Saturday, April 18, 2009

နှစ်ဦးဆုတောင်း

တစ်ဆောင်းကုန်လို့ တစ်နွေကူး

နှစ်ဦးကိုတဲ့ ရောက်ပြန်ပြီ…။

ရာသီမြိဿ ဤကာလကောင်း

အကြောင်းရယ်ပြု တောင်းဆုလိုသည်

မြင့်မိုရ်မက မိနှင့်ဖသည်

သက်ရှည်နာကင်း သောကရှင်း၍

ပြည့်တင်းဓမ္မ ရှိကြပါစေသော် …

မိတ်ဆွေပေါင်းသင်း သူငယ်ချင်းများ

အားရပျော်ရွှင် ရေသဘင်မှာ

ကြင်နာနွေးထွေး ကူဖေးပြန်လှန်

မေတ္တာဟန်သည် သဏ္ဌာန်ဖွေးဖွေးလှုပ်စေသော် …

ဒါနလျှံဖြိုး ဤခါမျိုးဝယ်

တန်ခိုးကြွယ်ဝ မြတ်သီလကို

ပြည့်ဝထက်သန် စိတ်အမှန်ဖြင့်

ဧကန်တည်ဆောက် စွမ်းအားမောက်နိုင်ကြပါစေသော် …

ဖက်ဆွတ်ရေတိုး သင်္ကြန်မိုးရေ

ပက်ဖြန်းလေမှ ဖူးပွင့်ရသည့်

ပိတောက်များသွင် လုလင်ငယ်သွေး

မြန်မာလေးတို့ ဖိုးတန်မှန်မြတ်

ရည်မှန်းချက်ကို ကိုယ်စီမနှေး

အလေးအမြတ် ပြုတတ်ကြပါစေသော်…

မွေးရပ်ဌာနေ မြန်မာပြည်လည်း

ဘယာဝေး၍ နွေးထွေးညီညာ

အေးချမ်းစွာဖြင့် သာယာဖွံ့ဖြိုး ပါစေသတည်း ။ ။


စေတနာ

No comments: