချိန်တုန်း မကြာသေးမှီ အခါများဆီကလည်း သူ့လိုမျိုးပဲ ခံစားခဲ့ဖူးလေတော့…
ညီငယ်ရေ…
ယူအေအီးငွေတစ်ကျပ်ကို ဒေါ်လာနဲ့တွက်ရင် ဒေါ်လာတစ်ကျပ်=ယူအေအီးငွေ ၃.၆၇ ကျပ် ။ ငွေလဲနှုန်းကတော့ ၃.၈ ကျပ် ။ ဗမာလိုတွက်ရင် ဗမာငွေတစ်သိန်းကို (ခုနော်..အတက်အကျရှိတယ် ) ယူအေအီးငွေ ၃၆၀ကျပ် (360 diharm ) ဝန်းကျင် ရှိတယ် ။ လစာကတော့ အခြေနေ ၊ အရည်အချင်းပေါ်မူတည်ပြီး ယူအေအီးငွေ ၅၀၀ ကျပ်ကနေပြီး ၁၀၀၀၀ ကျပ်ဝန်းကျင်အထိ ရတတ်ကြတယ် ။
နေကတော့ ပူသလားတော့ မမေးနဲ့ ။ ငရဲပြည်ရောက်ဖူးရင် ငရဲမီးလောက်ပူတယ်ဆိုပဲ ။ကိုယ်က အဲယားကွန်းအခန်းထဲမှာပဲလုပ်ရတော
ပထမတော့ ဒီလောက်လေးပဲတွေးမိလို့ နေစိုးနိုင်ကို ထည့်ရေးပေးဖို့ အကြံပေးဦးမလို့ပါပဲ ။ ဒါပေမယ့် ဆရာလုပ်စရာရှိသေးလို့ စာထုတ်ရေးလိုက်တာပါ ။ စေတနာရဲ့ စေတနာကို မြင်အောင်ကြည့်ပေး ပါလို့ ။ ကျွန်တော်ကိုယ်တိုင် အရာရာလိုနေသေးတာမို့ ကိုယ့်ကိုယ်ကို ပြောနေတာကို နားထောင်နေရတယ်လို့ပဲ….
အလုပ်လျှောက်လို့ အင်တာဗျူး(ဝါ) ကိုယ့်ရဲ့ အရည်အချင်းကို ဆန်းစစ်ပြီဟေ့ ဆိုတာနဲ့ ပထမအရေးအကြီးဆုံးက ဒူဘိုင်းမှာ (တစ်ခြား နိုင်ငံတွေတော့ မရောက်ဖူးလို့ မပြောတတ် ) အဓိက communation ဖြစ်တဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု (speaking + listening skill ) ကို မဖြစ်မနေပြကို ပြမှ ရမှာပါ ။ ဘာအလုပ်ပဲ လုပ်လုပ် ဒါအရေးကြီးပါတယ် ။ ကျွန်တော်ဆိုရင် ကျွန်တော့်သူဌေးက what is your position ? လို့ ရိုးရိုးလေးမေးတာကို ကွန်ပြူတာကျွမ်းကျင်တဲ့ အဆင့်ကို မေးတာလား ၊ အလုပ်လုပ်ရမဲ့ position မေးတာလား ဆိုတဲ့ယောင်ဝါးဝါး လားပေါင်းများစွာ နဲ့ ဖြစ်ခဲ့ရတယ် ။ အမှန်က ရိုးရိုးလေး ပညာအရည်အချင်း မေးတာကို မဖြေနိုင်တော့ သူဌေးက ယဉ်ယဉ်လေးပဲ ပြောပါတယ် ။ “you can go “ တဲ့ ။ အကြောင်းကြောင်းကြောင့် အလုပ်ရခဲ့ပေမယ့် အခုဆိုရင် ကိုယ့်အလုပ်နဲ့ ပက်သက်လို့ကတော့ ကိုယ်နဲ့ တန်းတူ ကြိုက်တဲ့လူနဲ့ယှဉ် ရင် သာတယ်လို့ မပြောချင်ရင်တောင် တန်းတူယှဉ်လို့ ရပေမယ့် ရသင့်သလောက် လစာ မရခဲ့ရတဲ့ အဖြစ်ကို သင်ခန်းစာ ယူတတ်ရင် …. ။ တစ်ချို့ကလည်း အိန္ဒိယက စကားပြောတာ ဘယ်လို ၊ ဖိလစ်ပင်းက ဘယ်သို့ ဆိုပြီး သူများ မျက်ချေးပဲ လိုက်ကြည့်တတ်တဲ့ သူများ အတွက်ကတော့ ကိုယ်ကိုယ်တိုင်က အင်္ဂလိပ်သဒ္ဒါကို ပိုင်ပိုင်နိုင်နိုင် ရှိထားတယ် ။ အသုံးအနှုန်းကိုလည်း ကြွယ်ကြွယ်ဝဝ လေ့လာထားတယ် ဆိုရင်တော့ လေယူလေသိမ်းဆိုတဲ့ ကိစ္စဟာ (never mind ) အခက်အခဲ မဟုတ်တော့ပါဘူး လို့……
