Saturday, March 28, 2009

” မျက်နှာဖုံး"


ဝေါလ်ပေပါ ကြီးတွေ အချပ်ချပ်
ခန်းဆီးတွေ အထပ်ထပ်နဲ့ .......
အင်း.............
သပ်သပ်ရပ်ရပ် တော့ ဖြစ်သွား...

မတော်တစ်ဆ..
အပြင်ကလှမ်းမြင်ရမလား....
ရှားရှားပါးပါး ပြူတင်းမှန် ၂ ချပ်.....
ကဲ.............
အစိမ်းရောင် စတစ်ကာ တွေ ကပ်လိုက်တယ်....
ဘေးထွက်ဆိုးကျိုး....
လှမ်းမြင်ရတဲ့ ကောက်ရိုးများ...
မတရား......
မြက်ကလေးတွေအလား..စိမ်းနုလို့ ......

အလုပ်မဖြစ်လို့ တဲ့ ......
မေ့ ပစ်ခဲ့ တာတောင် နဲနဲကြာသွား.....
အဲဒီ ရိုးသားခြင်း ပေတံတစ်ချောင်းက..
မြောင်းထဲမှာ......

လွင်မင်းခန့် (26/03/09)

2 comments:

ခေါင်ခေါင် said...

ဘယ်လိုပဲ ဖုံးကွယ်ထား.. ဟန်ဆောင်ထား..
မျက်နှာဖုံးက မျက်နှာဖုံးပါပဲ..
သူ့ရဲမရိုးသားမှုက သူ့ကိုအမြဲခြောက်လှန့်နေမှာ..

Anonymous said...

:)...အတွေး...အတွေး......လေးနက်တဲ့အတွေးတွေနဲ့ 
လှလှလေးရေးထားပြန်ပြီ။။။။အားကျရပါတယ် ရှင်။
ရိုးသားခြင်းပေတံတချောင်းက မြောင်းထဲမှာ..တဲ့လား။
ဆင်းဆယ်ပေးချင်တယ်။။။:)