Wednesday, March 25, 2009

” သူ ”



သူ……….

သာမာန်လူတစ်ယောက်..

ခရုလေးတွေ ကောက် ကောက်ပြီး…

ပင်လယ်ထဲကို ပစ်ပေါက် နေတယ်…


သောင်ပြင်တစ်ခုလုံး….

ခရုတွေ ဖုံးလို့ ..

တစ်သက်လုံး ကောက်ပစ်လည်း မကုန်ဘူးဆိုတာ….

သူလည်း သိတာပေါ့ …

အရူးမှ မဟုတ်ပဲလေ……..


ဒါပေမယ့် …

ခရုတွေရဲ့ အရေး ထိုင်တွေး….

မှိုင်ငေးနေတာနဲ့  စာရင်တော့ …

တစ်ချို့ ခရုတွေ အသက်ဆက်ရှင်ဖို့ …

ကယ်တင်နိုင်သေးတယ်တဲ့ .......


အခုလည်း……

တစ်နေ့ နေ့ခရုတွေ အချင်းချင်း…

ရိုင်းပင်းလာအောင် လုပ်နိုင်ဖို့ ….

သူ အကြံထုတ်နေလေရဲ့ . . .

(မြန်မာပြည်က ပညာမသင်ကြားနိုင်ရှာကြတဲ့ ကလေးငယ်တွေအတွက်…ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်..မထင်မရှား ကြိုးစားနေရှာတဲ့  သူငယ်ချင်း တစ်ယောက်အတွက်ပါ…)

လွင်မင်းခန့် (24/03/09)

2 comments:

leomark said...

အင်း ...ခွန်အားတွေရ လိုက်တယ်...ကျလုလုစိတ်လည်း ပြန်ပြီး jump လာတယ်။ကျေးဇူး ဗျာ!

Anonymous said...

:)....ထိုသူသို့ ....
သာမာန်လူတစ်ယောက် တဲ့လား အစ်ကိုလွင်မင်းခန့် ရေ။
မဟုတ်ဘူးလို့ ။။။။အရမ်းကို လေးစားစရာကောင်းတဲ့
လူတစ်ယောက်လို့ ။။ :)...ကဗျာဆရာ သရုပ်ဖော်သွား
ပေးလိုက်ပုံကလည်း စာဖတ်သူကို ကမ်းခြေအရောက်၊
ခရုတွေကောက်၊ လို့ .....