Wednesday, April 1, 2009

မှတ်ထားလိုက်ပါ ... ပြီးတော့

( ဒူဘိုင်းမှာ ရှိတဲ့ စိတ်သဘောထား ခံယူချက်ချင်း ဖလှယ်လို့ရတဲ့ အစ်ကို တစ်ယောက် ထပ်တွေ့တယ်။ သူ့နာမည် က စေတနာ တဲ့ သူရေးထားတဲ့ သူ့အမြင် ၊ သူ့အတွေး တွေကို ဖတ်ကြည့်ကြရအောင်။
စေတနာ ရဲ့ စေတနာပေါ့ဗျာ .. ) သူရေးထားတာ က ဒီလို...


နေစိုးနိုင်ရဲ့ လူစကားပြောသော တိ၇ိစ္ဆာန် post ပါ show ပွဲလေးအပေါ် စာရေးသူ( စေတနာ )ရဲ့ အမြင်ကို ပြန်လည် မျှဝေလိုခြင်းပါ။ ဦးဆုံးအနေနဲ.ပြောချင်တာကတော့ အမျိုး ၊ ဘာသာ ၊သာသနာကို စောက်ရှောက်လိုတဲ. နေစိုးနိုင်တို.လို ညီအကို မောင်နှမတွေကို ဝမ်းမြောက်စွာဖြင့် လေးစားဂုဏ်ယူလျှက်ပါ လို.။

ဒီ showပွဲလေးဟာ စာရေးသူ( စေတနာ ) ရင်ထဲကို အမြင်နှစ်မျိုးနဲ. ဝင်ရောက်ခဲ့ပါတယ်။ လုံးဝ (လုံးဝ) လက်သင့်မခံနိုင်သော စက်ဆုပ်ရွံရှုာဖွယ် ပြကွက်ကြောင့် ခံစားဖြစ်ပေါ်လာသော ဒေါသရယ်၊ နောက်အတုယူဖွယ် မြင်ကွင်းလေး တစ်ခုရယ်က ကြည်နူးဖွယ် သန္တရသရယ်တစ်ဖုံ ခံစားမိခဲ့ပါတယ်။

စက်ဆုပ်ရွံရှုာဖွယ် show ပွဲ

တကယ်တော့ ဒီ show ပွဲလေးဟာ ထူးဆန်းအံ့သြမှူကို အခြေခံပြီး အောင်မြင်ကျော်ကြားလိုမှု ဇော တစ်ခုတည်းကြောင့် ဖြစ်ပေါ်လာတာပါ၊၊ သူတို့နိုင်ငံမှာ လွတ်လပ်လို့ လုပ်ချင်တာလုပ်တာ လို့တော့ သင်ပုန်း မချေလိုက်ပါနဲ့၊၊ နေစိုးနိုင် ပြောသလို ဗုဒ္ဓ ရုပ်ပွါးတော်၊ရုပ်ပုံတော်၊စေတီတော် တွေအပေါ် ထားရှိတဲ့ ဗုဒ္ဓ ဘာသာတွေရဲ့ သဘောထားကို နားလည်ခဲ့ရင်၊ ဗုဒ္ဓ ဘာသာဝင်တွေကို လေးစားခဲ့ရင်၊ ငါတို့ ဒီလိုလုပ်လိုက်လို့ ဗုဒ္ဓ ဘာသာဝင်တွေ ဘယ်လောက်ခံစား ရလိမ့်မယ်ဆိုတာ စာနာ ထောက်ထားခဲ့ရင် ဒီ show ပွဲလေး ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။

အဲဒီတော့ တို့ဘာသာအပေါ် နားလည်မှုတွေ ၊လေးစားမှုတွေ၊ စာနာ ထောက်ထားမှုတွေ ဘေးဖယ်ထားတဲ့ show ပွဲလေး ဆိုတာတော့ မှတ်ထားကြစေချင်တယ် သူငယ်ချင်း။

