အားလုံးသိကြတဲ့အတိုင်း 2005 ခုနှစ်မှာ ရန်ကုန်ဟာ မင်းနေပြည်တော်အဖြစ်ကနေ စုတေပြီးတော့ မြန်မာပြည်ရဲ့ အလယ် တောထဲတောင်ထဲ မှာ မင်းနေပြည်တော်ကြီး ပေါ်လာတယ်ဆိုတာ့ မင်းမှုထမ်းတွေ အားလုံး အဲဒီမင်းနေပြည်တော်ကြီးဆီကို ရန်ကုန်ဇနပုဒ်ကနေ ယွန်းကြရတာပေါ့ဗျာ။ အဲဒီအထဲမှာ ကျွန်တော် အဒေါ်အပျိုကြီး ဒေါ်ခင်ချောချောလဲ ပါပေသပေါ့။ အဟဲ ... ကျွန်တော်အဒေါ် အပျိုကြီးက သနားစရာကောင်းတာက ဒီအသက်ဒီအရွယ်အထိ ဘယ်ဆိုဘယ်မှ မသွားဖူးတာ မရောက်တာဖူးတာပဲဗျ။ ရန်ကုန်ဇနပုဒ် နဲ့အနီးဆုံးဆိုတဲ့ ပဲခူး-ကျောက်တန်းလောက်ဝေးလို့ ရန်ကုန်ဇနပုဒ်အတွင်းတောင် ခင်မျာမှာ ညအိပ်ညနေ သွားဖူးရှာတာမဟုတ်ဘူး။ ဒီတော့ မင်းနေပြည်တော်ကြီး သွားရတော့မယ်ဆိုတော့ ငိုရတော့ မလိုလို ရယ်ပဲရယ်ရတော့မလိုပေါ့ဗျာ။ ဒါပေသိ မင်းမှုထမ်းဆိုတာလဲ မင်းကစေလာရင် ခိုင်းရာနေ စေရာသွားမဟုတ်လား။ ဒါနဲ့ ကျွန်တော်အဒေါ်လဲ မင်းနေပြည်တော်ကြီးသွားရပြီပေါ့ဗျာ။ အဲ ရန်ကုန်-နေပြည်တော် ခရီးသည်တင်ယာဉ်နဲ့ သွားရရှာတာဗျ။ အင်း အဖြစ်ကလည်း မနှစ်ကနဲ့ မတူဆိုသလို မော်တော်ယာဉ်ခင်မျာမလဲ ခုမှ နေပြည်တော်ဆိုတာကြီးကို သွားရတာဆိုတော့ စမ်းတ၀ါးဝါးခင်ဗျာ။ ခရီးသည်တွေကလဲ ယောင်နန ဒီလိုနဲ့ တစ်နေရာရောက်တော့ စပယ်ယာကလေးက ခရီးသည်အားလုံးကို မေးရှာသတဲ့ “ကျန်းမာရေး ကျန်းမာရေး ဆင်းကြပါ”တဲ့ အားလုံး သဘောပေါက်ပြီး ဆင်သွားကြပေမယ့် ကျွန်တော်အဒေါ်အပျိုကြီးမမက မဆင်းပဲ တစ်ယောက်တည်းထိုင်နေသတဲ့။ ဒါနဲ့ စပယ်ယာကလေးက မကြားလို့မဆင်းဘူးထင်ပြီး “အန်တီ ကျန်းမာရေးနော် ကျန်းမာရေး မဆင်းဘူးလား“ဆိုတော့ ကျွန်တော်အဒေါ်က ဘယ်လိုဖြေလိုက်သလဲဆိုတော့ “ဟဲ့ ဘာလို့ဆင်းရမှာလဲ ငါက ပညာရေးကဟဲ့ ပညာရေးက”လို့ ဆိုသတဲ့။
အောင်စည်ဟိန်း
အောင်စည်ဟိန်း
No comments:
Post a Comment