နောက်တစ်ချက်က လစာပါပဲ ။ ပထမဆုံးလစာတောင်းတဲ့အခါ ပညာအရမ်းပါမှ ဖြစ်မှာ ။ လစာတောင်းတာ နည်းရင် နှစ်နှစ် (သို့)သုံးနှစ်လောက်နစ်နာမှာ ဖြစ်ပါတယ် ။ အဲ ကိုယ်လျှောက်မဲ့ ကုမ္ပဏီကမပေးနိုင်တဲ့ ပမာဏကိုတောင်းမိပြန်ရင်လည်း ဆုံးရှုံးရပြန်ဦးမယ် ။ အဲ့ဒါအပြင် အခြားအခွင့်အရေးများ ဥပမာ လေယာဉ်လက်မှတ် (စာချုပ်နဲ့လာလုပ်တဲ့သူတိုင်း vecation ပြန်ရင် လေယာဉ်လက်မှတ်ရနိုင်ပေမယ့် မရတဲ့သူတစ်ချို့လည်း ရှိနေသေးတယ် ။ဒူဘိုင်း အစိုးရက အလုပ်သမားတွေဘက်က တင်းတင်းကျပ်ကျပ် စည်းကမ်းချထားပေမယ့် ရှားရှားပါးပါး မှောင်ခိုဆန်ဆန် ကျင့်ကြံတတ်တဲ့ ကုမ္ပဏီနဲ့တိုးရင် အဖြစ်ဆိုးတတ်တယ် ) ၊ နောက် ပုံမှန်လစာတိုးပေးခြင်း ( ဒူဘိုင်းအစိုးရကောင်းမှုကြောင့် ခြောက်လ တစ်နှစ် အထိုက်အလျှောက်လစာ တိုးလေ့ရှိပေမယ့် လုံးဝမတိုးတဲ့ အလုပ်မျိုးလည်း ကြုံနိုင်တယ် ။)….
နောက်ဆုံးပြောချင်တာကတော့ …
ဘယ်လိုပုံစံ ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ အလုပ်ရသည် ဖြစ်ပါစေ ။ အဲဒီအလုပ်ဟာ မိမိဆုံးဖြတ်ချက်ကြောင့် ရတဲ့ အလုပ်ပါပဲ ။ မိမိကိုယ်တိုင် စိတ်ပြင်းပြင်းထန်ထန်နဲ့ မလုပ်ချင်ဘူး ဆိုရင်တော့ သံရုံးဖြစ်ဖြစ် အခြားအားကိုးရာ တစ်ခုခုဖြစ်ဖြစ်ရအောင်ရှာပြီး မြန်မာပြည်ကို အမြန်ဆုံး ပြန်သွားလိုက်ပါ ။ “မဟုတ်ရင် မခံဘူး ”ဆိုတဲ့ စကားကို တလွဲသုံးပြီး စိတ်ဆတ်တယ် ဆိုတဲ့ ဆင်ခြေတွေနဲ့ အမှားတွေ ၊ စာချုပ်ချုပ်ပြီးတာနဲ့ အိမ်ခြံထဲကကြက်လိုပဲ အပိုင်တွက်ပြီး အလုပ်မှာ ပျင်းရိတာတွေ ၊ အလုပ်ကို တလွဲလုပ်တာတွေ လာမလုပ်ကြပါနဲ့ ။ သူတို့လည်း ငွေဆုံးရှုံးရတယ် ။
ဒါပေမယ့် သူတို့က ငွေပဲ ဆုံးရှုံးတာနော့ ။မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ဘဝပျက်မဲ့လူတွေကို စာနာပါ ။(မြန်မာပြည်သားအားလုံးဟု မဆိုလို ) ။ မြန်မာတို့ရဲ့ ကျေးဇူးတရားသိတတ်မှု ၊ အမျိုးကို ဉာဏ်ရှိစွာ စောင့်ရှောက်တတ်မှု ၊အမျိုးဂုဏ်ကို မြှင့်တင်တတ်မှုရှိသူအားလုံးကို ကျွန်တော်စေတနာက ဝမ်းပမ်းတသာ ကြိုဆိုနေပါကြောင်းဗျာ…။
အားလုံးကျေနပ်နိုင်ကြပါစေ ။
စေတနာ
satanarpar@gmail.com
2 comments:
တကယ်မွန်မြတ်တဲ့ စေတနာတွေကို..အလွယ်တကူ..မြင်နေရပါတယ်...စေတနာ....
လွင်မင်းခန့် 
ကြိုက်တယ်ဗျို့။ မနောအလှကို စာမှမြင်ရလို့ပါ။ နောက်လည်း ညီမငယ်ကိုသာမက ပေးဆပ်သူပရိသတ်အတွက် ဝေမျှပါဦး
သင့်
အောင်စည်ဟိန်း
Post a Comment