အဲဒီလို သူတို့အပေါ် ဒေါသ ထွက်မိသလိုပဲ မိမိကိုယ်ကိုလည်း ဒေါသ ထွက်မိပြန်ပါတယ်။အခုဆိုရင် ဒူးဘိုင်းမှာ ရွှေအတော်များများ လာရောက် အလုပ် လုပ်ကိုင် နေကြပြီ ဖြစ်ပါတယ်။ စာရေးသူ(စေတနာ) အပါအဝင် ရွှေအတော်များများဟာ အင်္ဂလိပ်စာ အရမ်း အားနည်း ကြပါတယ်။ အဲဒီလို အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား အားနည်းတဲ့အတွက် လုပ်ငန်းကျွမ်းကျင်သလောက် ရသင့်ရထိုက်တဲ့ အခွင့်အရေး မရရှိကြတဲ့ အကြောင်းလည်းကြားဖူးကြမှာပါ။ အဲ ဒီလိုပါပဲ။ မိမိဘာသာအပေါ် မေးမြန်းစုံစမ်းလာရင်လည်း ရေရေလည်လည် ရှင်းပြနိုင်တဲ့သူ အတော်ရှုားပါလိမ့်မယ်။ အဲဒီတော့ ဘာသန္တရ (အထူးသဖြင့် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား)အားနည်းတဲ့ အတွက်ကြောင့် မိမိရသင့် ရထိုက်သော အခွင့်အရေး ဆှူံးရှုံးမှူအပြင် မိမိဘာသာ ၊မိမိ လူမျိုး၊ မိမိ သာသနာအား စောင့်ရှောက်နိုင်စွမ်းပါ အားနည်းတယ် ဆိုတာ ကိုလည်း မှတ်ထားကြ စေချင်တယ် သူငယ်ချင်း။

ရုပ်ပွါးတော်၊ရုပ်ပုံတော်၊စေတီတော် ကိုးကွယ်ခြင်းကို ဘာသာရေးဆန်ဆန် ပြောရရင် ဘုန်းတော်အနန္တ ၊ကံတော်အနန္တ ၊ဉာဏ်တော် အနန္တ ၊တန်ခိုးတော် အနန္တ နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ပြန်လည် အောက်မေ့ပြီး မိမိကိုယ်ကို စင်ကြယ်စေတတ်သောကြောင့် ရှိခိုးပူဇော်ကန်တော့သော ဓလေ့ပဲ ဖြစ်တယ်လို့ နားလည်မိပါတယ်။ နေစိုးနိုင်ရဲ့ မိဘ ဓာတ်ပုံနှင့် နှိုင်းယှဉ်ပြီးပြောရရင်တော့ မိဘတို့၏ ဓာတ်ပုံကို မြင်မိသောအခါ မိဘတို့၏ ကျေးဇူးကို ပြည်လည်အောက်မေ့စေတတ်သောကြောင့် မိဘတို့၏ ဓာတ်ပုံကို ဆောင်ယူ၍ ရှိခိုးပူဇော်သော ဓလေ့ရှိသူတို့နှင့် ပမာတူပါတယ်။

ဗုဒ္ဓ ရုပ်ပွါးတော်တွေကို တန်ဖိုးမထားကြတဲ့ အခြားအကြောင်းအ၇င်း တစ်ခုကိုလည်း ဒူဘိုင်း ရောက်မှ သိရှိရတာမို့ ပြန်လည် မျှဝေလိုပါသေးတယ်။ ညဖက်ဘုရားရှိခိုးတော့ အခန်းဖော် နိုင်ငံခြားသားတွေက မေးကြတယ်။ praying လုပ်တာလားတဲ့။မေးသာမေးပြီး သေသေချာချာ မသိချင် သူတွေကိုတော့ “suppose you can say just pyaying,but it’s not praying” လို့ပဲ ပြန်ပြော လိုက်တယ်။ နားထောင်ချင်တဲ့လူ ဆိုရင်တော့ ငါးပါးသီလအကြောင်း ၊လောဘ ၊ဒေါသ၊မောဟ အကြောင်း ၊ငါးပါးသီလ စောင့်ထိန်းဖို့ ၊ဒေါသ ၊လောဘ ၊မောဟ တို့ရဲ့ ဆိုးကျိုးကို သိမြင်ပြီး၊ မိမိစိတ်ကို စင်ကြယ်အောင် အားထုတ်တာ ( တနည်းအားဖြင့် စိတ်ကို ကျင့်ယူတာ )လို့ ရှင်းပြမိတယ်။ ပြီးတော့ တို့ဘာသာမှာ ဆုတောင်းနေရုံနဲ့လည်း မရဘူးလို့ ရှင်းပြမိတယ်။

ဟုတ်တယ်လေ။ ဆုတောင်းနေရုံနဲ့ ရမယ် ထင်သူတွေအတွက်တော့ ဒီသက်မဲ့ ရုပ်ပွါးတော်တွေက ဘာလုပ်ပေးနိုင်မှာတုန်း။ အဲဒီတော့ ဆုတောင်းခြင်းနဲ့ စိတ်စင်ကြယ်အောင် လုပ်တာနဲ့ မတူတာကိုလည်း ပြောပြကြဖို့ မှတ်ထားကြစေချင်တယ် သူငယ်ချင်း။။

အတုယူဖွယ်၊ ကြည်နူးဖွယ် မြင်ကွင်းလေး တစ်ခု

ဘုရားနောက်ကျောက အရံမင်းသမီး ထွက်လာပြီးတဲ့နောက် အဲဒီမင်းသမီးနဲ့ ဘုန်းကြီးသဏ္ဍန် အကမင်းသား တစ်ယောက် မတော်တရော် ပြကွက် ပြတဲ့ အခိုက်မှာ ပရိတ်သတ်ထဲက သမီး တစ်ယောက် ရဲ့အမေ လုပ်၇ပ်လေးပါ။ ဘုန်းကြီးဆိုတာ ဒီလိုမလုပ်ဘူး ဆိုတာ သူမ သိချင်မှ သိပါလိမ့်မယ်။ ဒါပေမယ့် ဒီပြကွက်ဟာ ယုတ်မာတဲ့ပြကွက၊် မိမိသမီးပျို မမြင်သင့်၊အတုမယူသင့် တဲ့ပြကွက်မို့လို့ သမီးမျက်လုံးကို အတင်း ပိတ်နေတဲ့ အဲဒီအမေရဲ့ လုပ်ရပ်လေးဟာ အမေတွေရဲ့ အရေးပါ အရာရောက်မှု ကို ကွက်ကွက်ကွင်းကွင်း မြင်သာလှပါတယ်။ စာရေးသူ( စေတနာ) ရဲ့ရင်ထဲမှာ တကယ့်ကို ကြည်ကြည်နူးနူးလေး ခံစားမိတယ် တကယ်ပါ။ အဲဒီမိခင်ကို လေးစားမိတယ်။အတုလည်း ယူမိတယ်။ ရွှေအမ ၊ညီမတွေ အနေနဲ့ အတုယူထိုက်တဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်လေး လို့လည်း မှတ်ထားကြစေချင်တယ် သူငယ်ချင်း။။

နောက်ဆုံးအနေနဲ့ ဆရာတော် အရှင်ဆေကိန္ဒ စကားငှါး သုံးရရင်တော့ သိသင့်၊သိထိုက် တာကို သိအောင် မကြိုးစားကြတဲ့ အတွက် “လုပ်သင့် လုပ်ထိုက်တာကို မလုပ်မိ၍ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိကြတဲ့ သူတွေ " ကို သနားလိုက်ပါ သူငယ်ချင်းရယ်။ ။

စေတနာ

29-03-2009(11း50)

1 comment:

Anonymous said...

အစ်ကို စေတနာရဲ့ အမြင်လေးကို လေးစားမိပါကြောင်း။
:)